ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ သရဲနီနည်းပြနေရာ အတွက် အနိုင်ရရှိသွားခဲ့တဲ့ တန်ဟက်

မန်ယူနည်းပြနေရာအတွက် ပြိုင်ဆိုင်မှုမှာ အဲရစ်တန်ဟက်က

ပိုချတ်တီနိုကိုအနိုင်ရသွားပြီဖြစ်ကြောင်း အင်္ဂလန်က The Sun

သတင်းစာက ဖော်ပြလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဆိုရှယ်နေရာ

အစားထိုးမယ့် အမြဲတမ်းနည်းပြနေရာအတွက် ကြိုးပမ်းနေတာဖြစ်ပြီး

လက်ရှိနည်းပြရန်းနစ်ဟာ အသင်းကို ယာယီကိုင်တွယ်နေတာပါ။

အေဂျက်နည်းပြတန်ဟက်နဲ့ ပီအက်စ်ဂျီနည်းပြပိုချက်တီနိုတို့ဟာ

မန်ယူရဲ့အမြဲတမ်းနည်းပြရာထူးအတွက် အပြိုင်ဖြစ်နေရာကနေ အခုတော့

အိုးလ်ထရက်ဖို့ဒ်တာဝန်ရှိသူတွေက တန်ဟက်ကို ရွေးချယ်လိုက်ပါပြီ။

အဲရစ်တန်ဟက်ဟာ မန်ယူကို အနည်းဆုံး ၅ နှစ်ကိုင်တွယ်သွားနိုင်

တယ်လို့လည်း ဆိုပါတယ်။ မန်ယူဟာ ၂၀၁၃ မှာ ဖာဂူဆန်အနားယူ

သွားပြီးကတည်းက ကျဆင်းသွားခဲ့ပြီး တန်ဟက် အသင်းကို ပြန်လည်

ဆွဲတင်ပေးနိုင်မယ်လို့ ယူနိုက်တက်တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။

လူသစ်ဖြည့်တင်းဖို့အရေးပါတဲ့နွေရာသီမတိုင်ခင် နည်းပြသစ်အနေနဲ့

အသင်းနဲ့အမြန်ဆုံးအဆင်ပြေရေးအတွက် ကလပ်ဟာ ရာသီမကုန်ခင်မှာပဲ

တန်ဟက်ကို ကြေညာသွားမယ်လို့ နားလည်ရပါတယ်။

မန်ယူရဲ့အမြဲတမ်းနည်းပြနေရာအတွက် ချဲလ်ဆီးနည်းပြတူချယ်လည်း

သတင်းထွက်ခဲ့သေးပေမယ့် အဲဒီဂျာမန်သားကတော့ မန်ယူကို

နည်းပြဖု့ိ ငြင်းဆန်ထားတာပါ။ အမြဲတမ်းနည်းပြသစ်ရှာပုံတော်မှာ

လက်ရှိနည်းပြရန်းနစ်ဟာလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့

ပါဝင်တယ်လို့ နားလည်ရပါတယ်။ ၅၂ နှစ်အရွယ် အဲရစ်တန်ဟက်ဟာ

အေဂျက်နဲ့ အခုရာသီကုန်ထိ စာချုပ်သက်တမ်းရှိထားတာပါ။

သူဟာ အဲဒီနယ်သာလန်ကလပ်ကို တိုက်စစ်အစွမ်းပြအသင်းအဖြစ်

စွမ်းဆောင်ပေးထားပါတယ်။

zawgyi

ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့တဲ့ သရဲနီနည္းျပေနရာ အတြက္ အႏိုင္ရရွိသြားခဲ့တဲ့ တန္ဟက္

မန္ယူနည္းျပေနရာအတြက္ ၿပိဳင္ဆိုင္မႈမွာ အဲရစ္တန္ဟက္က

ပိုခ်တ္တီႏိုကိုအႏိုင္ရသြားၿပီျဖစ္ေၾကာင္း အဂၤလန္က The Sun

သတင္းစာက ေဖာ္ျပလိုက္ပါတယ္။ ယူႏိုက္တက္ဟာ ဆိုရွယ္ေနရာ

အစားထိုးမယ့္ အၿမဲတမ္းနည္းျပေနရာအတြက္ ႀကိဳးပမ္းေနတာျဖစ္ၿပီး

လက္ရွိနည္းျပရန္းနစ္ဟာ အသင္းကို ယာယီကိုင္တြယ္ေနတာပါ။

ေအဂ်က္နည္းျပတန္ဟက္နဲ႔ ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုတို႔ဟာ

မန္ယူရဲ႕အၿမဲတမ္းနည္းျပရာထူးအတြက္ အၿပိဳင္ျဖစ္ေနရာကေန အခုေတာ့

အိုးလ္ထရက္ဖို႔ဒ္တာဝန္ရွိသူေတြက တန္ဟက္ကို ေ႐ြးခ်ယ္လိုက္ပါၿပီ။

အဲရစ္တန္ဟက္ဟာ မန္ယူကို အနည္းဆုံး ၅ ႏွစ္ကိုင္တြယ္သြားႏိုင္

တယ္လို႔လည္း ဆိုပါတယ္။ မန္ယူဟာ ၂၀၁၃ မွာ ဖာဂူဆန္အနားယူ

သြားၿပီးကတည္းက က်ဆင္းသြားခဲ့ၿပီး တန္ဟက္ အသင္းကို ျပန္လည္

ဆြဲတင္ေပးႏိုင္မယ္လို႔ ယူႏိုက္တက္တာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနပါတယ္။

လူသစ္ျဖည့္တင္းဖို႔အေရးပါတဲ့ေႏြရာသီမတိုင္ခင္ နည္းျပသစ္အေနနဲ႔

အသင္းနဲ႔အျမန္ဆုံးအဆင္ေျပေရးအတြက္ ကလပ္ဟာ ရာသီမကုန္ခင္မွာပဲ

တန္ဟက္ကို ေၾကညာသြားမယ္လို႔ နားလည္ရပါတယ္။

မန္ယူရဲ႕အၿမဲတမ္းနည္းျပေနရာအတြက္ ခ်ဲလ္ဆီးနည္းျပတူခ်ယ္လည္း

သတင္းထြက္ခဲ့ေသးေပမယ့္ အဲဒီဂ်ာမန္သားကေတာ့ မန္ယူကို

နည္းျပဖု႔ိ ျငင္းဆန္ထားတာပါ။ အၿမဲတမ္းနည္းျပသစ္ရွာပုံေတာ္မွာ

လက္ရွိနည္းျပရန္းနစ္ဟာလည္း တစ္စိတ္တစ္ပိုင္းအေနနဲ႔

ပါဝင္တယ္လို႔ နားလည္ရပါတယ္။ ၅၂ ႏွစ္အ႐ြယ္ အဲရစ္တန္ဟက္ဟာ

ေအဂ်က္နဲ႔ အခုရာသီကုန္ထိ စာခ်ဳပ္သက္တမ္းရွိထားတာပါ။

သူဟာ အဲဒီနယ္သာလန္ကလပ္ကို တိုက္စစ္အစြမ္းျပအသင္းအျဖစ္

စြမ္းေဆာင္ေပးထားပါတယ္။