ပေါ်တူဂီလူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပြီဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြကစားခဲ့တဲ့

ပေါ်တူဂီအသင်းလူငယ်ကြယ်ပွင့် ဂွန်ကာလိုရာမို့စ်ကို ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပြီ
ဖြစ်ပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂွန်ကာလိုရာမို့စ်ဟာ ဆွစ်ဇာလန်အသင်းကို (၆-၁)ဂိုးနဲ့
အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဟက်ထရစ်သွင်းယူခဲ့ပြီး လက်ရှိကမ္ဘာ့ဖလား
ပြိုင်ပွဲမှာ တစ်ဦးတည်းသော ဟက်ထရစ်ပိုင်ရှင်ဖြစ်နေပြီး ဂျာမနီဂန္ထဝင်တိုက်စစ်မှူး

ကလိုဆေး (၂၀၂၂)နောက်ပိုင်း ကမ္ဘာ့ဖလားပွဲဦးထွက်ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့
ဒုတိယမြောက်ကစားသမား၊ ချက်လက်ရွေးစင်ကစားသမားဟောင်း သောမတ်စ်စကူဟရာဗီ
(၁၉၉၀)နောက်ပိုင်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲစဉ်တစ်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သူ
စတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ဂွန်ကာလိုရာမို့စ်ဟာ ဒီရာသီမှာ ဘင်ဖီကာအသင်းအတွက်လည်း ခြေစွမ်းပြကစားနေပြီး
(၂၁)ပွဲကစား၊ (၁၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ

စီရော်နယ်လ်ဒိုနဲ့ လမ်းခွဲခဲ့ပြီးနောက် လာမယ့်ဇန်နဝါရီလအတွင်း တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့
ပြင်ဆင်နေပြီး ဂွန်ကာလိုရာမို့စ်ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဂွန်ကာလိုရာမို့စ်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်အထိ ကျန်ရှိသေးသလို
စာချုပ်လျော်ကြေးကလည်း ပေါင်သန်း(၁၀၀)ကျော်ရှိတာကြောင့် ယူနိုက်တက်တို့
လွယ်လွယ်ကူကူနဲ့ခေါ်ယူနိုင်ခြေ မရှိပါဘူး။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းျပကစားခဲ့တဲ့
ေပၚတူဂီအသင္းလူငယ္ၾကယ္ပြင့္ ဂြန္ကာလိုရာမို႔စ္ကို ေခၚယူဖို႔ စတင္ႀကိဳးပမ္းေနၿပီ
ျဖစ္ပါတယ္။

အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဂြန္ကာလိုရာမို႔စ္ဟာ ဆြစ္ဇာလန္အသင္းကို (၆-၁)ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္မွာ ဟက္ထရစ္သြင္းယူခဲ့ၿပီး လက္ရွိကမာၻ႔ဖလား
ၿပိဳင္ပြဲမွာ တစ္ဦးတည္းေသာ ဟက္ထရစ္ပိုင္ရွင္ျဖစ္ေနၿပီး ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉး

ကလိုေဆး (၂၀၂၂)ေနာက္ပိုင္း ကမာၻ႔ဖလားပြဲဦးထြက္ၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းႏိုင္တဲ့
ဒုတိယေျမာက္ကစားသမား၊ ခ်က္လက္ေ႐ြးစင္ကစားသမားေဟာင္း ေသာမတ္စ္စကူဟရာဗီ

(၁၉၉၀)ေနာက္ပိုင္း ကမာၻ႔ဖလားရႈံးထြက္အဆင့္ပြဲစဥ္တစ္ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့သူ
စတဲ့ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ပါတယ္။

ဂြန္ကာလိုရာမို႔စ္ဟာ ဒီရာသီမွာ ဘင္ဖီကာအသင္းအတြက္လည္း ေျခစြမ္းျပကစားေနၿပီး
(၂၁)ပြဲကစား၊ (၁၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၆)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ
စီေရာ္နယ္လ္ဒိုနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ လာမယ့္ဇန္နဝါရီလအတြင္း တိုက္စစ္မႉးတစ္ဦးေခၚယူဖို႔
ျပင္ဆင္ေနၿပီး ဂြန္ကာလိုရာမို႔စ္ကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဂြန္ကာလိုရာမို႔စ္ရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၅ ခုႏွစ္အထိ က်န္ရွိေသးသလို
စာခ်ဳပ္ေလ်ာ္ေၾကးကလည္း ေပါင္သန္း(၁၀၀)ေက်ာ္ရွိတာေၾကာင့္ ယူႏိုက္တက္တို႔
လြယ္လြယ္ကူကူနဲ႔ေခၚယူႏိုင္ေျခ မရွိပါဘူး။