ပြင်သစ်ဂိုးသွင်းစံချိန်ရှင် ဟင်နရီရဲ့စကေး ကို ဂီရော့ဒ် လိုက်မီဖို့ နီးကပ်လာပြီ

သောကြာညက ကစားခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ခြေစမ်းပွဲမှာ ပြင်သစ်အတွင်

ချေပဂိုးသွင်းပေးခဲ့ပြီးနောက် တိုက်စစ်မှုးဂီရော့ဒ်ဟာ ဟင်နရီရဲ့ပြင်သစ်

ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီဖို့ နီးကပ်လာပါတယ်။

မာဆေးမှာ ကစားခဲ့တဲ့အဲဒီပွဲမှာ ပြင်သစ်ဟာ ဦးဆောင်ဂိုးစပေးခဲ့ရပေမယ့်

ချေပဂိုးနဲ့ ပွဲပြီးခါနီးနာကျင်အချိန်ပိုအနိုင်ဂိုးတို့ကြောင့် ၂-၁ နဲ့အနိုင်ရခဲ့တာပါ။

အိုင်ဗရီကိုပစ်က ဂိုးစရပြီး ၅ မိနစ်အကြာမှာပဲ ဂီရော့ဒ်ဟာ ခေါင်းတိုက်ဂိုးနဲ့

ပြန်လည်ချေနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂိုးဟာ ပြင်သစ်အတွက် ဂီရော့ဒ်ရဲ့

၄၇ ဂိုးမြောက်လည်း ဖြစ်တာပါ။ ဒါကြောင့်လည်း အဲဒီအေစီမီလန်တိုက်စစ်မှုးဟာ

၅၁ ဂိုးသွင်းထားတဲ့ဟင်နရီရဲ့စံချိန်ကို လိုက်မီဖို့ ၄ ဂိုးသာ လိုပါတော့တယ်။

၃၅ နှစ်အရွယ် ဂီရော့ဒ်ဟာ အခုရာသီ အေစီမီလန်မှာ ပွဲကြီးတွေဆို ဂိုးသွင်း

ခြေစွမ်းပြနေသူလည်း ဖြစ်နေတာပါ။ သူဟာ နည်းပြဒက်စ်ချမ့်ရဲ့မူလလူစာရင်းမှာ

မပါဝင်ပေမယ့် ဒဏ်ရာကြောင့် ရီးရဲလ်တိုက်စစ်မှုးဘင်ဇီမာနုတ်ထွက်သွားလို့

နိုင်ငံအသင်းမှာ ပြန်ရွေးခံရတာ ဖြစ်ပါတယ်။ ပြင်သစ်အတွက် သူနောက်ဆုံး

ကစားခဲ့တဲ့ ဆွစ်ဇာလန်နဲ့ယူရို ၂၀၂၀ ပွဲစဉ်မှာဖြစ်ပြီး အဲဒီတုန်းက

လူစားဝင်ကစားခဲ့တာပါ။ ပွဲအပြီးမှာ နည်းပြဒက်စ်ချမ့်က ဂီရော့ဒ်နဲ့ပတ်သက်လို့

”သူ့မှာ ဂိုးသွင်းစွမ်းဆောင်ရည်ရှိပါသေးတယ်။

အထူးသဖြင့် ခေါင်းတိုက်သွင်းရာမှာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဖြစ်တဲ့ စပါးဂိုးသမားဟူဂိုလိုရစ်ကလည်း

ဂီရော့ဒ်ဟာ နိုင်ငံအသင်းမှာ ပြန်ရွေးချယ်ခံရမှုနဲ့ထိုက်တန်ကြောင်း ဆိုထားတာပါ။

zawgyi

ျပင္သစ္ဂုိးသြင္းစံခ်ိန္ရွင္ ဟင္နရီရဲ႕စေကး ကုိ ဂီေရာ့ဒ္ လုိက္မီဖုိ႔ နီးကပ္လာၿပီ

ေသာၾကာညက ကစားခဲ့တဲ့ အိုင္ဗရီကို႔စ္နဲ႔ေျခစမ္းပြဲမွာ ျပင္သစ္အတြင္

ေခ်ပဂိုးသြင္းေပးခဲ့ၿပီးေနာက္ တိုက္စစ္မႈးဂီေရာ့ဒ္ဟာ ဟင္နရီရဲ႕ျပင္သစ္

ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ကို လိုက္မီဖို႔ နီးကပ္လာပါတယ္။

မာေဆးမွာ ကစားခဲ့တဲ့အဲဒီပြဲမွာ ျပင္သစ္ဟာ ဦးေဆာင္ဂိုးစေပးခဲ့ရေပမယ့္

ေခ်ပဂိုးနဲ႔ ပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုအႏိုင္ဂိုးတို႔ေၾကာင့္ ၂-၁ နဲ႔အႏိုင္ရခဲ့တာပါ။

အိုင္ဗရီကိုပစ္က ဂိုးစရၿပီး ၅ မိနစ္အၾကာမွာပဲ ဂီေရာ့ဒ္ဟာ ေခါင္းတိုက္ဂိုးနဲ႔

ျပန္လည္ေခ်ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီဂိုးဟာ ျပင္သစ္အတြက္ ဂီေရာ့ဒ္ရဲ႕

၄၇ ဂိုးေျမာက္လည္း ျဖစ္တာပါ။ ဒါေၾကာင့္လည္း အဲဒီေအစီမီလန္တိုက္စစ္မႈးဟာ

၅၁ ဂိုးသြင္းထားတဲ့ဟင္နရီရဲ႕စံခ်ိန္ကို လိုက္မီဖို႔ ၄ ဂိုးသာ လိုပါေတာ့တယ္။

၃၅ ႏွစ္အ႐ြယ္ ဂီေရာ့ဒ္ဟာ အခုရာသီ ေအစီမီလန္မွာ ပြဲႀကီးေတြဆို ဂိုးသြင္း

ေျခစြမ္းျပေနသူလည္း ျဖစ္ေနတာပါ။ သူဟာ နည္းျပဒက္စ္ခ်မ့္ရဲ႕မူလလူစာရင္းမွာ

မပါဝင္ေပမယ့္ ဒဏ္ရာေၾကာင့္ ရီးရဲလ္တိုက္စစ္မႈးဘင္ဇီမာႏုတ္ထြက္သြားလို႔

ႏိုင္ငံအသင္းမွာ ျပန္ေ႐ြးခံရတာ ျဖစ္ပါတယ္။ ျပင္သစ္အတြက္ သူေနာက္ဆုံး

ကစားခဲ့တဲ့ ဆြစ္ဇာလန္နဲ႔ယူ႐ို ၂၀၂၀ ပြဲစဥ္မွာျဖစ္ၿပီး အဲဒီတုန္းက

လူစားဝင္ကစားခဲ့တာပါ။ ပြဲအၿပီးမွာ နည္းျပဒက္စ္ခ်မ့္က ဂီေရာ့ဒ္နဲ႔ပတ္သက္လို႔

”သူ႔မွာ ဂိုးသြင္းစြမ္းေဆာင္ရည္ရွိပါေသးတယ္။

အထူးသျဖင့္ ေခါင္းတိုက္သြင္းရာမွာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္အသင္းေခါင္းေဆာင္ျဖစ္တဲ့ စပါးဂိုးသမားဟူဂိုလိုရစ္ကလည္း

ဂီေရာ့ဒ္ဟာ ႏိုင္ငံအသင္းမွာ ျပန္ေ႐ြးခ်ယ္ခံရမႈနဲ႔ထိုက္တန္ေၾကာင္း ဆိုထားတာပါ။