ပွဲထွက်လူစာရင်းနဲ့ ဇယားမကပ်တော့တဲ့အတွက် ဇန်နဝါရီမှာ စီရော်နယ်ဒို ထွက်တော်မူ နန်းကခွာမယ်

မန်ယူနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်မရလို့ တိုက်စစ်မှူး စီရော်နယ်ဒိုတစ်ယောက် စိတ်အလိုမကျဖြစ်နေတာ အားလုံးသိပြီးသားပါ။ ဒီကြားထဲ နည်းပြတန်ဟက်ကလည်း ငယ်မွေးခြံပေါက်လေး ရက်ရှ်ဖို့ဒ်ကို အမွှန်းတွေတင်နေပြီး ပရီးမီးယားလိဂ်ဖလားယူပြတော့မယ် တကဲကဲ လုပ်ပြနေတော့

ပေါ်တူဂီသား တင်းပြီလေ။ ဒါကြောင့် ဇန်နဝါရီမှာ ယူနိုက်တက်ကို အပြီးတိုင် လမ်းခွဲတော့မယ်လို့ သတင်းထွက်လာပြီဖြစ်ပါတယ်။ အမှန်တော့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာ သီဈေးကွက်ကတည်းက အသင်းပြောင်းချင်နေတာပါ။ ဒါပေမဲ့ ချဲလ်ဆီး၊ ဘိုင် ယန်မြူးနစ်၊ ဒေါ့တ်မန်၊

အက်သလက်တီကို မက်ဒရစ်တို့လို သူ့ကို ပယ်ချခဲ့ပြီး အေးဂျင့်မန်ဒက်စ်ကလည်း အသင်းသစ်မရှာနိုင်ခဲ့တာကြောင့် အပြောင်းအ ရွှေ့ မဖြစ်မြောက်ခဲ့တာပါ။ ရက်ရှ်ဖို့ကိုပဲ ဦးစားပေးပွဲထွက်ခွင့်ပေးပြီး တိုက်စစ် ကို ဦးဆောင်စေတော့မှာဖြစ်တယ်လို့ တန်ဟက်ကြီး ထုတ်ပြောလိုက်တာ

ဟာ စီရော်နယ်ဒိုကို ကန့်လိုက်တာပဲဆိုတာ ထင်းနေတာပါပဲ။ ‘’စီရော်နယ်ဒို ပြန်လာတာကို အသင်းသားတွေအားလုံးက နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ သူမပါခဲ့တာနဲ့ပတ်သက်ပြီး သူ့ကို တင်းနေကြတယ်။ နည်းပြကလည်း အသင်းကို

သတင်းအချက်အလက် အတိအကျပေးဖို့ အ လုပ်အများကြီး လုပ်ရပြီး သူတို့ကို လုပ်စေချင်တာရယ်၊ သူတို့ကို ကစားစေချင်တဲ့ပုံစံတွေရယ် ပါဝင်ပါတယ်။ စီရော်နယ်ဒိုက အဲ့လောက်အထိလိုက် မလုပ်နိုင်တော့ဘူး။ နောက်ပြီး သူကစားတဲ့အခါ ပင်ကိုယ်ဗီဇကို အားကိုးသူ ပါ။

ခံစစ်ကနေတိုက်စစ်ကို ပြန်ပြောင်းပြီဆိုရလည်း သူကဘောလုံးကို အစောပိုင်းမှာကတည်းက မကြာခဏ တောင်းတတ်တယ်။ နောက်ပြီး ရှေ့ဆုံး ကို တစ်ယောက်တည်း ဆွဲပြေးသွားတာမျိုးပါ။ အဲဒီအခါကျတော့ ပြိုင်ဘက် ဂိုးဧရိယာထဲမှာ

ပိတ်သွင်းမယ့်သူ တစ်ယောက်မှ မရှိတော့ဘူးလေ။ တန်ဟက်နဲ့ တစ်သင်းလုံးက သူ့ကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ တော့ သူတို့ ပြီးခဲ့တဲ့ ရာသီတုန်းက အလုပ်ဖြစ်ခဲ့တဲ့ တစ်ဦးချင်းစွမ်းဆောင် ရည်ထက် နည်းစနစ်ပိုင်းညွှန်ကြားချက်တွေကြောင့် ဒီရာသီမှာ ပိုပြီးအလုပ် ဖြစ်နေခဲ့တာပါ’’ လို့

ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Sun သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ဇန်နဝါရီလမှာတော့ စီရော်နယ်ဒိုတစ်ယောက် ပုံမှန်ပွဲ ထွက်ခွင့်အတွက် ထွက်တော်မူ နန်းကခွာဖို့ ရှိနေပြီဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

(zawgyi)

