ပေါ်တူဂီကြယ်ပွင့် ယာအိုဖိလစ်ကို ချယ်လ်ဆီးအသင်း အငှားနဲ့ တရားဝင်ခေါ်ယူလိုက်ပြီ . .

ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကို တိုက်စစ်ကစားသမား

ယာအိုဖိလစ်ကို အငှားနဲ့ တရားဝင်ခေါ်ယူစာချုပ်လိုက်ပြီဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းက ဒီရာသီမှာ မျှော်လင့်သလောက်

ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရတာကြောင့် ပေါ်တူဂီကြယ်ပွင့်
ယာအိုဖိလစ်ကို ရာသီကုန်အထိ အငှားခေါ်ယူပြီး တိုက်စစ်ပြဿနာအတွက်
ဖြေရှင်းဖို့ ကြိုးစားသွားမှာပါ။

ချယ်လ်ဆီးအသင်းအနေနဲ့ ယာအိုဖိလစ်အပြောင်းအရွှေ့အတွက်
အက်သလက်တီကိုအသင်းကို ပေါင်(၁၀)သန်းပေးချေရမှာဖြစ်သလို
ယာအိုဖိလစ်ရဲ့ လစာငွေကိုလည်း အပြည့်အဝပေးချေရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ အငှားစာချုပ်ကုန်ဆုံးမယ့်အချိန်ကျရင်
ယာအိုဖိလစ်ကို အပြီးသတ်ခေါ်ယူနိုင်ခွင့်ရှိတဲ့ သဘောတူညီချက် မပါဝင်ဘဲ
အက်သလက်တီကိုအသင်းက ယာအိုဖိလစ်ကို အငှားမချခင် သူနဲ့ ၂၀၂၇ ခုနှစ်

အထိ သက်တမ်းတိုးခဲ့ပါတယ်။

ယာအိုဖိလစ်ဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်ကို ပေါင်(၂၅၀,၀၀၀)ရရှိမှာ

ဖြစ်ပြီး စတာလင် (ပေါင် ၃၂၅,၀၀၀)၊ ဟာဗတ်ဇ် (ပေါင် ၃၁၀,၀၀)၊
ကူလီဘာလီ (ပေါင် ၂၉၅,၀၀၀)တို့ရဲ့နောက် စတုတ္ထမြောက် လစာငွေအများဆုံး
ကစားသမားအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

[Zawgyi]

ခ်ယ္လ္ဆီးအသင္းဟာ အက္သလက္တီကို တိုက္စစ္ကစားသမား
ယာအိုဖိလစ္ကို အငွားနဲ႔ တရားဝင္ေခၚယူစာခ်ဳပ္လိုက္ၿပီျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္ပိုင္းက ဒီရာသီမွာ ေမွ်ာ္လင့္သေလာက္
ေျခစြမ္းမျပႏိုင္ဘဲ ႐ုန္းကန္ေနရတာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္
ယာအိုဖိလစ္ကို ရာသီကုန္အထိ အငွားေခၚယူၿပီး တိုက္စစ္ျပႆနာအတြက္
ေျဖရွင္းဖို႔ ႀကိဳးစားသြားမွာပါ။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ယာအိုဖိလစ္အေျပာင္းအေ႐ႊ႕အတြက္
အက္သလက္တီကိုအသင္းကို ေပါင္(၁၀)သန္းေပးေခ်ရမွာျဖစ္သလို

ယာအိုဖိလစ္ရဲ႕ လစာေငြကိုလည္း အျပည့္အဝေပးေခ်ရမွာျဖစ္ပါတယ္။

ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္းဟာ အငွားစာခ်ဳပ္ကုန္ဆုံးမယ့္အခ်ိန္က်ရင္

ယာအိုဖိလစ္ကို အၿပီးသတ္ေခၚယူႏိုင္ခြင့္ရွိတဲ့ သေဘာတူညီခ်က္ မပါဝင္ဘဲ
အက္သလက္တီကိုအသင္းက ယာအိုဖိလစ္ကို အငွားမခ်ခင္ သူနဲ႔ ၂၀၂၇ ခုႏွစ္
အထိ သက္တမ္းတိုးခဲ့ပါတယ္။

ယာအိုဖိလစ္ဟာ ခ်ယ္လ္ဆီးအသင္းမွာ တစ္ပတ္ကို ေပါင္(၂၅၀,၀၀၀)ရရွိမွာ
ျဖစ္ၿပီး စတာလင္ (ေပါင္ ၃၂၅,၀၀၀)၊ ဟာဗတ္ဇ္ (ေပါင္ ၃၁၀,၀၀)၊
ကူလီဘာလီ (ေပါင္ ၂၉၅,၀၀၀)တို႔ရဲ႕ေနာက္ စတုတၳေျမာက္ လစာေငြအမ်ားဆုံး
ကစားသမားအျဖစ္ ရပ္တည္ႏိုင္မွာျဖစ္ပါတယ္။