ပြင်သစ်တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ယူနိုက်တက်

မိုချန်ဂလာဘတ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား

မားကပ်စ်သူရမ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက
ရေပန်းစားနေသလို ကစားသမားကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ
လာကစားချင်နေပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ မားကပ်စ်သူရမ်ဟာ ပြင်သစ်ဂန္ထဝင်နောက်ခံလူ
လီလီယန်သူရမ်ရဲ့ သားဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်
အသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

မားကပ်စ်သူရမ်ရဲ့ လက်ရှိစာချုပ်က ဒီရာသီကုန်မှာ သက်တမ်းပြည့်မှာဖြစ်တာကြောင့်
မိုချန်ဂလာဘတ်အသင်းဟာ သူတို့ကစားသမားကို အလွတ်နဲ့ မဆုံးရှုံးရအောင်
အခု ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း လျှော့ဈေးနဲ့ရောင်းချဖို့

ပြင်ဆင်နေပါတယ်။

မားကပ်စ်သူရမ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာ၊ နယူးကာဆယ်အသင်းတို့ကလည်း

ပစ်မှတ်ထားနေပေမယ့် ယူနိုက်တက်အသင်းက လက်ဦးမှုရယူနိုင်ဖို့ နီးစပ်နေပြီလို့
ဂျာမန် နာမည်ကျော်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့
အသင့်ဖြစ်နေတာကြောင့် တခြားပြိုင်ဘက်အသင်းတွေအနေနဲ့ ဒုက္ခမရှာသင့်ဘဲ
နောက်ထပ်ကစားသမားတစ်ဦးကို ပြောင်းလဲကြိုးပမ်းသင့်နေပါပြီ။

[Zawgyi]

မိုခ်န္ဂလာဘတ္အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား
မားကပ္စ္သူရမ္ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းက
ေရပန္းစားေနသလို ကစားသမားကိုယ္တိုင္ကလည္း အိုးလ္ထရက္ဖို႔ဒ္မွာ
လာကစားခ်င္ေနပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မားကပ္စ္သူရမ္ဟာ ျပင္သစ္ဂႏၴဝင္ေနာက္ခံလူ
လီလီယန္သူရမ္ရဲ႕ သားျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္လက္ေ႐ြးစင္

အသင္းအတြက္ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။

မားကပ္စ္သူရမ္ရဲ႕ လက္ရွိစာခ်ဳပ္က ဒီရာသီကုန္မွာ သက္တမ္းျပည့္မွာျဖစ္တာေၾကာင့္

မိုခ်န္ဂလာဘတ္အသင္းဟာ သူတို႔ကစားသမားကို အလြတ္နဲ႔ မဆုံးရႈံးရေအာင္
အခု ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ေလွ်ာ့ေဈးနဲ႔ေရာင္းခ်ဖို႔
ျပင္ဆင္ေနပါတယ္။

မားကပ္စ္သူရမ္ကို ေခၚယူဖို႔ အက္စတြန္ဗီလာ၊ နယူးကာဆယ္အသင္းတို႔ကလည္း
ပစ္မွတ္ထားေနေပမယ့္ ယူႏိုက္တက္အသင္းက လက္ဦးမႈရယူႏိုင္ဖို႔ နီးစပ္ေနၿပီလို႔
ဂ်ာမန္ နာမည္ေက်ာ္သတင္းစာ Bild က ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ ကစားသမားကိုယ္တိုင္ကလည္း ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔
အသင့္ျဖစ္ေနတာေၾကာင့္ တျခားၿပိဳင္ဘက္အသင္းေတြအေနနဲ႔ ဒုကၡမရွာသင့္ဘဲ
ေနာက္ထပ္ကစားသမားတစ္ဦးကို ေျပာင္းလဲႀကိဳးပမ္းသင့္ေနပါၿပီ။