ပေါ့ဘာပခုံးပေါ်ရောက်လာတဲ့ ဂန္ထဝင်ဘက်ဂီယိုနဲ့ ဒဲလ်ပီယာရိုတို့ဖိအား

မန်ယူကနေပြန်ရောက်လာတဲ့ပေါ့ဘာဟာ ဂျူဗင်တပ်ရဲ့ဂန္ထဝင်ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားပါတော့မယ်။ ၂၀၁၆ မှာ စွန့်ခွာခဲ့တဲ့ ဒီအသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ခဲ့တာကြောင့်

အိုးလ်လေဒီတွေရဲ့အနာဂတ်အစီအစဉ်မှာ အရေးပါနေတယ်ဆိုတာလည်း သိသာပါတယ်။ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကတော့ မန်ယူနဲ့ဂျူဗင်တပ်မှာပဲ လွန်းထိုးနေခဲ့ရတာပါ။

အိုးလ်ထရက်ဖို့ဒ်ကနေ တူရင်စရောက်ခဲ့တဲ့ ပထမ ၃ ရာသီမှာ သူဟာ နံပါတ် ၆ ဝတ်ခဲ့တယ်။ သရဲနီတွေဆီ ပြန်မသွားခင် နောက်ဆုံးရာသီရောက်မှ နံပါတ် ၁၀ ဝတ်ခဲ့တာပါ။

အခုတော့ ဒိုင်ဘာလာလည်း မရှိတော့တာကြောင့် ဂျူဗင်တပ်ရဲ့ဂန္ထဝင်ကျောနံပါတ်ကို ပြင်သစ်သား ပြန်လည်ဝတ်ဆင်ခွင့်ရခဲ့ပါပြီ။ စိတ်ဝင်စားစရာကောင်းတာက ဘက်ဂီယိုနဲ့ ဒဲလ်ပီယာရိုလို

အိုးလ်လေဒီတွေရဲ့အားထားရတဲ့ ကျောနံပါတ်ပိုင်ရှင်တစ်ယောက် ဖြစ်လာပါ့မလားဆိုတာပါပဲ။ ဂန္ထဝင်ဘက်ဂီယိုဟာ ဂျူဗင်တပ်အတွက် ပွဲ ၂၀၀ မှာ ၁၁၅ ဂိုး သွင်းနိုင်ခဲ့တယ်။

၁၉၉၃ မှာ ယူအီးအက်ဖ်အေဖလား၊ ၁၉၉၅ မှာ စီးရီးအေနဲ့ကိုပါအီတာလီယာဖလားကို ဂျူဗင်တပ်ရရှိအောင် ကူညီပေးနိုင်ခဲ့တယ်။

ဒဲလ်ပီယာရိုကလည်း တူရင်ကလပ်မှာ ၁၉ နှစ်ကြာ ကစားပေးခဲ့သူပါ။ ၇၀၂ ပွဲမှာ ၂၈၉ ဂိုးသွင်းပြီး စီးရီးအေဖလား ၆ လုံးနဲ့ ၁၉၉၆ ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။

အသက် ၂၉ နှစ်အရွယ် ပေါ့ဘာကတော့ အိုးလ်လေဒီတွေအတွက် ၁၇၇ ပွဲမှာ ၃၄ ဂိုးသွင်းပြီး ဂိုး ၄၀ ဖန်တီးပေးထားပါတယ်။ မန်ယူမှာကျဆင်းခဲ့တဲ့ သူ့ရဲ့ခြေစွမ်းနဲ့ဂုဏ်သိက္ခာအတွက်

တူရင်မှာ ပေါ့ဘာ ပြန်ပြီးအဖတ်ဆယ်ရတော့မယ်။ ဒီလိုအချိန်မှာ ဂန္ထဝင်နံပါတ်ကိုဆက်ခံထားရတာကြောင့် ဖိအားတွေပိုများနေတယ်။

ဂျူဗင်တပ်ပရိသတ်တွေကို စိတ်ကျေနပ်မှုပေးနိုင်တဲ့ ကျောနံပါတ် ၁၀ ပိုင်ရှင်ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

(zawgyi)

