
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဆာဘစ်ဇာဟာ





လက်စတာနဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ ဝုဒ်ဖက်စ်ရဲ့ ဒူးကို
ခြေထောက်နဲ့ကန်ခဲ့ပေမယ့် ကံကောင်းလို့ အနီကတ်မထိခဲ့ပါဘူး။





ဒါပေမဲ့လည်း အဲဒီပွဲကို ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်
ဆောင်ရွက်ခဲ့တဲ့ နာမည်ကျော်နည်းပြဟောင်း ဂရေမီဆောင်းနက်စ်
ကတော့ ဆာဘစ်ဇာဟာ ရည်ရွယ်ချက်ရှိရှိ ခြေထောက်နဲ့
ကန်ခဲ့တာဖြစ်တယ်လို့ ဝေဖန်စွပ်စွဲလိုက်ပါတယ်။





ပွဲကစားချိန်(၄၁)မိနစ်မှာ လက်စတာဂိုးဧရိယာထိပ်နားမှာ ဘောလုံး
ယှဉ်လုဖို့ကြိုးစားရင်းကနေ ဝုဒ်ဖက်စ်က ဘောလုံးရှင်းထုတ်ပြီးချိန်မှ
ဆာဘစ်ဇာက ခြေထောက်နဲ့ကန်ခဲ့တာဖြစ်ပြီး ဆိုးဆိုးရွားရွား





ဒဏ်ရာမရခဲ့ဘဲ ဆေးကုသမှုခံယူပြီးတော့ ပွဲဆက်လက်ကစားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကို VAR က ပြန်လည်စစ်ဆေးခဲ့ပေမယ့် VAR ဒိုင်လူကြီး





ပေါလ်တီယာနေးက ဆာဘစ်ဇာကို ဘာမှအရေးမယူခဲ့ပါဘူး။ ပွဲအပြီး
Sky Sports ရုပ်သံနဲ့အင်တာဗျူးမှာ ဆောင်းနက်စ်က “ဘယ်လို
အကြောင်းနဲ့ပဲဖြစ်ဖြစ် ဒါဟာ ၁၀၀% အနီကတ်ပြရမှာဖြစ်ပါတယ်။





ဆာဘစ်ဇာအနေနဲ့ ဘောလုံးရယူဖို့ ရည်ရွယ်တယ်ဆိုရင် ဒီလို
လုပ်ဖို့လိုလား . .ဆာဘစ်ဇာက လူကို ရည်ရွယ်ပြီး ကန်ခဲ့တာပါ”လို့
ပြောကြားခဲ့ပါတယ်။





[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဆာဘစ္ဇာဟာ
လက္စတာနဲ႔ပြဲမွာ ၿပိဳင္ဘက္ေနာက္ခံလူ ဝုဒ္ဖက္စ္ရဲ႕ ဒူးကို
ေျခေထာက္နဲ႔ကန္ခဲ့ေပမယ့္ ကံေကာင္းလို႔ အနီကတ္မထိခဲ့ပါဘူး။





ဒါေပမဲ့လည္း အဲဒီပြဲကို ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္
ေဆာင္႐ြက္ခဲ့တဲ့ နာမည္ေက်ာ္နည္းျပေဟာင္း ဂေရမီေဆာင္းနက္စ္





ကေတာ့ ဆာဘစ္ဇာဟာ ရည္႐ြယ္ခ်က္ရွိရွိ ေျခေထာက္နဲ႔
ကန္ခဲ့တာျဖစ္တယ္လို႔ ေဝဖန္စြပ္စြဲလိုက္ပါတယ္။





ပြဲကစားခ်ိန္(၄၁)မိနစ္မွာ လက္စတာဂိုးဧရိယာထိပ္နားမွာ ေဘာလုံး
ယွဥ္လုဖို႔ႀကိဳးစားရင္းကေန ဝုဒ္ဖက္စ္က ေဘာလုံးရွင္းထုတ္ၿပီးခ်ိန္မွ
ဆာဘစ္ဇာက ေျခေထာက္နဲ႔ကန္ခဲ့တာျဖစ္ၿပီး ဆိုးဆိုး႐ြား႐ြား
ဒဏ္ရာမရခဲ့ဘဲ ေဆးကုသမႈခံယူၿပီးေတာ့ ပြဲဆက္လက္ကစားခဲ့ပါတယ္။





အဲဒီျဖစ္ရပ္ကို VAR က ျပန္လည္စစ္ေဆးခဲ့ေပမယ့္ VAR ဒိုင္လူႀကီး
ေပါလ္တီယာေနးက ဆာဘစ္ဇာကို ဘာမွအေရးမယူခဲ့ပါဘူး။ ပြဲအၿပီး
Sky Sports ႐ုပ္သံနဲ႔အင္တာဗ်ဴးမွာ ေဆာင္းနက္စ္က “ဘယ္လို





အေၾကာင္းနဲ႔ပဲျဖစ္ျဖစ္ ဒါဟာ ၁၀၀% အနီကတ္ျပရမွာျဖစ္ပါတယ္။
ဆာဘစ္ဇာအေနနဲ႔ ေဘာလုံးရယူဖို႔ ရည္႐ြယ္တယ္ဆိုရင္ ဒီလို





လုပ္ဖို႔လိုလား . .ဆာဘစ္ဇာက လူကို ရည္႐ြယ္ၿပီး ကန္ခဲ့တာပါ”လို႔
ေျပာၾကားခဲ့ပါတယ္။