ပွဲချိန်အတွင်းမှာ ထိုးတော့မတတ်ကြမ်းခဲ့ကြသလို ပွဲပြီးတော့လည်း လက်တွေမလွှတ်ကြလို့ အနီကတ်လက်ဆောင်ရသွားကြတဲ့ တူချယ်နဲ့ကွန်တီ

ချဲလ်ဆီးနဲ့စပါးတို့ရဲ့လန်ဒန်ဒါဘီဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သလို နည်းပြနှစ်ယောက်ရဲ့တင်းမာမှုကြောင့်လည်း ပွဲဆူစေခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အိမ်ရှင်အသင်းက နောက်ခံလူကူလီဘာလီရဲ့မြေမကျကန်ချက်နဲ့

ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ စပါးရဲ့တန်ပြန်တိုက်စစ်တွေကလည်း ချဲလ်ဆီးဂိုးသမားမန်ဒီကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စတာလင်း၊ ကိုင်ဟာဗက်ဇ်နဲ့ မေဆန်မောင့်တို့ရဲ့ချဲလ်ဆီးတွဲလုံးက ပိုမိုထိရောက်ခဲ့ပြီး ပထမပိုင်းမှာ ၁-၀ ဂိုးနဲ့အနိုင်ရနေခဲ့တာပါ။

ဒုတိယပိုင်း ၆၈ မိနစ်မှာတော့ ဒါဗီးစ်ခင်းပေးတာကို ဟွိုင်ဘီယက်က ဂိုးဧရိယာထိပ်ကနေ အနိမ့်ဘောကန်သွင်းနိုင်တာကြောင့် စပါး ချေပဂိုးရသွားပါတယ်။ ဒီဂိုးမတိုင်ခင် on play အနေအထားမှာ ဟာဗက်ဇ်ကို ဘန်တန်ကာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့်

ဒိုင်လူကြီးအန်တိုနီတေလာ မတွေ့တာကြောင့် ချဲလ်ဆီးနစ်နာခဲ့ရသလို အငြင်းပွားစရာဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကွန်တီကလည်း နည်းစနစ်ဧရိယာအပြင်ဘက်ရောက်တဲ့အထိ အလွန်အကျူးအောင်ပွဲခံတာကြောင့် တူချယ်နဲ့ထိပ်တိုက်တိုးခဲ့ပါတယ်။

နှစ်ဖက်အသင်းတာဝန်ရှိသူတွေ ဝင်ရောက်ဖြန်ဖြေခဲ့ရသလို နှစ်ယောက်လုံး အဝါကတ်အပြခံခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ရီဆီဂျိမ်းစ်ရဲ့ဂိုးနဲ့ပြန်လည်ဦးဆောင်နိုင်ပေမယ့် နာကျင်အချိန်ပိုမှာ ဟယ်ရီကိန်းက စပါးအတွက်

ခေါင်းတိုက်ဂိုးနဲ့ပြန်လည်ချေပသွားခဲ့တာပါ။ ပွဲပြီးတဲ့နောက် လက်ဆွဲနှုတ်ဆက်ကြရာမှာလည်း ကွန်တီနဲ့တူချယ် ထပ်ငြိခဲ့ကြပြန်ပါတယ်။ နှစ်ယောက်လုံးက လက်တွေကိုမလွှတ်ကြသလို အခြေအနေတင်းမာလာတာကြောင့်

အန်တိုနီတေလာလည်း အနီကတ်ပြဖို့သာ ရွေးချယ်နိုင်ခဲ့ပါတော့တယ်။ ပရိသတ်တွေကတော့ ဖာဂူဆန်-ဝင်းဂါး၊ ဂွါဒီယိုလာ-ကလော့ပ် တို့လို ခပ်ကြမ်းကြမ်းအတွဲတစ်တွဲကို မြင်ရတော့မယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

(zawgyi)

