ပေါ့ဘာသာ ကတ်စ်မဲရိုးနဲ့တွဲကစားခွင့်ရရင် ကွင်းလယ်က ပြိုင်ဘက်ကင်းဖြစ်လာနိုင်တယ်လို့ ယူနိုက်တက်ပရိသတ်တွေ ယုံကြည်

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ပေ့ါဘာသာ ကတ်စ်မဲရိုးနဲ့

တွဲဖက်ကစားခွင့်ရမယ်ဆိုရင် သူတို့အသင်းကွင်းလယ်က ပြိုင်ဘက်ကင်း
ဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ
ယူနိုက်တက်အသင်းနဲ့ ဒုတိယအကြိမ်မြောက် လမ်းခွဲပြီး အသင်းဟောင်း
ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပေမယ့် ဒီရာသီမစခင်မှာ ဒဏ်ရာရရှိ
ခဲ့တာကြောင့် ကာလအတော်ကြာအနားယူခဲ့ရပါတယ်။

အင်္ဂါနေ့တုန်းက တိုရီနိုအသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရတဲ့ စီးရီးအေပွဲ၊
ဒုတိယပိုင်း(၆၉)မိနစ်မှာ ပေ့ါဘာဟာ ဘာရီနီခီရာအစား လူစားဝင်ကစားခွင့်
ရခဲ့ပြီး ဒါက ရက်ပေါင်း(၃၁၅)ရက်အကြာမှာ ဂျူဗင်တပ်စ်အသင်းအတွက်

ပေ့ါဘာ ပွဲဦးထွက်ကစားနိုင်ခဲ့တာပါ။

ပေါ့ဘာဟာ (၂၁)မိနစ်လောက်သာကစားခဲ့ရပေမယ့် အရင်ကလို ခြေစွမ်းမျိုး

ပြသနိုင်ခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်ပရိသတ်တွေဟာ
သူတို့ကစားသမားဟောင်းကို ပြန်လွမ်းနေတာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေက ‘နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ
ကတ်စ်မဲရိုးနဲ့ ပေ့ါဘာသာ တွဲကစားမယ်ဆိုရင် ငါတို့ကွင်းလယ်က အသင်း
သမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်လာနိုင်တယ်’ ၊ ‘ကြံ့ခိုင်မှုအပြည့်ရှိနေတဲ့
ပေ့ါဘာကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် ဒီရာသီ ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်
ထိပ်ဆုံးမှာ ရောက်နေလောက်ပြီ။ သူနဲ့ ကတ်စ်မဲရိုးအတွဲက တကယ်ကောင်းတဲ့

ကွင်းလယ်အတွဲအဖက်ဖြစ်လာမှာပါ’လို့ Twitter မှာ ရေးသားခဲ့ကြပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ေပ့ါဘာသာ ကတ္စ္မဲ႐ိုးနဲ႔

တြဲဖက္ကစားခြင့္ရမယ္ဆိုရင္ သူတို႔အသင္းကြင္းလယ္က ၿပိဳင္ဘက္ကင္း
ျဖစ္လာႏိုင္တယ္လို႔ ယူဆေနၾကပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေပါ့ဘာဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ
ယူႏိုက္တက္အသင္းနဲ႔ ဒုတိယအႀကိမ္ေျမာက္ လမ္းခြဲၿပီး အသင္းေဟာင္း
ဂ်ဴဗင္တပ္စ္ကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ဒီရာသီမစခင္မွာ ဒဏ္ရာရရွိ
ခဲ့တာေၾကာင့္ ကာလအေတာ္ၾကာအနားယူခဲ့ရပါတယ္။

အဂၤါေန႔တုန္းက တိုရီႏိုအသင္းကို (၄-၂)ဂိုးနဲ႔အႏိုင္ရတဲ့ စီးရီးေအပြဲ၊
ဒုတိယပိုင္း(၆၉)မိနစ္မွာ ေပ့ါဘာဟာ ဘာရီနီခီရာအစား လူစားဝင္ကစားခြင့္
ရခဲ့ၿပီး ဒါက ရက္ေပါင္း(၃၁၅)ရက္အၾကာမွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္

ေပ့ါဘာ ပြဲဦးထြက္ကစားႏိုင္ခဲ့တာပါ။

ေပါ့ဘာဟာ (၂၁)မိနစ္ေလာက္သာကစားခဲ့ရေပမယ့္ အရင္ကလို ေျခစြမ္းမ်ိဳး

ျပသႏိုင္ခဲ့ၿပီး သူ႔ရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြဟာ
သူတို႔ကစားသမားေဟာင္းကို ျပန္လြမ္းေနတာျဖစ္ပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြက ‘နည္းျပအဲရစ္တန္ဟက္လက္ေအာက္မွာ
ကတ္စ္မဲ႐ိုးနဲ႔ ေပ့ါဘာသာ တြဲကစားမယ္ဆိုရင္ ငါတို႔ကြင္းလယ္က အသင္း
သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးျဖစ္လာႏိုင္တယ္’ ၊ ‘ႀကံ့ခိုင္မႈအျပည့္ရွိေနတဲ့
ေပ့ါဘာကို ပိုင္ဆိုင္ႏိုင္မယ္ဆိုရင္ ဒီရာသီ ယူႏိုက္တက္အသင္း ပရီးမီးယားလိဂ္
ထိပ္ဆုံးမွာ ေရာက္ေနေလာက္ၿပီ။ သူနဲ႔ ကတ္စ္မဲ႐ိုးအတြဲက တကယ္ေကာင္းတဲ့

ကြင္းလယ္အတြဲအဖက္ျဖစ္လာမွာပါ’လို႔ Twitter မွာ ေရးသားခဲ့ၾကပါတယ္။