
မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့
ပရီးမီးယားလိဂ်ပွဲကျန်မှာ (၁-၁)ဂိုးစီသရေကျခဲ့တာကြောင့်
နိုင်ပွဲဆက်မှတ်တမ်း ရပ်တန့်သွားသလို အဓိကကွင်းလယ်လူ
ကတ်စ်မဲရိုးကလည်း အဝါထိသွားတဲ့အတွက် လာမယ့်
အာဆင်နယ်နဲ့ပွဲကြီးပွဲကောင်းကို လွဲချော်ပြီဖြစ်ပါတယ်။
ကတ်စ်မဲရိုးဟာ အခုပွဲမတိုင်ခင် အဝါကတ်(၄)ကြိမ်ပြသခံရပြီးဖြစ်တဲ့
အတွက် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အဝါထိမယ်ဆိုရင် (၁)ပွဲပယ်ခံမှာဖြစ်လို့
ပရိသတ်တွေက ကတ်စ်မဲရိုးကို အနားပေးသင့်တယ်လို့ ပွဲမတိုင်ခင်
ကတည်းက တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ အဲရစ်တန်ဟက်က ကတ်စ်မဲရိုးကို ပွဲထွက်အသုံးပြုခဲ့ပြီး
ဒီဆုံးဖြတ်ချက်အပေါ် ဘာမှဝေဖန်စရာမရှိပေမယ့် ပွဲပြီးဖို့ မိနစ်(၂၀)လောက်မှာ
ကတည်းက အနိုင်ဂိုး ထိန်းဖို့အတွက် ကတ်စ်မဲရိုးအစား နောက်ခံလူတစ်ဦး
ဒါမှမဟုတ် တွမ်မီနေး၊ ဖရက်ဒ်တစ်ဦးဦးနဲ့ လူစားလဲသင့်ပေမယ့်
ခေါင်းမာမာနဲ့ ဆက်သုံးခဲ့ပါတယ်။
အဲဒါကြောင့်ပဲ မိနစ်(၈၀)မှာ ဇာဟာကို ပြစ်ဒဏ်ကျူးလွန်မိလို့ ကတ်စ်မဲရိုး
အဝါကတ်ပြသခံခဲ့ရပြီး (၁)ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တဲ့အတွက်
အာဆင်နယ်နဲ့ပွဲကို လွဲချော်ပြီဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ကတ်စ်မဲရိုးရဲ့
မဆင်မခြင် ဘောလုံးဖျက်ထုတ်မှုကလည်း အပြစ်တင်ရမှာဖြစ်ပြီး ဇာဟာကို
မလိုအပ်ဘဲ နောက်ကနေ ခြေစုံပစ်ဝင်ခဲ့တာကြောင့် ဒါဟာ မဖြစ်မနေ
အဝါကတ်ပြရမှာပါ။
ခရစ္စတယ်ပဲလေ့စ်ကို သရေကျခဲ့တာကြောင့် ယူနိုက်တက်တို့ ပေးဆပ်မှု
ကြီးမားခဲ့ပြီး ဒီပွဲနိုင်ရင် အာဆင်နယ်နဲ့ (၆)မှတ်သာ ကွာဟမယ့်အပြင်
မန်စီးတီးကိုလည်း (၂)မှတ်ဖြတ်ပြီးတော့ အဆင့်(၂)နေရာ တက်လှမ်းခွင့်
ရမှာဖြစ်ပေမယ့် အဲဒီအခွင့်အရေးတွေ အားလုံးကို ဆုံးရှုံးခဲ့ရသလို ပြိုင်ပွဲစုံ