မန္ယူကေနျပန္ေရာက္လာတဲ့ေပါ့ဘာဟာ ဂ်ဴဗင္တပ္ရဲ႕ဂႏၴဝင္ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ကစားပါေတာ့မယ္။ ၂၀၁၆ မွာ စြန႔္ခြာခဲ့တဲ့ ဒီအသင္းနဲ႔ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ခဲ့တာေၾကာင့္ အိုးလ္ေလဒီေတြရဲ႕အနာဂတ္အစီအစဥ္မွာ

အေရးပါေနတယ္ဆိုတာလည္း သိသာပါတယ္။ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကေတာ့ မန္ယူနဲ႔ဂ်ဴဗင္တပ္မွာပဲ လြန္းထိုးေနခဲ့ရတာပါ။ အိုးလ္ထရက္ဖို႔ဒ္ကေန တူရင္စေရာက္ခဲ့တဲ့ ပထမ ၃ ရာသီမွာ

သူဟာ နံပါတ္ ၆ ဝတ္ခဲ့တယ္။ သရဲနီေတြဆီ ျပန္မသြားခင္ ေနာက္ဆုံးရာသီေရာက္မွ နံပါတ္ ၁၀ ဝတ္ခဲ့တာပါ။ အခုေတာ့ ဒိုင္ဘာလာလည္း မရွိေတာ့တာေၾကာင့္ ဂ်ဴဗင္တပ္ရဲ႕ဂႏၴဝင္ေက်ာနံပါတ္ကို

ျပင္သစ္သား ျပန္လည္ဝတ္ဆင္ခြင့္ရခဲ့ပါၿပီ။ စိတ္ဝင္စားစရာေကာင္းတာက ဘက္ဂီယိုနဲ႔ ဒဲလ္ပီယာ႐ိုလို အိုးလ္ေလဒီေတြရဲ႕အားထားရတဲ့ ေက်ာနံပါတ္ပိုင္ရွင္တစ္ေယာက္ ျဖစ္လာပါ့မလားဆိုတာပါပဲ။

ဂႏၴဝင္ဘက္ဂီယိုဟာ ဂ်ဴဗင္တပ္အတြက္ ပြဲ ၂၀၀ မွာ ၁၁၅ ဂိုး သြင္းႏိုင္ခဲ့တယ္။ ၁၉၉၃ မွာ ယူအီးအက္ဖ္ေအဖလား၊ ၁၉၉၅ မွာ စီးရီးေအနဲ႔ကိုပါအီတာလီယာဖလားကို ဂ်ဴဗင္တပ္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တယ္။

ဒဲလ္ပီယာ႐ိုကလည္း တူရင္ကလပ္မွာ ၁၉ ႏွစ္ၾကာ ကစားေပးခဲ့သူပါ။ ၇၀၂ ပြဲမွာ ၂၈၉ ဂိုးသြင္းၿပီး စီးရီးေအဖလား ၆ လုံးနဲ႔ ၁၉၉၆ ခ်န္ပီယံလိဂ္ဖလားရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ေပါ့ဘာကေတာ့ အိုးလ္ေလဒီေတြအတြက္ ၁၇၇ ပြဲမွာ ၃၄ ဂိုးသြင္းၿပီး ဂိုး ၄၀ ဖန္တီးေပးထားပါတယ္။ မန္ယူမွာက်ဆင္းခဲ့တဲ့ သူ႔ရဲ႕ေျခစြမ္းနဲ႔ဂုဏ္သိကၡာအတြက္ တူရင္မွာ ေပါ့ဘာ ျပန္ၿပီးအဖတ္ဆယ္ရေတာ့မယ္။

ဒီလိုအခ်ိန္မွာ ဂႏၴဝင္နံပါတ္ကိုဆက္ခံထားရတာေၾကာင့္ ဖိအားေတြပိုမ်ားေနတယ္။ ဂ်ဴဗင္တပ္ပရိသတ္ေတြကို စိတ္ေက်နပ္မႈေပးႏိုင္တဲ့ ေက်ာနံပါတ္ ၁၀ ပိုင္ရွင္ျဖစ္လာမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။