ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်အောင် အခုထက် ပိုကြိုးစားရမယ့် အန်တိုနီ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်လူငယ်ကစားသမား အန်တိုနီအနေနဲ့

သူ့ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းပြသနိုင်အောင် အခုထက်
ပိုကြိုးစားသင့်တယ်လို့ Manchester Evening News သတင်းစာရဲ့ ဆောင်းပါးရှင်
စတီဗင်ရေးစ်တန်က သုံးသပ်ရေးသားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အန်တိုနီကို အေဂျက်စ်
အသင်းကနေ ခေါ်ယူခဲ့ပြီး သူ့အတွက် ပေါင်(၈၄)သန်းအထိ အသုံးပြုခဲ့ရတာကြောင့်
ကွင်းလယ်လူဟောင်း ပေ့ါဘာပြီးရင် အသင်းရဲ့ ဒုတိယမြောက် ကြေးအကြီးဆုံး
ကစားသမားဖြစ်ခဲ့ပါတယ်။

အသက်(၂၂)နှစ်သာရှိသေးတဲ့ အန်တိုနီဟာ အစပိုင်းပွဲတွေမှာ ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့ပြီး
အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပွဲဦးထွက်(၃)ပွဲဆက် ဂိုးသွင်းနိုင်သူအဖြစ်

စံချိန်တင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာတော့ အန်တိုနီရဲ့ စွမ်းဆောင်ရည်က တိုက်စစ်ပိုင်းအတွက်

အရမ်းကြီးထိရောက်မှုမရှိတော့ဘူးလို့ စတီဗင်ရေးစ်ကသုံးသပ်ခဲ့ပါတယ်။ အန်တိုနီအနေနဲ့
သူ့ရဲ့ပြောင်းရွှေ့ကြေးပမာဏ၊ ပရိသတ်တွေရဲ့ ကြီးမားတဲ့မျှော်လင့်ချက်ထားရှိမှုကြောင့်
ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယူနိုက်တက်နဲ့စာချုပ်ခဲ့ချိန်မှာအန်တိုနီက အသင်းအတွက် ကြီးမားတဲ့အောင်မြင်မှု
ရယူပေးသွားမယ်လို့ ကြွေးကြော်ထားတဲ့အတွက် လက်ကျန်ရာသီဝက်အတွင်း သူ့ရဲ့
ခြေစွမ်း အခုထက် ပိုကောင်းလာအောင် ကြိုးစားရမှာဖြစ်တယ်လို့ စတီဗင်ရေးစ်က
ရေးသားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဘရာဇီးလ္လူငယ္ကစားသမား အန္တိုနီအေနနဲ႔
သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းျပသႏိုင္ေအာင္ အခုထက္

ပိုႀကိဳးစားသင့္တယ္လို႔ Manchester Evening News သတင္းစာရဲ႕ ေဆာင္းပါးရွင္
စတီဗင္ေရးစ္တန္က သုံးသပ္ေရးသားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အန္တိုနီကို ေအဂ်က္စ္
အသင္းကေန ေခၚယူခဲ့ၿပီး သူ႔အတြက္ ေပါင္(၈၄)သန္းအထိ အသုံးျပဳခဲ့ရတာေၾကာင့္
ကြင္းလယ္လူေဟာင္း ေပ့ါဘာၿပီးရင္ အသင္းရဲ႕ ဒုတိယေျမာက္ ေၾကးအႀကီးဆုံး
ကစားသမားျဖစ္ခဲ့ပါတယ္။

အသက္(၂၂)ႏွစ္သာရွိေသးတဲ့ အန္တိုနီဟာ အစပိုင္းပြဲေတြမွာ ေျခစြမ္းျပဂိုးေတြသြင္းယူခဲ့ၿပီး
အသင္းသမိုင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ပြဲဦးထြက္(၃)ပြဲဆက္ ဂိုးသြင္းႏိုင္သူအျဖစ္
စံခ်ိန္တင္ခဲ့ပါတယ္။

ဒါေပမဲ့ ေနာက္ပိုင္းပြဲေတြမွာေတာ့ အန္တိုနီရဲ႕ စြမ္းေဆာင္ရည္က တိုက္စစ္ပိုင္းအတြက္
အရမ္းႀကီးထိေရာက္မႈမရွိေတာ့ဘူးလို႔ စတီဗင္ေရးစ္ကသုံးသပ္ခဲ့ပါတယ္။ အန္တိုနီအေနနဲ႔

သူ႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကးပမာဏ၊ ပရိသတ္ေတြရဲ႕ ႀကီးမားတဲ့ေမွ်ာ္လင့္ခ်က္ထားရွိမႈေၾကာင့္
ဖိအားေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ယူႏိုက္တက္နဲ႔စာခ်ဳပ္ခဲ့ခ်ိန္မွာအန္တိုနီက အသင္းအတြက္ ႀကီးမားတဲ့ေအာင္ျမင္မႈ
ရယူေပးသြားမယ္လို႔ ေႂကြးေၾကာ္ထားတဲ့အတြက္ လက္က်န္ရာသီဝက္အတြင္း သူ႔ရဲ႕
ေျခစြမ္း အခုထက္ ပိုေကာင္းလာေအာင္ ႀကိဳးစားရမွာျဖစ္တယ္လို႔ စတီဗင္ေရးစ္က
ေရးသားခဲ့ပါတယ္။