ပေါ်တူဂီကို ကမ္ဘာ့ဖလားဆီ ပို့ပေးခဲ့တဲ့ ဖာနန်ဒက်စ်နဲ့ စီရော်နယ်ဒို

ဖာနန်ဒက်စ်နဲ့စီရော်နယ်ဒိုတို့ဟာ ဒီရာသီမန်ယူမှာ ပုံမှန်စွမ်းဆောင်နိုင်ဖို့

ရုန်းကန်ခဲ့ရပေမယ့် နိုင်ငံအသင်းပေါ်တူဂီကိုတော့ ကမ္ဘာ့ဖလားဆီ

အတူပေါင်းစပ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားနဲ့

ဥရောပဇုန် ခြေစစ်ပွဲ play-off ဗိုလ်လုပွဲမှာ ပေါ်တူဂီရခဲ့တဲ့ ၂ ဂိုးစလုံးကို

ဖာနန်ဒက်စ်က သွင်းယူပေးခဲ့တာပါ။ ဒါကြောင့် ဖာနန်ဒက်စ်တစ်ယောက်

သူရဲကောင်းဖြစ်ခဲ့တဲ့ပွဲလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီပွဲမှာ ပေါ်တူဂီရခဲ့တဲ့

ပထမဂိုးဟာလည်း မန်ယူအသင်းဖော်နှစ်ယောက်ရဲ့တွဲလုံးကနေ သွင်းယူနိုင်ခဲ့တာပါ။

သူတို့ကွင်းဘက်ခြမ်းမှာ မြောက်မက်ဆီဒိုးနီးယားရဲ့ပေးပို့မှုတစ်ခုကို ဖာနန်ဒက်စ်က

ဖြတ်ယူနိုင်ခဲ့ပြီး ချက်ချင်းပဲ စီရော်နယ်ဒိုဆီ ချပေးခဲ့ပါတယ်။

စီရော်နယ်ဒိုက ဆွဲယူသွားပေမယ့် သူ့နားကို ပြိုင်ဘက်နောက်ခံလူတစ်ယောက်

ကပ်လာချိန်မှာ ဖာနန်ဒက်စ်ဆီ ပြန်ချပေးခဲ့တာပါ။ အဲဒါကိုပဲ ဖာနန်ဒက်စ်က

ပေါ်တူဂီအတွက် ဦးဆောင်ဂိုးအဖြစ် မနားတမ်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဖာနန်ဒက်စ်ဟာ လီဗာပူးတိုက်စစ်မှုးဂျိုတာရဲ့

ဖြတ်တင်ပေးပို့မှုကနေ ပေါ်တူဂီအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို

မြေမကျကန်ခဲ့တာပါ။ အဲဒါကြောင့်လည်း ဖာနန်ဒက်စ်ဟာ ၂၀၁၉-၂၀ ရာသီ

စကတည်းက ကလပ်နဲ့နိုင်ငံတို့အတွက် သွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်း ၁၃၁ ကြိမ်ရှိသွားပါတယ်။

စီရော်နယ်ဒိုကလည်း ကမ္ဘာ့ဖလားမှာ ၅ ကြိမ်မြောက်ပါဝင်ယှဉ်ပြိုင်ခွင့်ရသွားခဲ့တာပါ။

နိုင်ငံအသင်းအတွက် စီရော်နယ်ဒိုပွဲဦးထွက်ပြီးချိန်ကတည်းက ပေါ်တူဂီဟာ

ကမ္ဘာ့ဖလားနဲ့ ယူရိုတို့မှာ ခြေစစ်ပွဲမအောင်တာ မရှိခဲ့ပါဘူး။

zawgyi

ေပၚတူဂီကို ကမာၻ႔ဖလားဆီ ပို႔ေပးခဲ့တဲ့ ဖာနန္ဒက္စ္နဲ႔ စီေရာ္နယ္ဒို

ဖာနန္ဒက္စ္နဲ႔စီေရာ္နယ္ဒိုတို႔ဟာ ဒီရာသီမန္ယူမွာ ပုံမွန္စြမ္းေဆာင္ႏိုင္ဖို႔

႐ုန္းကန္ခဲ့ရေပမယ့္ ႏိုင္ငံအသင္းေပၚတူဂီကိုေတာ့ ကမာၻ႔ဖလားဆီ

အတူေပါင္းစပ္ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ေျမာက္မက္ဆီဒိုးနီးယားနဲ႔

ဥေရာပဇုန္ ေျခစစ္ပြဲ play-off ဗိုလ္လုပြဲမွာ ေပၚတူဂီရခဲ့တဲ့ ၂ ဂိုးစလုံးကို

ဖာနန္ဒက္စ္က သြင္းယူေပးခဲ့တာပါ။ ဒါေၾကာင့္ ဖာနန္ဒက္စ္တစ္ေယာက္

သူရဲေကာင္းျဖစ္ခဲ့တဲ့ပြဲလို႔ေတာင္ ဆိုႏိုင္ပါတယ္။ အဲဒီပြဲမွာ ေပၚတူဂီရခဲ့တဲ့

ပထမဂိုးဟာလည္း မန္ယူအသင္းေဖာ္ႏွစ္ေယာက္ရဲ႕တြဲလုံးကေန သြင္းယူႏိုင္ခဲ့တာပါ။

သူတို႔ကြင္းဘက္ျခမ္းမွာ ေျမာက္မက္ဆီဒိုးနီးယားရဲ႕ေပးပို႔မႈတစ္ခုကို ဖာနန္ဒက္စ္က

ျဖတ္ယူႏိုင္ခဲ့ၿပီး ခ်က္ခ်င္းပဲ စီေရာ္နယ္ဒိုဆီ ခ်ေပးခဲ့ပါတယ္။

စီေရာ္နယ္ဒိုက ဆြဲယူသြားေပမယ့္ သူ႔နားကို ၿပိဳင္ဘက္ေနာက္ခံလူတစ္ေယာက္

ကပ္လာခ်ိန္မွာ ဖာနန္ဒက္စ္ဆီ ျပန္ခ်ေပးခဲ့တာပါ။ အဲဒါကိုပဲ ဖာနန္ဒက္စ္က

ေပၚတူဂီအတြက္ ဦးေဆာင္ဂိုးအျဖစ္ မနားတမ္းကန္သြင္းခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ဖာနန္ဒက္စ္ဟာ လီဗာပူးတိုက္စစ္မႈးဂ်ိဳတာရဲ႕

ျဖတ္တင္ေပးပို႔မႈကေန ေပၚတူဂီအတြက္ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို

ေျမမက်ကန္ခဲ့တာပါ။ အဲဒါေၾကာင့္လည္း ဖာနန္ဒက္စ္ဟာ ၂၀၁၉-၂၀ ရာသီ

စကတည္းက ကလပ္နဲ႔ႏိုင္ငံတို႔အတြက္ သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈစုစုေပါင္း ၁၃၁ ႀကိမ္ရွိသြားပါတယ္။

စီေရာ္နယ္ဒိုကလည္း ကမာၻ႔ဖလားမွာ ၅ ႀကိမ္ေျမာက္ပါဝင္ယွဥ္ၿပိဳင္ခြင့္ရသြားခဲ့တာပါ။

ႏိုင္ငံအသင္းအတြက္ စီေရာ္နယ္ဒိုပြဲဦးထြက္ၿပီးခ်ိန္ကတည္းက ေပၚတူဂီဟာ

ကမာၻ႔ဖလားနဲ႔ ယူ႐ိုတို႔မွာ ေျခစစ္ပြဲမေအာင္တာ မရွိခဲ့ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*