ပွဲထွက်ခွင့်မှာ အသာမရပေမယ့် အထာလှပြီး ဆရာကျနေဆဲ ခရစ္စတီယာနိုရော်နယ်ဒို

ယူနိုက်တက်နဲ့ ပွဲဦးထွက်မှာတင် သရဲနီပရိသတ်တွေရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူငင်သွားတဲ့သူက တိုက်စစ်မှူးသစ် အန်တိုနီဆိုရင် မှားမယ်မထင် ပါဘူး။ မဟာပြိုင်ဘက်ကြီး အာဆင်နယ်ကို ဦးဆောင်ဂိုးသွင်းပြီး အိုးလ်ထရက်ဖို့ဒ်တစ်ကွင်းလုံး

သိမ့်သိမ့်တုန်သွားစေတဲ့ သြဘာသံတွေညံစေခဲ့တာက အသက် ၂၂ နှစ်အရွယ် ဘရာဇီးသားပါ။ ဒီလိုမျိုး အဖွင့်လှလို့ မန်ယူလိုအသင်းမှာ အန်တိုနီတစ်ယောက် ဆရာကျတော့မှာဖြစ်တယ်လို့ ယူဆရင်တော့ လွဲမှားတဲ့ သုံးသပ်မှုမျိုးသာ ဖြစ်ပါလိမ့်မယ်။

အန်တိုနီဆိုတာ မန်ယူမှာ အင်္ဂါစဉ်အရရော သမားစဉ်အရပါ အကန့်ခံထားရတဲ့ ကစားသမားပါ။ ဒီအချက်ကို ထင်သာမြင်သာစေတာကတော့ The Sun သတင်းစာက ထုတ်ပြန် လိုက်တဲ့ ကစားသမားလုပ်ခလစာနှုန်းထားပဲ ဖြစ်ပါတယ်။

မန်ယူရဲ့ အသင်း သမိုင်းတစ်လျှောက်မှာ ပေါ့ဘာပြီးရင် ဒုတိယအမြင့်မားဆုံး ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ အန်တိုနီဟာ တစ်ပတ် လုပ်ခလစာ ပေါင် ၂၀၀၀၀၀ ပဲ ရတာဖြစ်ပြီး အဆင့် ၈ နေရာမှာ ရှိနေပါတယ်။

ဒီလုပ်ခလစာ ဟာ မန်ယူရဲ့ ငယ်မွေးခြံပေါက် တိုက်စစ်မှူးဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အတူတူ ပါပဲ။ အန်တိုနီရဲ့အပေါ်မှာ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရှိနေပြီး တစ်ပတ် လုပ်ခ ပေါင် ၂၄၀၀၀၀ နဲ့ ရပ်တည်နေတာပါ။

ဖာနန်ဒက်စ်ရဲ့ အပေါ်မှာတော့ မာရှယ်က တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ၊ ဗာရာနီက တစ်ပတ်လုပ်ခ ပေါင် ၃၄၀၀၀၀၊ ဆန်ချိုက တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀၊ ဂိုးသမား ဒီဂီယာက တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ နဲ့ အစဉ်လိုက် ရပ်တည်နေတာပါ။

ထိပ်ဆုံး နေရာမှာ ရှိနေတဲ့သူကတော့ အိပ်မက်ကဇာတ်ရုံရဲ့ ခေါင်းဆောင်မင်းသားချောကြီး စီရော်နယ်ဒိုဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၄၈၀၀၀၀ ရရှိ နေတာဖြစ်ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုဟာ မန်ယူရဲ့ လုပ်ခလစာအများ ဆုံးကစားသမားဖြစ်ပြီး တစ်နှစ်ကို ပေါင် ၂၅ သန်း ရရှိနေတာပါ။

အာဆင်နယ် နဲ့ပွဲစဉ်မှာ အလှုပ်တွေချည်း ကစားပြသွားခဲ့လို့ လက်ရှိအချိန်မှာ အန်တိုနီမှ အန်တိုနီဖြစ်နေကြပေမယ့် တချို့ကိစ္စတွေဟာ အကန့်လေးတွေရှိနေတာ ကြောင့် စီရော်နယ်ဒိုက ပွဲထွက်ခွင့်မှာ အသာမရပေမယ့် အထာလှပြီး ဆရာကျနေဆဲဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

(zawgyi)

