ပွဲကျပ်နေတဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ကွာတားဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်ပါ့မလား . .

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အတွက် ပွဲစဉ်တွေထွက်ပေါ်လာပြီး

စီးရီးအေထိပ်သီးနှစ်သင်းဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီတို့ ထိပ်တိုက်
ရင်ဆိုင်ရမှာဖြစ်သလို လက်ရှိချန်ပီယံ ရီးယဲလ်နဲ့ ချယ်လ်ဆီး၊
မန်စီးတီး – ဘိုင်ယန်၊ ဘင်ဖီကာ – အင်တာမီလန်တို့ ဆုံတွေ့နေကြပါတယ်။

၁၉၈၉-၉၀ ရာသီနောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ စီးရီးအေ
အမှတ်ပေးဖလားရရှိဖို့ နီးစပ်နေတဲ့ နာပိုလီအသင်းဟာ အသင်းသမိုင်း
တစ်လျှောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်
တက်ရောက်နိုင်ခဲ့တာဖြစ်သလို ပြည်တွင်းပြိုင်ဘက် အေစီမီလန်နဲ့

ဆုံတွေ့နေပါတယ်။ ဒီနှစ်သင်းဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ ခဏခဏ
ရင်ဆိုင်ခဲ့ပေမယ့် ဥရောပပြိုင်ပွဲအဆင့်မှာတော့ အခုမှ ပထမဆုံးအကြိမ်
ဆုံတွေ့ကြတာဖြစ်ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အတွဲအဖက်တွေက လက်ရှိ
ချန်ပီယံရီးယဲလ်နဲ့ ချယ်လ်ဆီး၊ ဟာလန်းရဲ့ခြေစွမ်းပြမှုနဲ့အတူ ဒီရာသီ
ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ မန်စီးတီးနဲ့ ဘွန်ဒစ်လီဂါထိပ်သီး
ဘိုင်ယန်မြူးနစ်တို့ ဆုံတွေ့မယ့်ပွဲတွေပါပဲ။

ချယ်လ်ဆီးအသင်းဟာ နည်းပြဟောင်း တူချယ်လ်လက်ထက် ချန်ပီယံလိဂ်
ဖလားရယူနိုင်ခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ဆီမီးဖိုင်နယ်မှာ ရီးယဲလ်နဲ့ဆုံတွေ့ခဲ့ပြီး

နှစ်ကျော့ပေါင်း(၃-၁)ဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့
ရာသီ၊ ကွာတားဖိုင်နယ်မှာတော့ ရီးယဲလ်အသင်းက ချယ်လ်ဆီးကို ဒုတိယ
အကျော့မှာ အကြိတ်အနယ်ကစားပြီးမှ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့်
နှစ်ကျော့ပါင်းရလဒ်(၅-၄)ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်ခွင့်ရခဲ့ပါတယ်။

ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် စုစုပေါင်း(၆)ကြိမ်ဆုံတွေ့ခဲ့ပြီး
အံ့အားသင့်စရာကောင်းတာက လုံးဝသရေပွဲမရှိဘဲ မန်စီးတီက

(၃)ကြိမ်နိုင်၊ ဘိုင်ယန်မြူးနစ်က (၃)ကြိမ်နိုင်ခဲ့ပါတယ်။ ဒီနှစ်သင်းနောက်ဆုံး
ဆုံတွေ့ခဲ့တာက ၂၀၁၄-၁၅ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာဖြစ်ပြီး ဘိုင်ယန်က
အိမ်ကွင်းမှာ (၁-ဝ)နဲ့နိုင်၊ မန်စီးတီးက သူ့ကွင်းမှာ (၃-၂)ဂိုးနဲ့အပြန်အလှန်နိုင်ခဲ့
ကြပါတယ်။

၂၀၁၀-၁၁ ရာသီနောက်ပိုင်း ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်
တက်ရောက်နိုင်ခဲ့တဲ့ ချန်ပီယံဟောင်း အင်တာမီလန်အသင်းဟာ ပေါ်တူဂီ
နာမည်ကျော် ဘင်ဖီကာနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ သတိထားကစားရမှာပါ။

ဒီနှစ်သင်းဟာ ဥရောပပြိုင်ပွဲတွေမှာ (၃)ကြိမ်ဆုံတွေ့ခဲ့ပြီး ၁၉၆၄-၆၅

ဥရောပဖလား(ချန်ပီယံလိဂ်)ဗိုလ်လုပွဲမှာ အင်တာမီလန်က (၁-ဝ)ဂိုးနဲ့

အနိုင်ယူဗိုလ်စွဲခဲ့သလို ၂၀၀၃-၀၄ UEFA (ယူရိုပါလိဂ်)ရှုံးထွက်(၁၆)သင်း
အဆင့်မှာ အင်တာမီလန်က အဝေးကွင်းဂိုးမရှိသရေ၊ အိမ်ကွင်းမှာ
(၄-၃)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် (၂)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့ပါတယ်။

[Zawgyi]

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အတြက္ ပြဲစဥ္ေတြထြက္ေပၚလာၿပီး
စီးရီးေအထိပ္သီးႏွစ္သင္းျဖစ္တဲ့ ေအစီမီလန္နဲ႔ နာပိုလီတို႔ ထိပ္တိုက္
ရင္ဆိုင္ရမွာျဖစ္သလို လက္ရွိခ်န္ပီယံ ရီးယဲလ္နဲ႔ ခ်ယ္လ္ဆီး၊
မန္စီးတီး – ဘိုင္ယန္၊ ဘင္ဖီကာ – အင္တာမီလန္တို႔ ဆုံေတြ႕ေနၾကပါတယ္။

