ပြင်သစ်သားချင်း မျက်နှာလိုက်တဲ့ အွန်နရီကို ဟာလန်းဘက်ကနေ ဖာဒီနန် လောင်းကြေးထပ်

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဟာလန်းရော အမ်ဘာပီပါ သူတို့ကိုယ်စားပြုအသင်းတွေအတွက် ၂ ဂိုးစီ သွင်းပေးခဲ့ကြတယ်။ ဒါကြောင့် အနာဂတ်မှာ ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်နှစ်ပွင့် ဖြစ်လာကြလိမ့်မယ်ဆိုတဲ့

ခန့်မှန်းမှုတွေကလည်း ပွက်လောညံနေတယ်။ ဒီနှစ်ယောက် ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းကလည်း အခုကတည်းကထွက်နေပါပြီ။ ပြင်သစ်ဂန္ထဝင်အွန်နရီကတော့ အမ်ဘာပီကိုပိုပြီးနှစ်သက်သလို သူ့အသင်းဆိုရင်

ပီအက်စ်ဂျီတိုက်စစ်မှူးကိုသာရွေးမယ်လို့ ဆိုပါတယ်။ “ အမ်ဘာပီက ဖန်တီးမှုရော အဆုံးသတ်ပါ ရတယ်။ ဟာလန်းက မဖန်တီးနိုင်ဘူး။ ဂိုးသွင်းရုံပဲ။ ပြီးတော့ အမ်ဘာပီက ဘယ်ညာတောင်ပံနှစ်ဖက်လုံး ကစားနိုင်တယ်။

အလယ်လည်း ရတယ်။ ဟာလန်းက ဗဟိုတိုက်စစ်မှူးသက်သက်ပဲ။ ဒါပေမဲ့ သူဟာ ခမ်းနားတဲ့ကစားသမားတစ်ယောက်ပါ။ မနှစ်က သူသာရှိရင် ရီးရဲလ်ကိုကျော်ဖြတ်ပြီး မန်စီးတီးချန်ပီယံဖြစ်သွားနိုင်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အမ်ဘာပီက ကျွန်တော့်အကြိုက်ဆုံးဖြစ်နေဆဲပါ ” လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်းက CBS သတင်းဌာနကို ပြောသွားခဲ့ပါတယ်။ ဒါဟာ BT Sport ရုပ်သံရဲ့ဘောလုံးရေးရာဝေဖန်သူတွေနဲ့တော့

သဘောထားချင်းမတိုက်ဆိုင်ဘဲ ဖြစ်နေတာပါ။ အိုဝင်ဟားဂရေ့ဗ်၊ ရီယိုဖာဒီနန်နဲ့ လက်စ်ကော့တို့က ဒီရာသီမှာ ဟာလန်း အနိမ့်ဆုံး ဂိုး ၄၀ သွင်းနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ “ သူ ဘာလို့ ဒီလိုလုပ်နိုင်စွမ်းရှိနေလဲဆိုတဲ့ အကြောင်းတစ်ရပ်က ကမ္ဘာ့ဖလား မကစားရလို့ပါပဲ။

ဒါကြောင့် ဒီရာသီမှာ ကလပ်အတွက် သူ ဂိုးတွေပိုသွင်းနိုင်မယ်ဆိုတာ ကျွန်တော်စိတ်ချထားပါတယ် ” လို့ ဖာဒီနန်က ဆိုပါတယ်။ ဟားဂရေ့ဗ်ကတော့ ပရီးမီးယားလိဂ်ရဲ့တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းတဲ့စံချိန်ကိုတောင် နော်ဝေတိုက်စစ်မှူး ချိုးဖျက်သွားလိမ့်မယ်လို့ ခန့်မှန်းလိုက်တာပါ။

(zawgyi)

ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ဟာလန္းေရာ အမ္ဘာပီပါ သူတို႔ကိုယ္စားျပဳအသင္းေတြအတြက္ ၂ ဂိုးစီ သြင္းေပးခဲ့ၾကတယ္။ ဒါေၾကာင့္ အနာဂတ္မွာ ေဘာလုံးေလာကရဲ႕ အေတာက္ပဆုံးၾကယ္ႏွစ္ပြင့္ ျဖစ္လာၾကလိမ့္မယ္ဆိုတဲ့

ခန႔္မွန္းမႈေတြကလည္း ပြက္ေလာညံေနတယ္။ ဒီႏွစ္ေယာက္ ဘယ္သူပိုေကာင္းသလဲဆိုတဲ့ ေမးခြန္းကလည္း အခုကတည္းကထြက္ေနပါၿပီ။ ျပင္သစ္ဂႏၴဝင္အြန္နရီကေတာ့ အမ္ဘာပီကိုပိုၿပီးႏွစ္သက္သလို သူ႔အသင္းဆိုရင္

ပီအက္စ္ဂ်ီတိုက္စစ္မႉးကိုသာေ႐ြးမယ္လို႔ ဆိုပါတယ္။ “ အမ္ဘာပီက ဖန္တီးမႈေရာ အဆုံးသတ္ပါ ရတယ္။ ဟာလန္းက မဖန္တီးႏိုင္ဘူး။ ဂိုးသြင္း႐ုံပဲ။ ၿပီးေတာ့ အမ္ဘာပီက ဘယ္ညာေတာင္ပံႏွစ္ဖက္လုံး ကစားႏိုင္တယ္။ အလယ္လည္း ရတယ္။ ဟာလန္းက ဗဟိုတိုက္စစ္မႉးသက္သက္ပဲ။

ဒါေပမဲ့ သူဟာ ခမ္းနားတဲ့ကစားသမားတစ္ေယာက္ပါ။ မႏွစ္က သူသာရွိရင္ ရီးရဲလ္ကိုေက်ာ္ျဖတ္ၿပီး မန္စီးတီးခ်န္ပီယံျဖစ္သြားႏိုင္ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ အမ္ဘာပီက ကြၽန္ေတာ့္အႀကိဳက္ဆုံးျဖစ္ေနဆဲပါ ” လို႔

အာဆင္နယ္တိုက္စစ္မႉးေဟာင္းက CBS သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။ ဒါဟာ BT Sport ႐ုပ္သံရဲ႕ေဘာလုံးေရးရာေဝဖန္သူေတြနဲ႔ေတာ့ သေဘာထားခ်င္းမတိုက္ဆိုင္ဘဲ ျဖစ္ေနတာပါ။ အိုဝင္ဟားဂေရ႕ဗ္၊ ရီယိုဖာဒီနန္နဲ႔ လက္စ္ေကာ့တို႔က

ဒီရာသီမွာ ဟာလန္း အနိမ့္ဆုံး ဂိုး ၄၀ သြင္းႏိုင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ “ သူ ဘာလို႔ ဒီလိုလုပ္ႏိုင္စြမ္းရွိေနလဲဆိုတဲ့ အေၾကာင္းတစ္ရပ္က ကမာၻ႔ဖလား မကစားရလို႔ပါပဲ။ ဒါေၾကာင့္ ဒီရာသီမွာ ကလပ္အတြက္

သူ ဂိုးေတြပိုသြင္းႏိုင္မယ္ဆိုတာ ကြၽန္ေတာ္စိတ္ခ်ထားပါတယ္ ” လို႔ ဖာဒီနန္က ဆိုပါတယ္။ ဟားဂေရ႕ဗ္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕တစ္ရာသီအတြင္း ဂိုးအမ်ားဆုံးသြင္းတဲ့စံခ်ိန္ကိုေတာင္ ေနာ္ေဝတိုက္စစ္မႉး ခ်ိဳးဖ်က္သြားလိမ့္မယ္လို႔ ခန႔္မွန္းလိုက္တာပါ။