ပွဲတိုင်းဂိုးသွင်းနေတဲ့ မာရှယ်ကြောင့် မန်ယူအတွက် ရော်နယ်ဒို မလိုတော့ဘူးတဲ့လား ..

မန်ချက်စတာယူနိုက်အတွက် ရော်နယ်ဒိုမလိုအပ်တော့ဘူးလား။ ဒီမေးခွန်းဟာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ သရဲနီတွေ ၃ ပွဲဆက်အနိုင်ရလိုက်တဲ့နောက် ကျယ်ကျယ်လောင်လောင်ကြားနေရတဲ့ အသံပါ။

အထူးသဖြင့် မာရှယ်ရဲ့သွင်းဂိုးတွေ မြင်နေရတာကြောင့်ပါပဲ။ ပြင်သစ်တိုက်စစ်မှူးဟာ ခြေစမ်းပွဲ ၃ ပွဲလုံး ဂိုးသွင်းနိုင်ခဲ့တယ်။ လီဗာပူးလ်ကို ၄-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ တတိယဂိုးသွင်းနိုင်ခဲ့တယ်။

မဲလ်ဘုန်းကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း တစ်ဂိုးသွင်းနိုင်ခဲ့တယ်။ အခုနောက်ဆုံး ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း အဖွင့်ဂိုးသွင်းနိုင်ခဲ့ပြန်တယ်။ ဒါလော့ဖြတ်တင်ပေးတာကို

ရင်ဘတ်နဲ့တစ်ချက်ထိန်းပြီး ပြင်သစ်သားကန်သွင်းသွားပုံက သေသပ်ခဲ့သလို ယုံကြည်မှုရနေတာလည်း သိသာပါတယ်။ ဒါ့အပြင် ဆန်ချိုရဲ့ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပြန်တာကြောင့် သရဲနီတွေအတွက်

အတိုင်းထက်အလွန်ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက မာရှယ်ရှိနေမှတော့ ရော်နယ်ဒို ဘယ်လိုတော့မလဲ၊ မာရှယ်ပြန်လာပြီဆိုတော့ ရော်နယ်ဒို ထွက်သွားလို့ရပြီ စတဲ့မှတ်ချက်တွေ ပေးလာခဲ့တာပါ။

တကယ်ပဲ မာရှယ်ပြန်လာပြီလား၊ မန်ယူအတွက် ရော်နယ်ဒို မလိုတော့ဘူးလားဆိုတာတော့ မေးခွန်းထုတ်စရာရှိနေပါတယ်။ တနည်းအားဖြင့် သရဲနီပရိသတ်တွေကိုယ်တိုင် နောက်ပြောင်ရုံလောက်ပဲဖြစ်ပြီး

မာရှယ်နဲ့ပတ်သက်လို့ စိုးရိမ်စိတ်တွေရှိနေဆဲလို့ ဆိုရပါလိမ့်မယ်။ ပြင်သစ်သားဟာ မန်ယူမှာ နေရာမရတာကြောင့် ပြီးခဲ့တဲ့ရာသီဝက်မှာ ဆီဗီလာကိုအငှားချခံခဲ့ရတယ်။

၁၂ ပွဲကစားပေးခဲ့ပြီး တစ်ဂိုးသာသွင်းနိုင်ခဲ့တယ်။ ယူရိုပါလိဂ်သွင်းဂိုးဖြစ်ပြီး လာလီဂါမှာ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါကြောင့် တန်းဟတ်လက်ထက်မှာ ခြေစွမ်းပြလာတာမှန်ပေမယ့် ပုံမှန်ဖြစ်ပါ့မလားဆိုတာ

ပရိသတ်တွေ စိုးရိမ်နေကြရဦးမှာပါ။ တနည်းအားဖြင့် ရော်နယ်ဒိုဟာ အသင်းစုစည်းမှုပိုင်းကို ထိခိုက်စေတယ်လို့ပြောနေကြပေမယ့် ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းပြီး သရဲနီတွေအတွက် ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့တယ်ဆိုတော့ ..

