ပြိုင်ဘက်ဟောင်း မက်ဆီနဲ့ ပြန်ဆုံတဲ့ပွဲမှာ ငယ်မူငယ်သွေးကြွပြီး Skill ထုတ်ပြခဲ့တဲ့ စီရော်နယ်လ်ဒို

PSG အသင်းနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါ်တူဂီနာမည်ကျော်

ကစားသမား စီရော်နယ်လ်ဒိုဟာ Nutmeg အကွက်နဲ့ ပြိုင်ဘက်ကို
လှည့်စားပြခဲ့တဲ့အဖြစ်အပျက်ကို ပရိသတ်တွေ နှစ်သက်သဘောကျ
နေပါတယ်။

Saudi All-Star နဲ့ PSG တို့ရဲ့ ခြေစမ်းပွဲဟာ GOAT နှစ်ဦးရဲ့
အားပြိုင်မှုကြောင့် စိတ်ဝင်စားစရာကောင်းခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့
ဆော်ဒီမြေ ပွဲဦးထွက်ပွဲမှာ (၂)ဂိုးသွင်းယူခဲ့သလို မက်ဆီကလည်း
အားကျမခံ (၁)ဂိုးသွင်းခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ Saudi All-Star
အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ငယ်မူငယ်သွေးကြွပြီးတော့

အကွက်တွေ ထုတ်ပြခဲ့ပါတယ်။

ပွဲချိန်(၁၁)မိနစ်မှာ စီရော်နယ်လ်ဒိုက PSG ကွင်းလယ်လူ ကားလို့စ်ဆိုလာရဲ့

ပေါင်ကြားထဲကနေ Nutmeg အကွက်နဲ့ ဘောလုံးဆွဲထုတ်ပြီး သူက
ဘေးနားမှာရှိတဲ့ အသင်းဖော်ကို ဘောလုံးမယူခိုင်းဘဲ သူကိုယ်တိုင်
ဆက်ဆွဲပြေးခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ (၆၁)မိနစ်သာ ကစားခဲ့ရပေမယ့် PSG ခံစစ်ကို
အကောင်းဆုံးထိုးဖောက်ကစားနိုင်ပြီး (၃၄)မိနစ်မှာ ပယ်နယ်တီကနေ
ပထမချေပဂိုး၊ ပထမပိုင်းပြီးခါနီးမှာ ဒုတိယချေပဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

[Zawgyi]

PSG အသင္းနဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ေပၚတူဂီနာမည္ေက်ာ္
ကစားသမား စီေရာ္နယ္လ္ဒိုဟာ Nutmeg အကြက္နဲ႔ ၿပိဳင္ဘက္ကို
လွည့္စားျပခဲ့တဲ့အျဖစ္အပ်က္ကို ပရိသတ္ေတြ ႏွစ္သက္သေဘာက်

ေနပါတယ္။

Saudi All-Star နဲ႔ PSG တို႔ရဲ႕ ေျခစမ္းပြဲဟာ GOAT ႏွစ္ဦးရဲ႕

အားၿပိဳင္မႈေၾကာင့္ စိတ္ဝင္စားစရာေကာင္းခဲ့ၿပီး စီေရာ္နယ္လ္ဒိုရဲ႕
ေဆာ္ဒီေျမ ပြဲဦးထြက္ပြဲမွာ (၂)ဂိုးသြင္းယူခဲ့သလို မက္ဆီကလည္း
အားက်မခံ (၁)ဂိုးသြင္းခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ Saudi All-Star
အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ၿပီး ငယ္မူငယ္ေသြးႂကြၿပီးေတာ့
အကြက္ေတြ ထုတ္ျပခဲ့ပါတယ္။

ပြဲခ်ိန္(၁၁)မိနစ္မွာ စီေရာ္နယ္လ္ဒိုက PSG ကြင္းလယ္လူ ကားလို႔စ္ဆိုလာရဲ႕
ေပါင္ၾကားထဲကေန Nutmeg အကြက္နဲ႔ ေဘာလုံးဆြဲထုတ္ၿပီး သူက
ေဘးနားမွာရွိတဲ့ အသင္းေဖာ္ကို ေဘာလုံးမယူခိုင္းဘဲ သူကိုယ္တိုင္

ဆက္ဆြဲေျပးခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ (၆၁)မိနစ္သာ ကစားခဲ့ရေပမယ့္ PSG ခံစစ္ကို

အေကာင္းဆုံးထိုးေဖာက္ကစားႏိုင္ၿပီး (၃၄)မိနစ္မွာ ပယ္နယ္တီကေန
ပထမေခ်ပဂိုး၊ ပထမပိုင္းၿပီးခါနီးမွာ ဒုတိယေခ်ပဂိုးေတြ သြင္းယူႏိုင္ခဲ့ပါတယ္။