(၉)ပွဲဆက်အနိုင်မှတ်တမ်းကလည်း ရပ်တန့်သွားပါပြီ။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခရစၥတယ္ပဲေလ့စ္နဲ႔
ပရီးမီးယားလိဂ္ပြဲက်န္မွာ (၁-၁)ဂိုးစီသေရက်ခဲ့တာေၾကာင့္
ႏိုင္ပြဲဆက္မွတ္တမ္း ရပ္တန႔္သြားသလို အဓိကကြင္းလယ္လူ
ကတ္စ္မဲ႐ိုးကလည္း အဝါထိသြားတဲ့အတြက္ လာမယ့္
အာဆင္နယ္နဲ႔ပြဲႀကီးပြဲေကာင္းကို လြဲေခ်ာ္ၿပီျဖစ္ပါတယ္။
ကတ္စ္မဲ႐ိုးဟာ အခုပြဲမတိုင္ခင္ အဝါကတ္(၄)ႀကိမ္ျပသခံရၿပီးျဖစ္တဲ့
အတြက္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ အဝါထိမယ္ဆိုရင္ (၁)ပြဲပယ္ခံမွာျဖစ္လို႔
ပရိသတ္ေတြက ကတ္စ္မဲ႐ိုးကို အနားေပးသင့္တယ္လို႔ ပြဲမတိုင္ခင္
ကတည္းက ေတာင္းဆိုခဲ့ၾကပါတယ္။
ဒါေပမဲ့ အဲရစ္တန္ဟက္က ကတ္စ္မဲ႐ိုးကို ပြဲထြက္အသုံးျပဳခဲ့ၿပီး
ဒီဆုံးျဖတ္ခ်က္အေပၚ ဘာမွေဝဖန္စရာမရွိေပမယ့္ ပြဲၿပီးဖို႔ မိနစ္(၂၀)ေလာက္မွာ
ကတည္းက အႏိုင္ဂိုး ထိန္းဖို႔အတြက္ ကတ္စ္မဲ႐ိုးအစား ေနာက္ခံလူတစ္ဦး
ဒါမွမဟုတ္ တြမ္မီေနး၊ ဖရက္ဒ္တစ္ဦးဦးနဲ႔ လူစားလဲသင့္ေပမယ့္
ေခါင္းမာမာနဲ႔ ဆက္သုံးခဲ့ပါတယ္။
အဲဒါေၾကာင့္ပဲ မိနစ္(၈၀)မွာ ဇာဟာကို ျပစ္ဒဏ္က်ဴးလြန္မိလို႔ ကတ္စ္မဲ႐ိုး
အဝါကတ္ျပသခံခဲ့ရၿပီး (၁)ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္တဲ့အတြက္
အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္ၿပီျဖစ္ပါတယ္။ ဒီျဖစ္ရပ္မွာ ကတ္စ္မဲ႐ိုးရဲ႕
မဆင္မျခင္ ေဘာလုံးဖ်က္ထုတ္မႈကလည္း အျပစ္တင္ရမွာျဖစ္ၿပီး ဇာဟာကို
မလိုအပ္ဘဲ ေနာက္ကေန ေျခစုံပစ္ဝင္ခဲ့တာေၾကာင့္ ဒါဟာ မျဖစ္မေန
အဝါကတ္ျပရမွာပါ။
ခရစၥတယ္ပဲေလ့စ္ကို သေရက်ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ေပးဆပ္မႈ
ႀကီးမားခဲ့ၿပီး ဒီပြဲႏိုင္ရင္ အာဆင္နယ္နဲ႔ (၆)မွတ္သာ ကြာဟမယ့္အျပင္
မန္စီးတီးကိုလည္း (၂)မွတ္ျဖတ္ၿပီးေတာ့ အဆင့္(၂)ေနရာ တက္လွမ္းခြင့္
ရမွာျဖစ္ေပမယ့္ အဲဒီအခြင့္အေရးေတြ အားလုံးကို ဆုံးရႈံးခဲ့ရသလို ၿပိဳင္ပြဲစုံ
(၉)ပြဲဆက္အႏိုင္မွတ္တမ္းကလည္း ရပ္တန႔္သြားပါၿပီ။