ပွဲမပြီးခင်ပြန်သွားတာမျိုး ရော်နယ်ဒိုမှမဟုတ်ဘဲ ဘယ်သူလုပ်လုပ် လက်မခံဘူးလို့ တန်းဟတ်ကြိမ်းမောင်း

မန်ယူနည်းပြတန်းဟတ်ကတော့ ဗယ်လီကာနိုနဲ့ခြေစမ်းပွဲမှာ ပွဲမပြီးခင်ပြန်သွားတဲ့ ရော်နယ်ဒိုကို ပေါက်ကွဲနေပါတယ်။ သရဲနီတွေရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်နဲ့

လွဲချော်ခဲ့တဲ့ပေါ်တူဂီသားဟာ အိုးလ်ထရက်ဖို့ဒ်မှာနောက်ဆုံးခြေစမ်းခဲ့တဲ့ ဗယ်လီကာနိုနဲ့ပွဲမှာတော့ ပထမပိုင်း ၄၅ မိနစ် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ပွဲမပြီးခင် သူပြန်သွားပုံကို

ပရိသတ်တစ်ယောက်က တွစ်တာမှာတင်လိုက်တဲ့နောက် ဂယက်တွေထကုန်တာပါ။ သတင်းတွေအရတော့ ပွဲမပြီးခင်ပြန်သွားခဲ့တာ ရော်နယ်ဒိုတစ်ဦးတည်းမဟုတ်ဘဲ

ဒါလော့ဒ်၊ ဒီဂီယာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ တန်းဟတ်ကတော့ ဒီလိုအပြုအမူမျိုးကို ဘယ်သူပဲလုပ်လုပ် လက်ခံနိုင်စရာမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဒီအကြောင်းကို Viaplay Sport က မေးမြန်းရာမှာ နယ်သာလန်သားက “ ဒီလိုလုပ်တဲ့သူတွေ ရှိသေးတယ်။ လုံးဝလက်ခံနိုင်စရာအကြောင်း မရှိဘူး။ အဲဒါကို လက်မခံဘူးလို့လည်း

သူတို့ကိုပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အသင်းတစ်သင်း၊ အစုအဖွဲ့တစ်ခုဖြစ်တာကြောင့် အဆုံးထိနေဖို့လိုပါတယ် ” လို့ ဖြေသွားခဲ့တာပါ။ ဒါဟာ ရော်နယ်ဒို ပွဲမပြီးခင်ပြန်သွားတာနဲ့ပတ်သက်ပြီး

ဘာပြဿနာမှမရှိဘူးဆိုတဲ့ မန်ယူအသင်းရဲ့ထုတ်ပြန်ချက်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။ တနည်းအားဖြင့် စီးပွားရေးအရ ရော်နယ်ဒိုကိုဆက်ထိန်းထားချင်တဲ့ မန်ယူနဲ့ စည်းကမ်းတင်းကျပ်ပြီး အသင်းကိုပြောင်းလဲဖို့ကြိုးစားနေတဲ့ တန်းဟတ်တို့ ထိပ်တိုက်တွေ့လာဖို့ရှိနေတာပါ။

(zawgyi)

မန္ယူနည္းျပတန္းဟတ္ကေတာ့ ဗယ္လီကာႏိုနဲ႔ေျခစမ္းပြဲမွာ ပြဲမၿပီးခင္ျပန္သြားတဲ့ ေရာ္နယ္ဒိုကို ေပါက္ကြဲေနပါတယ္။ သရဲနီေတြရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္နဲ႔ လြဲေခ်ာ္ခဲ့တဲ့ေပၚတူဂီသားဟာ

အိုးလ္ထရက္ဖို႔ဒ္မွာေနာက္ဆုံးေျခစမ္းခဲ့တဲ့ ဗယ္လီကာႏိုနဲ႔ပြဲမွာေတာ့ ပထမပိုင္း ၄၅ မိနစ္ ပါဝင္ကစားခဲ့ပါတယ္။ ဒါေပမဲ့ ပြဲမၿပီးခင္ သူျပန္သြားပုံကို ပရိသတ္တစ္ေယာက္က

တြစ္တာမွာတင္လိုက္တဲ့ေနာက္ ဂယက္ေတြထကုန္တာပါ။ သတင္းေတြအရေတာ့ ပြဲမၿပီးခင္ျပန္သြားခဲ့တာ ေရာ္နယ္ဒိုတစ္ဦးတည္းမဟုတ္ဘဲ ဒါေလာ့ဒ္၊ ဒီဂီယာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔လည္း

ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ တန္းဟတ္ကေတာ့ ဒီလိုအျပဳအမူမ်ိဳးကို ဘယ္သူပဲလုပ္လုပ္ လက္ခံႏိုင္စရာမရွိဘူးလို႔ ေျပာလိုက္ပါတယ္။ ဒီအေၾကာင္းကို Viaplay Sport က ေမးျမန္းရာမွာ

နယ္သာလန္သားက “ ဒီလိုလုပ္တဲ့သူေတြ ရွိေသးတယ္။ လုံးဝလက္ခံႏိုင္စရာအေၾကာင္း မရွိဘူး။ အဲဒါကို လက္မခံဘူးလို႔လည္း သူတို႔ကိုေျပာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဟာ

အသင္းတစ္သင္း၊ အစုအဖြဲ႕တစ္ခုျဖစ္တာေၾကာင့္ အဆုံးထိေနဖို႔လိုပါတယ္ ” လို႔ ေျဖသြားခဲ့တာပါ။ ဒါဟာ ေရာ္နယ္ဒို ပြဲမၿပီးခင္ျပန္သြားတာနဲ႔ပတ္သက္ၿပီး ဘာျပႆနာမွမရွိဘူးဆိုတဲ့

မန္ယူအသင္းရဲ႕ထုတ္ျပန္ခ်က္နဲ႔ လုံးဝဆန႔္က်င္ေနပါတယ္။ တနည္းအားျဖင့္ စီးပြားေရးအရ ေရာ္နယ္ဒိုကိုဆက္ထိန္းထားခ်င္တဲ့ မန္ယူနဲ႔ စည္းကမ္းတင္းက်ပ္ၿပီး အသင္းကိုေျပာင္းလဲဖို႔ႀကိဳးစားေနတဲ့ တန္းဟတ္တို႔ ထိပ္တိုက္ေတြ႕လာဖို႔ရွိေနတာပါ။