ပြင်သစ်ဂန္ထဝင် လီလီယန်သူရမ်ရဲ့သားဖြစ်သူ မားကပ်စ်သူရမ်ကို ယူနိုက်တက် ပစ်မှတ်ထားနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုချန်ဂလာဘတ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင်

တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ကို လာမယ့်ဇန်နဝါရီလအတွင်း ခေါ်ယူဖို့
ပစ်မှတ်ထားနေပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ မားကပ်စ်သူရမ်ဟာ ပြင်သစ်ဂန္ထဝင်နောက်ခံလူ
လီလီယန်သူရမ်ရဲ့ သားဖြစ်သလို ပြင်သစ်အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
(၄)ပွဲပါဝင်ကစားခဲ့ပြီး ဂိုးမသွင်းနိုင်ပေမယ့် အာဂျင်တီးနားနဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ
ဒုတိယချေပဂိုးကို ဘာပေ သွင်းယူနိုင်အောင် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

မားကပ်စ်သူရမ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်ပေမယ့် ဒီရာသီ မိုချန်ဂလာဘတ်
အသင်းအတွက် ခြေစွမ်းပြနေပြီး ဘွန်ဒစ်လီဂါ (၁၅)ပွဲကစား၊ (၁၀)ဂိုးသွင်းခဲ့တာကြောင့်
ဘွန်ဒစ်လီဂါရဲ့ သွင်းဂိုးအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့လတုန်းက ဝါရင့်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုနဲ့
လမ်းခွဲခဲ့တဲ့အတွက် လာမယ့်ဇန်နဝါရီကျရင် တိုက်စစ်ပိုင်း အားဖြည့်ဖို့ ဆန္ဒရှိနေတာ

ဖြစ်ပါတယ်။

မားကပ်စ်သူရမ်ရဲ့ လက်ရှိစာချုပ်က လာမယ့်နှစ်၊ ဇွန်လမှာ သက်တမ်းပြည့်မှာဖြစ်ပြီး

မိုချန်ဂလာဘတ်အသင်းဟာ မားကပ်စ်သူရမ်ကို ပေါင်(၉.၆)သန်းရရင် ရောင်းချသွားဖို့
ရှိပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မိုခ်န္ဂလာဘတ္အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္
တိုက္စစ္ကစားသမား မားကပ္စ္သူရမ္ကို လာမယ့္ဇန္နဝါရီလအတြင္း ေခၚယူဖို႔
ပစ္မွတ္ထားေနပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မားကပ္စ္သူရမ္ဟာ ျပင္သစ္ဂႏၴဝင္ေနာက္ခံလူ
လီလီယန္သူရမ္ရဲ႕ သားျဖစ္သလို ျပင္သစ္အသင္းနဲ႔အတူ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
(၄)ပြဲပါဝင္ကစားခဲ့ၿပီး ဂိုးမသြင္းႏိုင္ေပမယ့္ အာဂ်င္တီးနားနဲ႔ကစားခဲ့တဲ့ ဗိုလ္လုပြဲမွာ
ဒုတိယေခ်ပဂိုးကို ဘာေပ သြင္းယူႏိုင္ေအာင္ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။

မားကပ္စ္သူရမ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂိုးမသြင္းႏိုင္ေပမယ့္ ဒီရာသီ မိုခ်န္ဂလာဘတ္
အသင္းအတြက္ ေျခစြမ္းျပေနၿပီး ဘြန္ဒစ္လီဂါ (၁၅)ပြဲကစား၊ (၁၀)ဂိုးသြင္းခဲ့တာေၾကာင့္

ဘြန္ဒစ္လီဂါရဲ႕ သြင္းဂိုးအမ်ားဆုံးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့လတုန္းက ဝါရင့္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုနဲ႔

လမ္းခြဲခဲ့တဲ့အတြက္ လာမယ့္ဇန္နဝါရီက်ရင္ တိုက္စစ္ပိုင္း အားျဖည့္ဖို႔ ဆႏၵရွိေနတာ
ျဖစ္ပါတယ္။

မားကပ္စ္သူရမ္ရဲ႕ လက္ရွိစာခ်ဳပ္က လာမယ့္ႏွစ္၊ ဇြန္လမွာ သက္တမ္းျပည့္မွာျဖစ္ၿပီး
မိုခ်န္ဂလာဘတ္အသင္းဟာ မားကပ္စ္သူရမ္ကို ေပါင္(၉.၆)သန္းရရင္ ေရာင္းခ်သြားဖို႔
ရွိပါတယ္။