ယူႏိုက္တက္နဲ႔ ပြဲဦးထြက္မွာတင္ သရဲနီပရိသတ္ေတြရဲ႕ စိတ္ႏွလုံးကို သိမ္းက်ဳံးယူငင္သြားတဲ့သူက တိုက္စစ္မႉးသစ္ အန္တိုနီဆိုရင္ မွားမယ္မထင္ ပါဘူး။ မဟာၿပိဳင္ဘက္ႀကီး အာဆင္နယ္ကို ဦးေဆာင္ဂိုးသြင္းၿပီး အိုးလ္ထရက္ဖို႔ဒ္တစ္ကြင္းလုံး သိမ့္သိမ့္တုန္သြားေစတဲ့

ၾသဘာသံေတြညံေစခဲ့တာက အသက္ ၂၂ ႏွစ္အ႐ြယ္ ဘရာဇီးသားပါ။ ဒီလိုမ်ိဳး အဖြင့္လွလို႔ မန္ယူလိုအသင္းမွာ အန္တိုနီတစ္ေယာက္ ဆရာက်ေတာ့မွာျဖစ္တယ္လို႔ ယူဆရင္ေတာ့ လြဲမွားတဲ့ သုံးသပ္မႈမ်ိဳးသာ ျဖစ္ပါလိမ့္မယ္။

အန္တိုနီဆိုတာ မန္ယူမွာ အဂၤါစဥ္အရေရာ သမားစဥ္အရပါ အကန႔္ခံထားရတဲ့ ကစားသမားပါ။ ဒီအခ်က္ကို ထင္သာျမင္သာေစတာကေတာ့ The Sun သတင္းစာက ထုတ္ျပန္ လိုက္တဲ့ ကစားသမားလုပ္ခလစာႏႈန္းထားပဲ ျဖစ္ပါတယ္။

မန္ယူရဲ႕ အသင္း သမိုင္းတစ္ေလွ်ာက္မွာ ေပါ့ဘာၿပီးရင္ ဒုတိယအျမင့္မားဆုံး ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာတဲ့ အန္တိုနီဟာ တစ္ပတ္ လုပ္ခလစာ ေပါင္ ၂၀၀၀၀၀ ပဲ ရတာျဖစ္ၿပီး အဆင့္ ၈ ေနရာမွာ ရွိေနပါတယ္။

ဒီလုပ္ခလစာ ဟာ မန္ယူရဲ႕ ငယ္ေမြးၿခံေပါက္ တိုက္စစ္မႉးျဖစ္တဲ့ မားကပ္စ္ရက္ရွ္ဖို႔ဒ္နဲ႔ အတူတူ ပါပဲ။ အန္တိုနီရဲ႕အေပၚမွာ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ရွိေနၿပီး တစ္ပတ္ လုပ္ခ ေပါင္ ၂၄၀၀၀၀ နဲ႔ ရပ္တည္ေနတာပါ။

ဖာနန္ဒက္စ္ရဲ႕ အေပၚမွာေတာ့ မာရွယ္က တစ္ပတ္လုပ္ခ ေပါင္ ၂၅၀၀၀၀ ၊ ဗာရာနီက တစ္ပတ္လုပ္ခ ေပါင္ ၃၄၀၀၀၀၊ ဆန္ခ်ိဳက တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀၊ ဂိုးသမား ဒီဂီယာက တစ္ပတ္လုပ္ခ ေပါင္ ၃၇၅၀၀၀ နဲ႔ အစဥ္လိုက္ ရပ္တည္ေနတာပါ။

ထိပ္ဆုံး ေနရာမွာ ရွိေနတဲ့သူကေတာ့ အိပ္မက္ကဇာတ္႐ုံရဲ႕ ေခါင္းေဆာင္မင္းသားေခ်ာႀကီး စီေရာ္နယ္ဒိုျဖစ္ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၄၈၀၀၀၀ ရရွိ ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ စီေရာ္နယ္ဒိုဟာ မန္ယူရဲ႕ လုပ္ခလစာအမ်ား ဆုံးကစားသမားျဖစ္ၿပီး တစ္ႏွစ္ကို ေပါင္ ၂၅ သန္း ရရွိေနတာပါ။

အာဆင္နယ္ နဲ႔ပြဲစဥ္မွာ အလႈပ္ေတြခ်ည္း ကစားျပသြားခဲ့လို႔ လက္ရွိအခ်ိန္မွာ အန္တိုနီမွ အန္တိုနီျဖစ္ေနၾကေပမယ့္ တခ်ိဳ႕ကိစၥေတြဟာ အကန႔္ေလးေတြရွိေနတာ ေၾကာင့္ စီေရာ္နယ္ဒိုက ပြဲထြက္ခြင့္မွာ အသာမရေပမယ့္ အထာလွၿပီး ဆရာက်ေနဆဲျဖစ္တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။