ပြင်သစ်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဒက်စ်ချမ့်စ်

ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်စ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့

သဘောတူညီမှုရခဲ့ပြီး လက်ရွေးစင်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ
အပြီးအထိ ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ဒက်စ်ချမ့်စ်နဲ့ ၂၀၂၆၊ ဇွန်လအထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ သတင်းကို
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၂၂ကမ္ဘာ့ဖလား
အပြီးမှာ နိုင်ငံအသင်းနဲ့ ဒက်စ်ချမ့်စ် လမ်းခွဲတော့မယ်ဆိုတဲ့ သတင်းတွေ
အဆုံးသတ်သွားပါတယ်။

ဒက်စ်ချမ့်စ်လက်ထက်မှာ ပြင်သစ်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆု
ဆွတ်ခူးနိုင်ခဲ့ပြီး,ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသင်းသမိုင်း
တစ်လျှောက် ပထမဆုံးအဖြစ် ဗိုလ်လုပွဲ(၂)ကြိမ်ဆက် တက်ခွင့်ရခဲ့ပေမယ့်

အာဂျင်တီးနားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့်
ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဒက်စ်ချမ့်စ်ရဲ့နေရာကို နာမည်ကျော်နည်းပြ
တစ်ဦးဖြစ်တဲ့ ဇီဒန်း အစားထိုး ဝင်ရောက်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပြင်သစ်အသင်းနည်းပြအဖြစ်
ဒက်စ်ချမ့်စ်ပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။

[Zawgyi]

ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္စ္ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔
သေဘာတူညီမႈရခဲ့ၿပီး လက္ေ႐ြးစင္အသင္းကို ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ
အၿပီးအထိ ဆက္လက္ကိုင္တြယ္သြားမွာျဖစ္ပါတယ္။

ဒက္စ္ခ်မ့္စ္နဲ႔ ၂၀၂၆၊ ဇြန္လအထိ စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့ သတင္းကို
ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္က တရားဝင္ထုတ္ျပန္ေၾကညာခဲ့ၿပီး ၂၀၂၂ကမာၻ႔ဖလား

အၿပီးမွာ ႏိုင္ငံအသင္းနဲ႔ ဒက္စ္ခ်မ့္စ္ လမ္းခြဲေတာ့မယ္ဆိုတဲ့ သတင္းေတြ
အဆုံးသတ္သြားပါတယ္။

ဒက္စ္ခ်မ့္စ္လက္ထက္မွာ ျပင္သစ္အသင္းဟာ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံဆု
ဆြတ္ခူးႏိုင္ခဲ့ၿပီး,ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အသင္းသမိုင္း
တစ္ေလွ်ာက္ ပထမဆုံးအျဖစ္ ဗိုလ္လုပြဲ(၂)ႀကိမ္ဆက္ တက္ခြင့္ရခဲ့ေပမယ့္
အာဂ်င္တီးနားအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္
ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ဒက္စ္ခ်မ့္စ္ရဲ႕ေနရာကို နာမည္ေက်ာ္နည္းျပ
တစ္ဦးျဖစ္တဲ့ ဇီဒန္း အစားထိုး ဝင္ေရာက္ဖို႔ရွိတယ္ဆိုတဲ့ သတင္းေတြ

ထြက္ေပၚခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ျပင္သစ္အသင္းနည္းျပအျဖစ္
ဒက္စ္ခ်မ့္စ္ပဲ ဆက္ရွိေနမွာျဖစ္ပါတယ္။