ပဲလေ့စ်နဲ့ပွဲ၊ ပထမပိုင်းပွဲကစားချိန်အတွင်း ရန်ဖြစ်ခဲ့ကြတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့အန်တိုနီ

ခရစ္စတယ်ပဲလေ့စ်နဲ့ (၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပထမပိုင်းပွဲ

ကစားချိန်အတွင်း မန်ချက်စတာယူနိုက်တက် ကစားသမားနှစ်ဦးဖြစ်တဲ့
ဘရူနိုဖာနန်ဒက်စ်နဲ့ အန်တိုနီတို့ဟာ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် စကားများခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံ(၁၀)ပွဲဆက်မှတ်တမ်းရယူနိုင်ဖို့၊
ထိပ်ဆုံးက အာဆင်နယ်နဲ့ အမှတ်ကွာဟချက်ကို (၆)မှတ်အထိ
လျှော့ချနိုင်ဖို့အတွက် ခရစ္စတယ်ပဲလေ့စ်ရဲ့ Selhurst Park ကွင်းကို
အင်အားအပြည့်နဲ့ ချီတက်ခဲ့ပေမယ့် ထင်သလိုဖြစ်မလာဘဲ အိမ်ရှင်

အသင်းရဲ့ မာကျောတဲ့ခြေစွမ်းကြောင့် ပထမပိုင်းမိနစ်(၃၀)လောက်
အတွင်း ယူနိုက်တက်တို့ ကြီးကြီးမားမား အခွင့်အရေး မဖန်တီးနိုင်ခဲ့ပါဘူး။

ပိုဆိုးတာက ယူနိုက်တက်အသင်း တိုက်စစ်ဆင်ဖို့ ကြိုးစားရင်း
ဘရူနိုဖာနန်ဒက်စ်နဲ့ အန်တိုနီတို့ ကွင်းထဲမှာ ရန်ဖြစ်ခဲ့ကြပြီး ရုပ်သံ
ပြကွက်တွေအရ အန်တိုနီဟာ ဘရူနိုဖာနန်ဒက်စ်ကို “Puta (မကောင်းတဲ့မိန်းမ)”
လို့ ဆဲလိုက်ပုံရပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ၊ ပထမပိုင်း(၄၃)မိနစ်မှာ အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကနေ
ဘရူနိုဖာနန်ဒက်စ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း မိနစ်(၇၀)မှာ
အဲရစ်တန်ဟက်က အန်တိုနီအစား ဂါနာချိုကို လူစားဝင်ကစားစေခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ်ဂိုးမရဘဲ ပွဲပြီးခါနီးမှာ ဖရီးကစ်ကနေ အိုလီဆေးက လှလှပပ
ကန်သွင်းပြီး ချေပဂိုးသွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ သရေတစ်မှတ်နဲ့

ကျေနပ်ခဲ့ရသလို ပြိုင်ပွဲစုံ (၉)ပွဲဆက်အနိုင်မှတ်တမ်းလည်း ရပ်တန့်ခဲ့ပါတယ်။

[Zawgyi]

ခရစၥတယ္ပဲေလ့စ္နဲ႔ (၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ပထမပိုင္းပြဲ

ကစားခ်ိန္အတြင္း မန္ခ်က္စတာယူႏိုက္တက္ ကစားသမားႏွစ္ဦးျဖစ္တဲ့
ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ အန္တိုနီတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္
အျပန္အလွန္ စကားမ်ားခဲ့ၾကပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံ(၁၀)ပြဲဆက္မွတ္တမ္းရယူႏိုင္ဖို႔၊
ထိပ္ဆုံးက အာဆင္နယ္နဲ႔ အမွတ္ကြာဟခ်က္ကို (၆)မွတ္အထိ
ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ခရစၥတယ္ပဲေလ့စ္ရဲ႕ Selhurst Park ကြင္းကို
အင္အားအျပည့္နဲ႔ ခ်ီတက္ခဲ့ေပမယ့္ ထင္သလိုျဖစ္မလာဘဲ အိမ္ရွင္

အသင္းရဲ႕ မာေက်ာတဲ့ေျခစြမ္းေၾကာင့္ ပထမပိုင္းမိနစ္(၃၀)ေလာက္
အတြင္း ယူႏိုက္တက္တို႔ ႀကီးႀကီးမားမား အခြင့္အေရး မဖန္တီးႏိုင္ခဲ့ပါဘူး။

ပိုဆိုးတာက ယူႏိုက္တက္အသင္း တိုက္စစ္ဆင္ဖို႔ ႀကိဳးစားရင္း
ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ အန္တိုနီတို႔ ကြင္းထဲမွာ ရန္ျဖစ္ခဲ့ၾကၿပီး ႐ုပ္သံ
ျပကြက္ေတြအရ အန္တိုနီဟာ ဘ႐ူႏိုဖာနန္ဒက္စ္ကို “Puta (မေကာင္းတဲ့မိန္းမ)”
လို႔ ဆဲလိုက္ပုံရပါတယ္။

ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲ၊ ပထမပိုင္း(၄၃)မိနစ္မွာ အဲရစ္ဆင္ရဲ႕ ဖန္တီးေပးမႈကေန
ဘ႐ူႏိုဖာနန္ဒက္စ္က အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ဒုတိယပိုင္း မိနစ္(၇၀)မွာ
အဲရစ္တန္ဟက္က အန္တိုနီအစား ဂါနာခ်ိဳကို လူစားဝင္ကစားေစခဲ့ပါတယ္။

ဒါေပမဲ့ ေနာက္ထပ္ဂိုးမရဘဲ ပြဲၿပီးခါနီးမွာ ဖရီးကစ္ကေန အိုလီေဆးက လွလွပပ
ကန္သြင္းၿပီး ေခ်ပဂိုးသြင္းယူခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ သေရတစ္မွတ္နဲ႔

ေက်နပ္ခဲ့ရသလို ၿပိဳင္ပြဲစုံ (၉)ပြဲဆက္အႏိုင္မွတ္တမ္းလည္း ရပ္တန႔္ခဲ့ပါတယ္။