ခ်ဲလ္ဆီးနဲ႔စပါးတို႔ရဲ႕လန္ဒန္ဒါဘီဟာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့သလို နည္းျပႏွစ္ေယာက္ရဲ႕တင္းမာမႈေၾကာင့္လည္း ပြဲဆူေစခဲ့ပါတယ္။ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အိမ္ရွင္အသင္းက ေနာက္ခံလူ

ကူလီဘာလီရဲ႕ေျမမက်ကန္ခ်က္နဲ႔ ဦးေဆာင္ဂိုးစတင္ရရွိခဲ့ပါတယ္။ စပါးရဲ႕တန္ျပန္တိုက္စစ္ေတြကလည္း ခ်ဲလ္ဆီးဂိုးသမားမန္ဒီကို ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ စတာလင္း၊ ကိုင္ဟာဗက္ဇ္နဲ႔ ေမဆန္ေမာင့္တို႔ရဲ႕ခ်ဲလ္ဆီးတြဲလုံးက

ပိုမိုထိေရာက္ခဲ့ၿပီး ပထမပိုင္းမွာ ၁-၀ ဂိုးနဲ႔အႏိုင္ရေနခဲ့တာပါ။ ဒုတိယပိုင္း ၆၈ မိနစ္မွာေတာ့ ဒါဗီးစ္ခင္းေပးတာကို ဟြိဳင္ဘီယက္က ဂိုးဧရိယာထိပ္ကေန အနိမ့္ေဘာကန္သြင္းႏိုင္တာေၾကာင့္ စပါး ေခ်ပဂိုးရသြားပါတယ္။

ဒီဂိုးမတိုင္ခင္ on play အေနအထားမွာ ဟာဗက္ဇ္ကို ဘန္တန္ကာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမယ့္ ဒိုင္လူႀကီးအန္တိုနီေတလာ မေတြ႕တာေၾကာင့္ ခ်ဲလ္ဆီးနစ္နာခဲ့ရသလို အျငင္းပြားစရာဂိုးလည္းျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ ကြန္တီကလည္း

နည္းစနစ္ဧရိယာအျပင္ဘက္ေရာက္တဲ့အထိ အလြန္အက်ဴးေအာင္ပြဲခံတာေၾကာင့္ တူခ်ယ္နဲ႔ထိပ္တိုက္တိုးခဲ့ပါတယ္။ ႏွစ္ဖက္အသင္းတာဝန္ရွိသူေတြ ဝင္ေရာက္ျဖန္ေျဖခဲ့ရသလို ႏွစ္ေယာက္လုံး အဝါကတ္အျပခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာ ရီဆီဂ်ိမ္းစ္ရဲ႕ဂိုးနဲ႔ျပန္လည္ဦးေဆာင္ႏိုင္ေပမယ့္ နာက်င္အခ်ိန္ပိုမွာ ဟယ္ရီကိန္းက စပါးအတြက္ ေခါင္းတိုက္ဂိုးနဲ႔ျပန္လည္ေခ်ပသြားခဲ့တာပါ။ ပြဲၿပီးတဲ့ေနာက္ လက္ဆြဲႏႈတ္ဆက္ၾကရာမွာလည္း ကြန္တီနဲ႔တူခ်ယ္ ထပ္ၿငိခဲ့ၾကျပန္ပါတယ္။

ႏွစ္ေယာက္လုံးက လက္ေတြကိုမလႊတ္ၾကသလို အေျခအေနတင္းမာလာတာေၾကာင့္ အန္တိုနီေတလာလည္း အနီကတ္ျပဖို႔သာ ေ႐ြးခ်ယ္ႏိုင္ခဲ့ပါေတာ့တယ္။ ပရိသတ္ေတြကေတာ့ ဖာဂူဆန္-ဝင္းဂါး၊ ဂြါဒီယိုလာ-ကေလာ့ပ္ တို႔လို ခပ္ၾကမ္းၾကမ္းအတြဲတစ္တြဲကို ျမင္ရေတာ့မယ္လို႔ မွတ္ခ်က္ေပးေနၾကပါတယ္။