မန္ယူနဲ႔အတူ ပုံမွန္ပြဲထြက္ခြင့္မရလို႔ တိုက္စစ္မႉး စီေရာ္နယ္ဒိုတစ္ေယာက္ စိတ္အလိုမက်ျဖစ္ေနတာ အားလုံးသိၿပီးသားပါ။ ဒီၾကားထဲ နည္းျပတန္ဟက္ကလည္း ငယ္ေမြးၿခံေပါက္ေလး ရက္ရွ္ဖို႔ဒ္ကို အမႊန္းေတြတင္ေနၿပီး ပရီးမီးယားလိဂ္ဖလားယူျပေတာ့မယ္ တကဲကဲ လုပ္ျပေနေတာ့

ေပၚတူဂီသား တင္းၿပီေလ။ ဒါေၾကာင့္ ဇန္နဝါရီမွာ ယူႏိုက္တက္ကို အၿပီးတိုင္ လမ္းခြဲေတာ့မယ္လို႔ သတင္းထြက္လာၿပီျဖစ္ပါတယ္။ အမွန္ေတာ့ စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ေႏြရာ သီေဈးကြက္ကတည္းက အသင္းေျပာင္းခ်င္ေနတာပါ။ ဒါေပမဲ့ ခ်ဲလ္ဆီး၊ ဘိုင္ ယန္ျမဴးနစ္၊ ေဒါ့တ္မန္၊

အက္သလက္တီကို မက္ဒရစ္တို႔လို သူ႔ကို ပယ္ခ်ခဲ့ၿပီး ေအးဂ်င့္မန္ဒက္စ္ကလည္း အသင္းသစ္မရွာႏိုင္ခဲ့တာေၾကာင့္ အေျပာင္းအ ေ႐ႊ႕ မျဖစ္ေျမာက္ခဲ့တာပါ။ ရက္ရွ္ဖို႔ကိုပဲ ဦးစားေပးပြဲထြက္ခြင့္ေပးၿပီး တိုက္စစ္ ကို ဦးေဆာင္ေစေတာ့မွာျဖစ္တယ္လို႔ တန္ဟက္ႀကီး ထုတ္ေျပာလိုက္တာ ဟာ

စီေရာ္နယ္ဒိုကို ကန႔္လိုက္တာပဲဆိုတာ ထင္းေနတာပါပဲ။ ‘’စီေရာ္နယ္ဒို ျပန္လာတာကို အသင္းသားေတြအားလုံးက ႏွစ္သက္ၾကပါတယ္။ ဒါေပမဲ့ ရာသီႀကိဳေျခစမ္းပြဲစဥ္မွာ သူမပါခဲ့တာနဲ႔ပတ္သက္ၿပီး သူ႔ကို တင္းေနၾကတယ္။ နည္းျပကလည္း အသင္းကို သတင္းအခ်က္အလက္

အတိအက်ေပးဖို႔ အ လုပ္အမ်ားႀကီး လုပ္ရၿပီး သူတို႔ကို လုပ္ေစခ်င္တာရယ္၊ သူတို႔ကို ကစားေစခ်င္တဲ့ပုံစံေတြရယ္ ပါဝင္ပါတယ္။ စီေရာ္နယ္ဒိုက အဲ့ေလာက္အထိလိုက္ မလုပ္ႏိုင္ေတာ့ဘူး။ ေနာက္ၿပီး သူကစားတဲ့အခါ ပင္ကိုယ္ဗီဇကို အားကိုးသူ ပါ။ ခံစစ္ကေနတိုက္စစ္ကို ျပန္ေျပာင္းၿပီဆိုရလည္း သူကေဘာလုံးကို

အေစာပိုင္းမွာကတည္းက မၾကာခဏ ေတာင္းတတ္တယ္။ ေနာက္ၿပီး ေရွ႕ဆုံး ကို တစ္ေယာက္တည္း ဆြဲေျပးသြားတာမ်ိဳးပါ။ အဲဒီအခါက်ေတာ့ ၿပိဳင္ဘက္ ဂိုးဧရိယာထဲမွာ ပိတ္သြင္းမယ့္သူ တစ္ေယာက္မွ မရွိေတာ့ဘူးေလ။ တန္ဟက္နဲ႔ တစ္သင္းလုံးက သူ႔ကို တန္ဖိုးထားပါတယ္။

ဒါေပမဲ့ ဒီရာသီမွာ ေတာ့ သူတို႔ ၿပီးခဲ့တဲ့ ရာသီတုန္းက အလုပ္ျဖစ္ခဲ့တဲ့ တစ္ဦးခ်င္းစြမ္းေဆာင္ ရည္ထက္ နည္းစနစ္ပိုင္းၫႊန္ၾကားခ်က္ေတြေၾကာင့္ ဒီရာသီမွာ ပိုၿပီးအလုပ္ ျဖစ္ေနခဲ့တာပါ’’ လို႔ ယူႏိုက္တက္နဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္တစ္ခုရဲ႕ ေျပာၾကားခ်က္ကို

ကိုးကားၿပီး The Sun သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ လာမယ့္ ဇန္နဝါရီလမွာေတာ့ စီေရာ္နယ္ဒိုတစ္ေယာက္ ပုံမွန္ပြဲ ထြက္ခြင့္အတြက္ ထြက္ေတာ္မူ နန္းကခြာဖို႔ ရွိေနၿပီျဖစ္တယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။