ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ မန်ယူကို ဒီတစ်ပတ်အတွင်း အန်တိုနီ ရောက်လာဖို့ရှိနေ

မန်ယူအသင်းရဲ့နွေရာသီနောက်ထပ်ပစ်မှတ်တစ်ခုလည်း ထိမှန်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ သရဲနီတွေလိုချင်နေတဲ့ အေဂျက်ဇ်တိုက်စစ်မှူး အန်တိုနီဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဝန်းကျင်နဲ့

ဒီတစ်ပတ်ထဲမှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာနိုင်တယ်လို့ Daily Mail သတင်းစာက ဖေါ်ပြပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးရဲ့အေးဂျင့်အဖွဲ့ဟာ လန်ဒန်ကိုရောက်နေပြီး ချဲလ်ဆီးကဇီယက်ချ်ကို အစားထိုးခေါ်ယူဖို့

စတင်ဆွေးနွေးနေတယ်လို့လည်း ရေးသားထားပါတယ်။ အန်တိုနီအတွက် မန်ယူရဲ့ချဉ်းကပ်မှုကို နယ်သာလန်ကလပ်က တင်းခံခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က သွားချင်နေတာကြောင့် လက်ရှိအချိန်မှာ

ပေါင် ၇၆ သန်းနဲ့အပိုဆုကြေးကမ်းလှမ်းမှုမျိုးဆိုရင် လက်ခံဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မန်ယူနဲ့ ၅ နှစ်စာချုပ်ဖို့ ယာယီသဘောတူထားတဲ့ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ သူ့ကိုယ်စားလှယ်တွေကို

ချက်ရှိုင်းယားမှာ အိမ်ရှာခိုင်းထားတယ်လို့လည်း ဖေါ်ပြထားပါတယ်။ စပိန်သတင်းစာ Marca ကလည်း အန်တိုနီဟာ မန်ယူကိုပြောင်းရွှေ့ရေးအတွက် အေဂျက်ဇ်ကနေ တရားဝင်ထွက်ခွာခွင့်တောင်းခဲ့တယ်လို့

ရေးသားပါတယ်။ သူဟာ နယ်သာလန်ကလပ်ရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ လာရောက်ပူးပေါင်းခြင်းမရှိသလို မန်ယူနဲ့လီဗာပူးလ်ပွဲကို အေးဂျင့်နဲ့အတူကြည့်နေပုံကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာတင်ပြီး

သူ့ရဲ့ဆန္ဒကိုပြခဲ့ပါတယ်။ အန်တိုနီရောက်လာရင်တော့ မန်ယူမှာ အပြောင်းအလဲတစ်ချို့ရှိလာနိုင်ပါတယ်။ အဲဗာတန်ကစိတ်ဝင်စားနေတဲ့ အီလန်ဂါနဲ့ ဂျိမ်းစ်ဂါနာတို့ ထွက်ခွာရဖို့ရှိနေတာပါ။

(zawgyi)

မန္ယူအသင္းရဲ႕ေႏြရာသီေနာက္ထပ္ပစ္မွတ္တစ္ခုလည္း ထိမွန္ဖို႔ရွိေနတယ္လို႔ သတင္းေတြထြက္လာပါတယ္။ သရဲနီေတြလိုခ်င္ေနတဲ့ ေအဂ်က္ဇ္တိုက္စစ္မႉး အန္တိုနီဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၈၀ ဝန္းက်င္နဲ႔

ဒီတစ္ပတ္ထဲမွာ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာႏိုင္တယ္လို႔ Daily Mail သတင္းစာက ေဖၚျပပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ေအးဂ်င့္အဖြဲ႕ဟာ လန္ဒန္ကိုေရာက္ေနၿပီး ခ်ဲလ္ဆီးကဇီယက္ခ်္ကို အစားထိုးေခၚယူဖို႔

စတင္ေဆြးေႏြးေနတယ္လို႔လည္း ေရးသားထားပါတယ္။ အန္တိုနီအတြက္ မန္ယူရဲ႕ခ်ဥ္းကပ္မႈကို နယ္သာလန္ကလပ္က တင္းခံခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က သြားခ်င္ေနတာေၾကာင့္ လက္ရွိအခ်ိန္မွာ

ေပါင္ ၇၆ သန္းနဲ႔အပိုဆုေၾကးကမ္းလွမ္းမႈမ်ိဳးဆိုရင္ လက္ခံဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ မန္ယူနဲ႔ ၅ ႏွစ္စာခ်ဳပ္ဖို႔ ယာယီသေဘာတူထားတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ

သူ႔ကိုယ္စားလွယ္ေတြကို ခ်က္ရႈိင္းယားမွာ အိမ္ရွာခိုင္းထားတယ္လို႔လည္း ေဖၚျပထားပါတယ္။ စပိန္သတင္းစာ Marca ကလည္း အန္တိုနီဟာ မန္ယူကိုေျပာင္းေ႐ႊ႕ေရးအတြက္ ေအဂ်က္ဇ္ကေန

တရားဝင္ထြက္ခြာခြင့္ေတာင္းခဲ့တယ္လို႔ ေရးသားပါတယ္။ သူဟာ နယ္သာလန္ကလပ္ရဲ႕ေလ့က်င့္ေရးအစီအစဥ္မွာ လာေရာက္ပူးေပါင္းျခင္းမရွိသလို မန္ယူနဲ႔လီဗာပူးလ္ပြဲကို ေအးဂ်င့္နဲ႔အတူၾကည့္ေနပုံကိုလည္း

ဆိုရွယ္မီဒီယာေပၚမွာတင္ၿပီး သူ႔ရဲ႕ဆႏၵကိုျပခဲ့ပါတယ္။ အန္တိုနီေရာက္လာရင္ေတာ့ မန္ယူမွာ အေျပာင္းအလဲတစ္ခ်ိဳ႕ရွိလာႏိုင္ပါတယ္။ အဲဗာတန္ကစိတ္ဝင္စားေနတဲ့ အီလန္ဂါနဲ႔ ဂ်ိမ္းစ္ဂါနာတို႔ ထြက္ခြာရဖို႔ရွိေနတာပါ။