ပြင်သစ်နဲ့ပွဲမှာ ဘာပေကို ဝေါလ်ကာက အိတ်ကပ်ထဲထည့်ထားသလို ခပ်လွယ်လွယ် ထိန်းချုပ်ပြလိမ့်မယ်

ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က ပြင်သစ်နဲ့ကစားမယ့် ကွာတားဖိုင်နယ်

ပွဲကျရင် အင်္ဂလန်အသင်းနောက်ခံလူ ဝေါလ်ကာဟာ ပြင်သစ်နာမည်ကျော်
ကစားသမား ဘာပေကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသလို အသာလေး
ထိန်းချုပ်ပြသွားမှာဖြစ်တယ်လို့ အားပေးအားမြှောက်ပြုလုပ်ခဲ့ပါတယ်။

နာမည်ကြီး အင်္ဂလန်အသင်းဟာ မနက်ဖြန်မှာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်
ပွဲအဖြစ် လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ညာနောက်ခံလူ ဝေါလ်ကာနဲ့
ဘယ်တောင်ပံတိုက်စစ်ကစားသမားဘာပေတို့ရဲ့ အားပြိုင်ပွဲကို မြင်တွေ့ရဖို့ရှိပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ ဘာပေဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး
ခြေစွမ်းပြနေပြီး (၄)ပွဲကစားပြီးချိန်မှာ (၅)ဂိုးအထိသွင်းယူခဲ့သလို သွင်းဂိုးအများဆုံး
ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဘာပေဟာ လျှပ်စစ်လို လျင်မြန်တဲ့ပြေးအားနဲ့

ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်ကစားလေ့ရှိပြီး သူ့ကို အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့
အင်္ဂလန်ဝါရင့်နောက်ခံလူ ဝေါလ်ကာ ဘယ်လိုထိန်းချုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

အင်္ဂလန်ပရိသတ်တွေကတော့ ပြင်သစ်နဲ့ပွဲမှာ ဘာပေကို ဝေါလ်ကာ အကောင်းဆုံးထိန်းချုပ်
ပြနိုင်ဖို့ မျှော်လင့်နေသလို အခု The Sun သတင်းစာက ဂျင်းဘောင်းဘီပုံနဲ့အတူ အိတ်ကပ်ထဲမှာ
ဘာပေရဲ့ ဓာတ်ပုံ ကပ်ပြီး ဘောင်းဘီအမှတ်တံဆိပ်အဖြစ် ‘Kyle Walker Jeans Co’ဆိုပြီးတော့
ဓာတ်ပုံနဲ့လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

[Zawgyi]

ၿဗိတိန္နာမည္ေက်ာ္သတင္းစာ The Sun က ျပင္သစ္နဲ႔ကစားမယ့္ ကြာတားဖိုင္နယ္
ပြဲက်ရင္ အဂၤလန္အသင္းေနာက္ခံလူ ေဝါလ္ကာဟာ ျပင္သစ္နာမည္ေက်ာ္
ကစားသမား ဘာေပကို ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထားသလို အသာေလး

ထိန္းခ်ဳပ္ျပသြားမွာျဖစ္တယ္လို႔ အားေပးအားေျမႇာက္ျပဳလုပ္ခဲ့ပါတယ္။

နာမည္ႀကီး အဂၤလန္အသင္းဟာ မနက္ျဖန္မွာ ကမာၻ႔ဖလားကြာတားဖိုင္နယ္

ပြဲအျဖစ္ လက္ရွိခ်န္ပီယံ ျပင္သစ္နဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ညာေနာက္ခံလူ ေဝါလ္ကာနဲ႔
ဘယ္ေတာင္ပံတိုက္စစ္ကစားသမားဘာေပတို႔ရဲ႕ အားၿပိဳင္ပြဲကို ျမင္ေတြ႕ရဖို႔ရွိပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ဘာေပဟာ လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အေကာင္းဆုံး
ေျခစြမ္းျပေနၿပီး (၄)ပြဲကစားၿပီးခ်ိန္မွာ (၅)ဂိုးအထိသြင္းယူခဲ့သလို သြင္းဂိုးအမ်ားဆုံး
ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။ ဘာေပဟာ လွ်ပ္စစ္လို လ်င္ျမန္တဲ့ေျပးအားနဲ႔
ၿပိဳင္ဘက္ခံစစ္ကို ထိုးေဖာက္ကစားေလ့ရွိၿပီး သူ႔ကို အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့
အဂၤလန္ဝါရင့္ေနာက္ခံလူ ေဝါလ္ကာ ဘယ္လိုထိန္းခ်ဳပ္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

အဂၤလန္ပရိသတ္ေတြကေတာ့ ျပင္သစ္နဲ႔ပြဲမွာ ဘာေပကို ေဝါလ္ကာ အေကာင္းဆုံးထိန္းခ်ဳပ္
ျပႏိုင္ဖို႔ ေမွ်ာ္လင့္ေနသလို အခု The Sun သတင္းစာက ဂ်င္းေဘာင္းဘီပုံနဲ႔အတူ အိတ္ကပ္ထဲမွာ

ဘာေပရဲ႕ ဓာတ္ပုံ ကပ္ၿပီး ေဘာင္းဘီအမွတ္တံဆိပ္အျဖစ္ ‘Kyle Walker Jeans Co’ဆိုၿပီးေတာ့
ဓာတ္ပုံနဲ႔ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။