
အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား
စီရော်နယ်လ်ဒိုဟာ Al Wehda အသင်းကို (၄-ဝ)ဂိုးနဲ့အနိုင်ရတဲ့
ဆော်ဒီလိဂ်ပွဲစဉ်မှာ ခြေစွမ်းကောင်းပြပြီး တစ်ပွဲတည်း(၄)ဂိုးအထိ
သွင်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က Al Fateh နဲ့ (၂-၂)ဂိုးစီသရေကျတဲ့ပွဲမှာ
အယ်လ်နာဆာကစားသမားဘ၀ သွင်းဂိုးဈေဦးပေါက်ခဲ့တဲ့
စီရော်နယ်လ်ဒိုဟာ အခု Al Wehda နဲ့ပွဲမှာတော့ (၄)ဂိုးအထိ
သွင်းယူပြီး ဆော်ဒီလိဂ်မှာ (၃)ပွဲကစားပြီးချိန်မှာပဲ (၅)ဂိုးအထိ
သွင်းယူခဲ့သလို အယ်လ်နာဆာအသင်းအတွက် ပထမဆုံးအကြိမ်
ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက် ကလပ်နဲ့
နိုင်ငံအသင်းအတွက် ဟက်ထရစ်အကြိမ်ပေါင်း (၆၁)ကြိမ်အထိ
သွင်းယူခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်၊ ဧပြီလတုန်းက သူ ကြွေးကြော်ခဲ့တဲ့အတိုင်း
မဖြစ်,ဖြစ်အောင်လုပ်ပြနိုင်ခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားဘဝမှာ ပြီးခဲ့တဲ့နှစ်၊
ဧပြီလအတွင်း နော်ဝစ်ချ်ကို (၃-၂)ဂိုးနဲ့အနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲတုန်းက
စီရော်နယ်လ်ဒိုဟာ အကြိမ်(၆၀)မြောက် ဟက်ရစ်သွင်းယူခဲ့ပြီး
အဲဒီပွဲအပြီးမှာ သူက ‘ အသက်(၃၀)မပြည့်ခင် ဟက်ထရစ်အကြိမ်
(၃၀)သွင်းခဲ့တယ်၊ အသက်(၃၀)နောက်ပိုင်းမှာလည်း ဟက်ထရစ်
အကြိမ်ပေါင်း (၃၀)ပြည့်ခဲ့ပါပြီ။ ဒီညီမျှခြင်းကို ချိုးဖျက်ဖို့ အချိန်
ရောက်လာပြီ’လို့ Twitter မှာ Post တင်ခဲ့ပါတယ်။
အဲဒီ Post တင်ပြီး (၁၀)လအကြာမှာပဲ စီရော်နယ်ဒိုက အသက်
(၃၀)နောက်ပိုင်းမှာ (၃၁)ကြိမ်မြောက် ဟက်ထရစ်ကို သွင်းယူပြီးတော့
သူ့ကတိစကားအတိုင်း စွမ်းဆောင်ပြခဲ့တာဖြစ်ပါတယ်။
[Zawgyi]
အယ္လ္နာဆာအသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမား
စီေရာ္နယ္လ္ဒိုဟာ Al Wehda အသင္းကို (၄-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့
ေဆာ္ဒီလိဂ္ပြဲစဥ္မွာ ေျခစြမ္းေကာင္းျပၿပီး တစ္ပြဲတည္း(၄)ဂိုးအထိ
သြင္းယူခဲ့ပါတယ္။
ၿပီးခဲ့တဲ့တစ္ပတ္က Al Fateh နဲ႔ (၂-၂)ဂိုးစီသေရက်တဲ့ပြဲမွာ
အယ္လ္နာဆာကစားသမားဘ၀ သြင္းဂိုးေဈဦးေပါက္ခဲ့တဲ့
စီေရာ္နယ္လ္ဒိုဟာ အခု Al Wehda နဲ႔ပြဲမွာေတာ့ (၄)ဂိုးအထိ
သြင္းယူၿပီး ေဆာ္ဒီလိဂ္မွာ (၃)ပြဲကစားၿပီးခ်ိန္မွာပဲ (၅)ဂိုးအထိ
သြင္းယူခဲ့သလို အယ္လ္နာဆာအသင္းအတြက္ ပထမဆုံးအႀကိမ္
ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
အခုဆိုရင္ စီေရာ္နယ္လ္ဒိုရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ ကလပ္နဲ႔
ႏိုင္ငံအသင္းအတြက္ ဟက္ထရစ္အႀကိမ္ေပါင္း (၆၁)ႀကိမ္အထိ
သြင္းယူခဲ့ၿပီး ဒါဟာ ၿပီးခဲ့တဲ့ႏွစ္၊ ဧၿပီလတုန္းက သူ ေႂကြးေၾကာ္ခဲ့တဲ့အတိုင္း
မျဖစ္,ျဖစ္ေအာင္လုပ္ျပႏိုင္ခဲ့တာပါ။
မန္ခ်က္စတာယူႏိုက္တက္အသင္း ကစားသမားဘဝမွာ ၿပီးခဲ့တဲ့ႏွစ္၊
ဧၿပီလအတြင္း ေနာ္ဝစ္ခ်္ကို (၃-၂)ဂိုးနဲ႔အႏိုင္ရတဲ့ပရီးမီးယားလိဂ္ပြဲတုန္းက
စီေရာ္နယ္လ္ဒိုဟာ အႀကိမ္(၆၀)ေျမာက္ ဟက္ရစ္သြင္းယူခဲ့ၿပီး
အဲဒီပြဲအၿပီးမွာ သူက ‘ အသက္(၃၀)မျပည့္ခင္ ဟက္ထရစ္အႀကိမ္
(၃၀)သြင္းခဲ့တယ္၊ အသက္(၃၀)ေနာက္ပိုင္းမွာလည္း ဟက္ထရစ္
အႀကိမ္ေပါင္း (၃၀)ျပည့္ခဲ့ပါၿပီ။ ဒီညီမွ်ျခင္းကို ခ်ိဳးဖ်က္ဖို႔ အခ်ိန္
ေရာက္လာၿပီ’လို႔ Twitter မွာ Post တင္ခဲ့ပါတယ္။
အဲဒီ Post တင္ၿပီး (၁၀)လအၾကာမွာပဲ စီေရာ္နယ္ဒိုက အသက္
(၃၀)ေနာက္ပိုင္းမွာ (၃၁)ႀကိမ္ေျမာက္ ဟက္ထရစ္ကို သြင္းယူၿပီးေတာ့
သူ႔ကတိစကားအတိုင္း စြမ္းေဆာင္ျပခဲ့တာျဖစ္ပါတယ္။