ပေါ်တူဂီလူငယ်ကြယ်ပွင့်ကို ယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေ စောင့်ကြည့်နေ

ဆွစ်ဇာလန်ကို (၆-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ပေါ်တူဂီ

အသင်းအတွက် ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူခဲ့တဲ့ လူငယ်တိုက်စစ်မှူး
ဂွန်ကာလိုရာမို့စ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် အပါအဝင်
ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ပစ်မှတ်ထားနေကြပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂွန်ကာလိုရာမို့စ်ဟာ ဆွစ်ဇာလန်နဲ့ပွဲမှ
ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့သလို ဟက်ထရစ်
သွင်းယူနိုင်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးသော
ဟက်ထရစ်ပိုင်ရှင်၊ ဂျာမနီဂန္ထဝင်တိုက်စစ်မှူးကြီး ကလိုဆေး(၂၀၀၂)နောက်ပိုင်း

ကမ္ဘာ့ဖလားပွဲဦးထွက်ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ဒုတိယမြောက်
ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဂွန်ကာလိုရာမို့စ်ဟာ ဒီရာသီမှာ ကလပ်အသင်းဖြစ်တဲ့ ဘင်ဖီကာအတွက်လည်း
ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့ပြီး ပြိုင်ပွဲစုံ (၂၁)ပွဲကစား၊ (၁၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု
(၆)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ပရီးမီးယားလိဂ်နဲ့ ဥရောပထိပ်သီးကလပ်တွေဟာ ဂွန်ကာလိုရာမို့စ်ကို
ခေါ်ဖို့ အပြိုင်စိတ်ဝင်စားနေကြပြီး ဂွန်ကာလိုရာမို့စ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့
ကင်းထောက်တွေ စေလွှတ်ထားပါတယ်။ ဒါပေမဲ့လည်း ဂွန်ကာလိုရာမို့စ်ရဲ့ စာချုပ်က
၂၀၂၅ ခုနှစ်အထိကျန်ရှိသလို စာချုပ်လျော်ကြေးက ယူရိုသန်း(၁၂၀)အထိရှိတာကြောင့်

အလွယ်တကူ ခေါ်နိုင်ဖို့တော့ မရှိပါဘူး။

[Zawgyi]

ဆြစ္ဇာလန္ကို (၆-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ေပၚတူဂီ

အသင္းအတြက္ ေျခစြမ္းျပၿပီး ဟက္ထရစ္သြင္းယူခဲ့တဲ့ လူငယ္တိုက္စစ္မႉး
ဂြန္ကာလိုရာမို႔စ္ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္ အပါအဝင္
ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ေတြ ပစ္မွတ္ထားေနၾကပါတယ္။

အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဂြန္ကာလိုရာမို႔စ္ဟာ ဆြစ္ဇာလန္နဲ႔ပြဲမွ
ကမာၻ႔ဖလားမွာ ပထမဆုံးအႀကိမ္ပြဲထြက္ကစားခြင့္ရခဲ့သလို ဟက္ထရစ္
သြင္းယူႏိုင္တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ပထမဆုံးေသာ
ဟက္ထရစ္ပိုင္ရွင္၊ ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉးႀကီး ကလိုေဆး(၂၀၀၂)ေနာက္ပိုင္း

ကမာၻ႔ဖလားပြဲဦးထြက္ၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့တဲ့ ဒုတိယေျမာက္
ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ဂြန္ကာလိုရာမို႔စ္ဟာ ဒီရာသီမွာ ကလပ္အသင္းျဖစ္တဲ့ ဘင္ဖီကာအတြက္လည္း
ေျခစြမ္းျပဂိုးေတြသြင္းယူခဲ့ၿပီး ၿပိဳင္ပြဲစုံ (၂၁)ပြဲကစား၊ (၁၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ
(၆)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္နဲ႔ ဥေရာပထိပ္သီးကလပ္ေတြဟာ ဂြန္ကာလိုရာမို႔စ္ကို
ေခၚဖို႔ အၿပိဳင္စိတ္ဝင္စားေနၾကၿပီး ဂြန္ကာလိုရာမို႔စ္ရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ဖို႔
ကင္းေထာက္ေတြ ေစလႊတ္ထားပါတယ္။ ဒါေပမဲ့လည္း ဂြန္ကာလိုရာမို႔စ္ရဲ႕ စာခ်ဳပ္က
၂၀၂၅ ခုႏွစ္အထိက်န္ရွိသလို စာခ်ဳပ္ေလ်ာ္ေၾကးက ယူ႐ိုသန္း(၁၂၀)အထိရွိတာေၾကာင့္

အလြယ္တကူ ေခၚႏိုင္ဖို႔ေတာ့ မရွိပါဘူး။