ပြိုင်ဘက်ဂျပန်သား မူးလဲကျသွားအောင် စကေးပြကြမ်းခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီနဲ့ အူရာဝါရတ်တို့ကစားတဲ့ ခြေစမ်းပွဲကို တိုက်ရိုက်အစီရင်ခံနေသူဟာ ဘယ်လိုမှမထိန်းနိုင်ဘဲ ရယ်မောခဲ့ပါတယ်။ ပြီးတော့ မက်ဆီဟာ အူရာဝါကစားသမားရဲ့ဘဝကို

အဆုံးသတ်စေခဲ့တယ်လို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ အကြောင်းကတော့ အာဂျင်တီးနားကြယ်ပွင့်ဟာ သူ့ရဲ့ သူမတူတဲ့စကေးကိုပြပြီး ဂျပန်နောက်ခံလူကို အရူးလုပ်သွားခဲ့လို့ပါပဲ။

ပီအက်စ်ဂျီဟာ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် ဂျပန်ကိုရောက်နေပြီး ဂျေလိဂ်ကလပ်နဲ့ပွဲမှာ ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပါရီအခြေစိုက်ကလပ်အတွက် ဂိုးတွေကိုတော့

ဆာရာဘီရာ၊ အမ်ဘာပီနဲ့ ကာလီမူအန်ဒိုတို့က သွင်းပေးခဲ့ကြပါတယ်။ မက်ဆီဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပရိသတ်တွေမင်သက်သွားလောက်တဲ့ လက်ဖျားခါလောက်စရာ

ဘောလုံးစကေးကို ပြသွားနိုင်ခဲ့ပါတယ်။ ကွင်းညာခြမ်းမှာ ရာမို့စ်ပေးလိုက်တဲ့ ဘောလုံးကို ရွှေဘောလုံးဆုစံချိန်ရှင် လက်ခံရရှိခဲ့ပါတယ်။

အနားမှာရှိတဲ့ အူရာဝါနောက်ခံလူကလည်း သူ့ကို ချက်ချင်းပဲဖိအားလာပေးခဲ့ပါတယ်။ ဒီတော့ မက်ဆီက သူ့ရဲ့အံ့မခန်းတဲ့ကျွမ်းကျင်မှုနဲ့အတူ လှည့်စားခဲ့တာပါ။

ဂျပန်နောက်ခံလူဟာ ဟိုဘက်လိုက်ရမလို ဒီဘက်ပိတ်ရမလိုနဲ့ နောက်ဆုံးမှာတော့ မူးဝေပြီးလဲကျသွားခဲ့ရပါတယ်။ တနည်းအားဖြင့် ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေကို ကျော်ဖြတ်ပြခဲ့ဖူးတဲ့

မက်ဆီရဲ့မှော်ကွက်ထဲမှာ မျောသွားခဲ့ရတာပါ။ ဒါကြောင့် တိုက်ရိုက်အစီရင်ခံနေသူဟာ ဘယ်လိုမှမထိန်းနိုင်တော့ဘဲ ရယ်မောပြီး ပြိုင်ဘက်ရဲ့ဝိညာဉ်ကို မက်ဆီလုယူသွားပြီလို့ တအံ့တသြ မှတ်ချက်ပေးခဲ့ရပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီနဲ႔ အူရာဝါရတ္တို႔ကစားတဲ့ ေျခစမ္းပြဲကို တိုက္႐ိုက္အစီရင္ခံေနသူဟာ ဘယ္လိုမွမထိန္းႏိုင္ဘဲ ရယ္ေမာခဲ့ပါတယ္။ ၿပီးေတာ့ မက္ဆီဟာ အူရာဝါကစားသမားရဲ႕ဘဝကို

အဆုံးသတ္ေစခဲ့တယ္လို႔လည္း မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ အာဂ်င္တီးနားၾကယ္ပြင့္ဟာ သူ႔ရဲ႕ သူမတူတဲ့စေကးကိုျပၿပီး ဂ်ပန္ေနာက္ခံလူကို အ႐ူးလုပ္သြားခဲ့လို႔ပါပဲ။

ပီအက္စ္ဂ်ီဟာ ရာသီႀကိဳေျခစမ္းခရီးစဥ္အျဖစ္ ဂ်ပန္ကိုေရာက္ေနၿပီး ေဂ်လိဂ္ကလပ္နဲ႔ပြဲမွာ ၃-၀ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ပါရီအေျခစိုက္ကလပ္အတြက္ ဂိုးေတြကိုေတာ့ ဆာရာဘီရာ၊

အမ္ဘာပီနဲ႔ ကာလီမူအန္ဒိုတို႔က သြင္းေပးခဲ့ၾကပါတယ္။ မက္ဆီဟာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ပရိသတ္ေတြမင္သက္သြားေလာက္တဲ့ လက္ဖ်ားခါေလာက္စရာ ေဘာလုံးစေကးကို

ျပသြားႏိုင္ခဲ့ပါတယ္။ ကြင္းညာျခမ္းမွာ ရာမို႔စ္ေပးလိုက္တဲ့ ေဘာလုံးကို ေ႐ႊေဘာလုံးဆုစံခ်ိန္ရွင္ လက္ခံရရွိခဲ့ပါတယ္။ အနားမွာရွိတဲ့ အူရာဝါေနာက္ခံလူကလည္း သူ႔ကို ခ်က္ခ်င္းပဲဖိအားလာေပးခဲ့ပါတယ္။

ဒီေတာ့ မက္ဆီက သူ႔ရဲ႕အံ့မခန္းတဲ့ကြၽမ္းက်င္မႈနဲ႔အတူ လွည့္စားခဲ့တာပါ။ ဂ်ပန္ေနာက္ခံလူဟာ ဟိုဘက္လိုက္ရမလို ဒီဘက္ပိတ္ရမလိုနဲ႔ ေနာက္ဆုံးမွာေတာ့ မူးေဝၿပီးလဲက်သြားခဲ့ရပါတယ္။

တနည္းအားျဖင့္ ကမာၻ႔အေကာင္းဆုံးေနာက္ခံလူေတြကို ေက်ာ္ျဖတ္ျပခဲ့ဖူးတဲ့ မက္ဆီရဲ႕ေမွာ္ကြက္ထဲမွာ ေမ်ာသြားခဲ့ရတာပါ။

ဒါေၾကာင့္ တိုက္႐ိုက္အစီရင္ခံေနသူဟာ ဘယ္လိုမွမထိန္းႏိုင္ေတာ့ဘဲ ရယ္ေမာၿပီး ၿပိဳင္ဘက္ရဲ႕ဝိညာဥ္ကို မက္ဆီလုယူသြားၿပီလို႔ တအံ့တၾသ မွတ္ခ်က္ေပးခဲ့ရပါတယ္။