၁၉၈၉-၉၀ ရာသီေနာက္ပိုင္းကတည္းက ေဝးကြာေနတဲ့ စီးရီးေအ
အမွတ္ေပးဖလားရရွိဖို႔ နီးစပ္ေနတဲ့ နာပိုလီအသင္းဟာ အသင္းသမိုင္း

တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကို ပထမဆုံးအႀကိမ္
တက္ေရာက္ႏိုင္ခဲ့တာျဖစ္သလို ျပည္တြင္းၿပိဳင္ဘက္ ေအစီမီလန္နဲ႔
ဆုံေတြ႕ေနပါတယ္။ ဒီႏွစ္သင္းဟာ ျပည္တြင္းၿပိဳင္ပြဲေတြမွာ ခဏခဏ
ရင္ဆိုင္ခဲ့ေပမယ့္ ဥေရာပၿပိဳင္ပြဲအဆင့္မွာေတာ့ အခုမွ ပထမဆုံးအႀကိမ္
ဆုံေတြ႕ၾကတာျဖစ္ပါတယ္။

ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ အတြဲအဖက္ေတြက လက္ရွိ
ခ်န္ပီယံရီးယဲလ္နဲ႔ ခ်ယ္လ္ဆီး၊ ဟာလန္းရဲ႕ေျခစြမ္းျပမႈနဲ႔အတူ ဒီရာသီ

ခ်န္ပီယံလိဂ္မွာ ရႈံးပြဲမရွိေသးတဲ့ မန္စီးတီးနဲ႔ ဘြန္ဒစ္လီဂါထိပ္သီး
ဘိုင္ယန္ျမဴးနစ္တို႔ ဆုံေတြ႕မယ့္ပြဲေတြပါပဲ။

ခ်ယ္လ္ဆီးအသင္းဟာ နည္းျပေဟာင္း တူခ်ယ္လ္လက္ထက္ ခ်န္ပီယံလိဂ္
ဖလားရယူႏိုင္ခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ဆီမီးဖိုင္နယ္မွာ ရီးယဲလ္နဲ႔ဆုံေတြ႕ခဲ့ၿပီး
ႏွစ္ေက်ာ့ေပါင္း(၃-၁)ဂိုးနဲ႔ အႏိုင္ယူ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့
ရာသီ၊ ကြာတားဖိုင္နယ္မွာေတာ့ ရီးယဲလ္အသင္းက ခ်ယ္လ္ဆီးကို ဒုတိယ
အေက်ာ့မွာ အႀကိတ္အနယ္ကစားၿပီးမွ (၃-၂)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္

ႏွစ္ေက်ာ့ပါင္းရလဒ္(၅-၄)ဂိုးနဲ႔ ဆီမီးဖိုင္နယ္တက္ခြင့္ရခဲ့ပါတယ္။

ဥေရာပထိပ္သီးႏွစ္သင္းျဖစ္တဲ့ မန္စီးတီးနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ဟာ

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ စုစုေပါင္း(၆)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး
အံ့အားသင့္စရာေကာင္းတာက လုံးဝသေရပြဲမရွိဘဲ မန္စီးတီက
(၃)ႀကိမ္ႏိုင္၊ ဘိုင္ယန္ျမဴးနစ္က (၃)ႀကိမ္ႏိုင္ခဲ့ပါတယ္။ ဒီႏွစ္သင္းေနာက္ဆုံး
ဆုံေတြ႕ခဲ့တာက ၂၀၁၄-၁၅ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာျဖစ္ၿပီး ဘိုင္ယန္က
အိမ္ကြင္းမွာ (၁-ဝ)နဲ႔ႏိုင္၊ မန္စီးတီးက သူ႔ကြင္းမွာ (၃-၂)ဂိုးနဲ႔အျပန္အလွန္ႏိုင္ခဲ့

ၾကပါတယ္။

၂၀၁၀-၁၁ ရာသီေနာက္ပိုင္း ကြာတားဖိုင္နယ္ကို ပထမဆုံးအႀကိမ္

တက္ေရာက္ႏိုင္ခဲ့တဲ့ ခ်န္ပီယံေဟာင္း အင္တာမီလန္အသင္းဟာ ေပၚတူဂီ
နာမည္ေက်ာ္ ဘင္ဖီကာနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ သတိထားကစားရမွာပါ။
ဒီႏွစ္သင္းဟာ ဥေရာပၿပိဳင္ပြဲေတြမွာ (၃)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး ၁၉၆၄-၆၅

ဥေရာပဖလား(ခ်န္ပီယံလိဂ္)ဗိုလ္လုပြဲမွာ အင္တာမီလန္က (၁-ဝ)ဂိုးနဲ႔
အႏိုင္ယူဗိုလ္စြဲခဲ့သလို ၂၀၀၃-၀၄ UEFA (ယူ႐ိုပါလိဂ္)ရႈံးထြက္(၁၆)သင္း
အဆင့္မွာ အင္တာမီလန္က အေဝးကြင္းဂိုးမရွိသေရ၊ အိမ္ကြင္းမွာ
(၄-၃)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ (၂)ပြဲႏိုင္၊ (၁)ပြဲသေရက်ခဲ့ပါတယ္။