(zawgyi)

မန္ခ်က္စတာယူႏိုက္အတြက္ ေရာ္နယ္ဒိုမလိုအပ္ေတာ့ဘူးလား။ ဒီေမးခြန္းဟာ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ သရဲနီေတြ ၃ ပြဲဆက္အႏိုင္ရလိုက္တဲ့ေနာက္ က်ယ္က်ယ္ေလာင္ေလာင္ၾကားေနရတဲ့ အသံပါ။

အထူးသျဖင့္ မာရွယ္ရဲ႕သြင္းဂိုးေတြ ျမင္ေနရတာေၾကာင့္ပါပဲ။ ျပင္သစ္တိုက္စစ္မႉးဟာ ေျခစမ္းပြဲ ၃ ပြဲလုံး ဂိုးသြင္းႏိုင္ခဲ့တယ္။ လီဗာပူးလ္ကို ၄-၀ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ တတိယဂိုးသြင္းႏိုင္ခဲ့တယ္။ မဲလ္ဘုန္းကို ၄-၁ ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာလည္း တစ္ဂိုးသြင္းႏိုင္ခဲ့တယ္။

အခုေနာက္ဆုံး ခရစၥတယ္ပဲေလ့စ္ကို ၃-၁ ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာလည္း အဖြင့္ဂိုးသြင္းႏိုင္ခဲ့ျပန္တယ္။ ဒါေလာ့ျဖတ္တင္ေပးတာကို ရင္ဘတ္နဲ႔တစ္ခ်က္ထိန္းၿပီး ျပင္သစ္သားကန္သြင္းသြားပုံက ေသသပ္ခဲ့သလို ယုံၾကည္မႈရေနတာလည္း သိသာပါတယ္။

ဒါ့အျပင္ ဆန္ခ်ိဳရဲ႕ဂိုးအတြက္ ဖန္တီးေပးႏိုင္ခဲ့ျပန္တာေၾကာင့္ သရဲနီေတြအတြက္ အတိုင္းထက္အလြန္ျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြက မာရွယ္ရွိေနမွေတာ့ ေရာ္နယ္ဒို ဘယ္လိုေတာ့မလဲ၊

မာရွယ္ျပန္လာၿပီဆိုေတာ့ ေရာ္နယ္ဒို ထြက္သြားလို႔ရၿပီ စတဲ့မွတ္ခ်က္ေတြ ေပးလာခဲ့တာပါ။ တကယ္ပဲ မာရွယ္ျပန္လာၿပီလား၊ မန္ယူအတြက္ ေရာ္နယ္ဒို မလိုေတာ့ဘူးလားဆိုတာေတာ့ ေမးခြန္းထုတ္စရာရွိေနပါတယ္။

တနည္းအားျဖင့္ သရဲနီပရိသတ္ေတြကိုယ္တိုင္ ေနာက္ေျပာင္႐ုံေလာက္ပဲျဖစ္ၿပီး မာရွယ္နဲ႔ပတ္သက္လို႔ စိုးရိမ္စိတ္ေတြရွိေနဆဲလို႔ ဆိုရပါလိမ့္မယ္။ ျပင္သစ္သားဟာ မန္ယူမွာ ေနရာမရတာေၾကာင့္ ၿပီးခဲ့တဲ့ရာသီဝက္မွာ ဆီဗီလာကိုအငွားခ်ခံခဲ့ရတယ္။

၁၂ ပြဲကစားေပးခဲ့ၿပီး တစ္ဂိုးသာသြင္းႏိုင္ခဲ့တယ္။ ယူ႐ိုပါလိဂ္သြင္းဂိုးျဖစ္ၿပီး လာလီဂါမွာ ဂိုးမသြင္းႏိုင္ခဲ့ဘူး။ ဒါေၾကာင့္ တန္းဟတ္လက္ထက္မွာ ေျခစြမ္းျပလာတာမွန္ေပမယ့္ ပုံမွန္ျဖစ္ပါ့မလားဆိုတာ ပရိသတ္ေတြ စိုးရိမ္ေနၾကရဦးမွာပါ။

တနည္းအားျဖင့္ ေရာ္နယ္ဒိုဟာ အသင္းစုစည္းမႈပိုင္းကို ထိခိုက္ေစတယ္လို႔ေျပာေနၾကေပမယ့္ ၿပိဳင္ပြဲစုံ ၂၄ ဂိုးသြင္းၿပီး သရဲနီေတြအတြက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ခဲ့တယ္ဆိုေတာ့ ..