ပေါ်တူဂီအသင်းနည်းပြအဖြစ်ဆောင်ရွက်ဖို့ ရော်ဘတ်တိုမာတီနက်ဇ် သဘောတူညီမှုရရှိ

ဘယ်လ်ဂျီယံအသင်းနည်းပြဟောင်း ရော်ဘတ်တိုမာတီနက်ဇ်ဟာ ပေါ်တူဂီ

အသင်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ဖို့ သဘောတူညီမှုရခဲ့ပြီလို့
သတင်းထွက်နေပါတယ်။

အသက်(၄၉)နှစ်အရွယ်ရှိပြီဖြစ်သူ မာတီနက်ဇ်ဟာ ဘယ်လ်ဂျီယံအသင်းကို
၂၀၁၆ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စု
အဆင့်ကနေ အရှက်တကွဲထွက်ခဲ့ရပြီးတဲ့နောက် နည်းပြရာထူးကနေ
နုတ်ထွက်ခဲ့ပါတယ်။

နာမည်ကျော် အားကစားဝက်ဘ်ဆိုက်ဖြစ်တဲ့ The Athletic က မာတီနက်ဇ်ဟာ
ပေါ်တူဂီအသင်းနည်းပြအဖြစ်ဆောင်ရွက်ဖို့ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပြီး
လာမယ့်တစ်ပတ်အတွင်း တရားဝင်ခန့်အပ်သွားဖို့ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကနေ
ထွက်ခဲ့ရပြီးတဲ့နောက် အသင်းကို (၈)နှစ်ကြာကိုင်တွယ်ခဲ့တဲ့ ဝါရင့်နည်းပြ

ဖာနန်ဒိုဆန်းတို့စ် ရာထူးကအထုတ်ခံခဲ့ရပါတယ်။

ဖာနန်ဒိုဆန်းတို့စ်ရဲ့ ပေါ်တူဂီအသင်းနည်းပြဘဝသက်တမ်းအတွင်း အသင်းအတွက်

ဂုဏ်ယူစရာအဖြစ် ယူရို-၂၀၁၆ ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့
ပေါ်တူဂီအသင်းဟာ မာတီနက်ဇ်နဲ့အတူ စတင်လက်တွဲသွားဖို့ရှိနေပြီး မကြာခင်
ရက်ပိုင်းအတွင်း တရားဝင်သတင်းထွက်လာမယ့်အနေအထားပါပဲ။

[Zawgyi]

ဘယ္လ္ဂ်ီယံအသင္းနည္းျပေဟာင္း ေရာ္ဘတ္တိုမာတီနက္ဇ္ဟာ ေပၚတူဂီ
အသင္းနည္းျပအျဖစ္ တာဝန္ယူေဆာင္႐ြက္ဖို႔ သေဘာတူညီမႈရခဲ့ၿပီလို႔
သတင္းထြက္ေနပါတယ္။

အသက္(၄၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာတီနက္ဇ္ဟာ ဘယ္လ္ဂ်ီယံအသင္းကို
၂၀၁၆ ခုႏွစ္က စတင္ကိုင္တြယ္ခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အုပ္စု
အဆင့္ကေန အရွက္တကြဲထြက္ခဲ့ရၿပီးတဲ့ေနာက္ နည္းျပရာထူးကေန

ႏုတ္ထြက္ခဲ့ပါတယ္။

နာမည္ေက်ာ္ အားကစားဝက္ဘ္ဆိုက္ျဖစ္တဲ့ The Athletic က မာတီနက္ဇ္ဟာ

ေပၚတူဂီအသင္းနည္းျပအျဖစ္ေဆာင္႐ြက္ဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈရခဲ့ၿပီး
လာမယ့္တစ္ပတ္အတြင္း တရားဝင္ခန႔္အပ္သြားဖို႔ရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ေပၚတူဂီအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္ကေန
ထြက္ခဲ့ရၿပီးတဲ့ေနာက္ အသင္းကို (၈)ႏွစ္ၾကာကိုင္တြယ္ခဲ့တဲ့ ဝါရင့္နည္းျပ
ဖာနန္ဒိုဆန္းတို႔စ္ ရာထူးကအထုတ္ခံခဲ့ရပါတယ္။

ဖာနန္ဒိုဆန္းတို႔စ္ရဲ႕ ေပၚတူဂီအသင္းနည္းျပဘဝသက္တမ္းအတြင္း အသင္းအတြက္
ဂုဏ္ယူစရာအျဖစ္ ယူ႐ို-၂၀၁၆ ခ်န္ပီယံဆု ဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့
ေပၚတူဂီအသင္းဟာ မာတီနက္ဇ္နဲ႔အတူ စတင္လက္တြဲသြားဖို႔ရွိေနၿပီး မၾကာခင္
ရက္ပိုင္းအတြင္း တရားဝင္သတင္းထြက္လာမယ့္အေနအထားပါပဲ။