ပြိုင်ဘက်ကို ကွန်ဖူးကစ်နဲ့ကျွေးပြီး ဆေးရုံရောက်သွားအောင် ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက်နောက်ခံလူဟောင်း ဘာယီ

မန်ချက်စတာယူနိုက်တက်ကနေ မာဆေးလ်အသင်းမှာ အငှားနဲ့

သွားကစားနေတဲ့ နောက်ခံလူဘာယီဟာ ပြိုင်ဘက်ကစားသမားရဲ့
ရင်ဘတ်ကို ကွန်ဖူးကစ်နဲ့ကန်ခဲ့တာကြောင့် ဆေးရုံရောက်သွားတဲ့
အထိ ဖြစ်ခဲ့ရပါတယ်။

ပြင်သစ်ဖလားပွဲအဖြစ် စတုတ္ထတန်းကလပ် Hyeres အသင်းနဲ့ကစားခဲ့တဲ့
ပွဲမှာ ပွဲစလို့ (၁၅)မိနစ်အကြာမှာပဲ ဘာယီဟာ ခြေထောက်မြှောက်ပြီးတော့
ဘောလုံးရှင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက်ကွင်းလယ်လူ
အန်ဒီယာယီရဲ့ ရင်ဘတ်ကို ကန်ခဲ့သလိုဖြစ်ပြီး တိုက်ရိုက်အနီကတ်နဲ့

အထုတ်ခံခဲ့ရပါတယ်။

အန်ဒီယာယီဟာ ဒဏ်ရာကြောင့် ပွဲဆက်လက်မကစားနိုင်ဘဲ နောက်ခံလူ

မက်ဂ်နော်ရာနဲ့ လူစားလဲခံခဲ့ရသလို ချက်ချင်းဆိုသလိုပဲ လူနာတင်ယာဉ်နဲ့
ဆေးရုံကို တင်ပို့ခဲ့ရပြီး အခုအချိန်မှာ အခြေအနေတည်ငြိမ်သွားပြီဖြစ်ပေမယ့်
နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။

ပွဲအစပိုင်းမှာပဲ ဘာယီ အထုတ်ခံရတာကြောင့် မာဆေးလ်တို့ (၁၀)ယောက်နဲ့
ဆက်ကစားခဲ့ရပေမယ့် ယူနိုက်တက်ကစားသမားဟောင်း
အလက်ဆစ်ဆန်းချက်ဇ်က ပယ်နယ်တီကနေ အဖွင့်ဂိုး၊ မိနစ်(၇၀)မှာ ဒီယန်းက
ဒုတိယဂိုးတွေ သွင်းယူခဲ့လို့ (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရခဲ့တဲ့ ဘာယီဟာ
အခု မာဆေးလ်အသင်းမှာလည်း ဒဏ်ရာတွေကြောင့် ပုံမှန်ကစားခွင့်မရဘဲ

စုစုပေါင်း(၁၁)ပွဲသာ ကစားခဲ့ရပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ကေန မာေဆးလ္အသင္းမွာ အငွားနဲ႔

သြားကစားေနတဲ့ ေနာက္ခံလူဘာယီဟာ ၿပိဳင္ဘက္ကစားသမားရဲ႕
ရင္ဘတ္ကို ကြန္ဖူးကစ္နဲ႔ကန္ခဲ့တာေၾကာင့္ ေဆး႐ုံေရာက္သြားတဲ့
အထိ ျဖစ္ခဲ့ရပါတယ္။

ျပင္သစ္ဖလားပြဲအျဖစ္ စတုတၳတန္းကလပ္ Hyeres အသင္းနဲ႔ကစားခဲ့တဲ့
ပြဲမွာ ပြဲစလို႔ (၁၅)မိနစ္အၾကာမွာပဲ ဘာယီဟာ ေျခေထာက္ေျမႇာက္ၿပီးေတာ့
ေဘာလုံးရွင္းထုတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ၿပိဳင္ဘက္ကြင္းလယ္လူ
အန္ဒီယာယီရဲ႕ ရင္ဘတ္ကို ကန္ခဲ့သလိုျဖစ္ၿပီး တိုက္႐ိုက္အနီကတ္နဲ႔

အထုတ္ခံခဲ့ရပါတယ္။

အန္ဒီယာယီဟာ ဒဏ္ရာေၾကာင့္ ပြဲဆက္လက္မကစားႏိုင္ဘဲ ေနာက္ခံလူ

မက္ဂ္ေနာ္ရာနဲ႔ လူစားလဲခံခဲ့ရသလို ခ်က္ခ်င္းဆိုသလိုပဲ လူနာတင္ယာဥ္နဲ႔
ေဆး႐ုံကို တင္ပို႔ခဲ့ရၿပီး အခုအခ်ိန္မွာ အေျခအေနတည္ၿငိမ္သြားၿပီျဖစ္ေပမယ့္
ေနာက္ထပ္စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ရဦးမွာျဖစ္ပါတယ္။

ပြဲအစပိုင္းမွာပဲ ဘာယီ အထုတ္ခံရတာေၾကာင့္ မာေဆးလ္တို႔ (၁၀)ေယာက္နဲ႔
ဆက္ကစားခဲ့ရေပမယ့္ ယူႏိုက္တက္ကစားသမားေဟာင္း
အလက္ဆစ္ဆန္းခ်က္ဇ္က ပယ္နယ္တီကေန အဖြင့္ဂိုး၊ မိနစ္(၇၀)မွာ ဒီယန္းက
ဒုတိယဂိုးေတြ သြင္းယူခဲ့လို႔ (၂-ဝ)ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။

ယူႏိုက္တက္အသင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ရခဲ့တဲ့ ဘာယီဟာ
အခု မာေဆးလ္အသင္းမွာလည္း ဒဏ္ရာေတြေၾကာင့္ ပုံမွန္ကစားခြင့္မရဘဲ

စုစုေပါင္း(၁၁)ပြဲသာ ကစားခဲ့ရပါတယ္။