ပေါ့ဘာဒဏ်ရာရသွားတဲ့ ဂျူဗင်တပ်ကို ကူညီပေးမယ့် အက်သလက်တီကိုရဲ့အစီအစဉ်

ဒဏ်ရာရသွားတဲ့ပေါ့ဘာနေရာမှာ သူတို့ကစားသမားနဲ့အစားထိုးမလားလို့ အက်သလက်တီကိုက ဂျူဗင်တပ်ကို ကမ်းလှမ်းမှာဖြစ်တဲ့အကြောင်း သတင်းထွက်လာပါတယ်။

ပြင်သစ်ကွင်းလယ်လူဟာ ဂျူဗင်တပ်ရဲ့ရာသီကြိုခရီးစဉ်မှာ ဒူးဒဏ်ရာရခဲ့တာကြောင့် ၂ ပတ်လောက် အနားယူရတော့မှာပါ။ ပေါ့ဘာဟာ မန်ယူကနေထွက်ခွာလာတဲ့နောက်

အသင်းဖော်သစ်တွေနဲ့ လက်တွဲပြီး ၁၄ ရက်အကြာမှာတင် ဒဏ်ရာရသွားခဲ့တာဖြစ်သလို ဂျူဗင်တပ်အတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ သူတို့အနေနဲ့ သြဂုတ်လ ၁၅ ရက်နေ့

ဆာဆူအိုလိုနဲ့ စီးရီးအေဖွင့်ပွဲမတိုင်ခင် အစားထိုးဖို့ ကစားသမားခေါ်ယူမလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ စပိန်သတင်းစာ Cadena Ser ကတော့

အက်သလက်တီကိုဟာ သူတို့ကစားသမား ဆောလ်နီဂွက်ဇ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်ကိုကမ်လှမ်းလိမ့်မယ်လို့ ဖေါ်ပြပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီတုန်းက

ချဲလ်ဆီးမှာ တစ်ရာသီအငှားနဲ့ကစားခဲ့သူပါ။ ဒါပေမဲ့ တူချယ်လက်အောက်မှာ ပရီးမီးယားလိဂ် ၁၀ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဆောလ်နီဂွက်ဇ်ကို အမြဲတမ်းစာချုပ်နဲ့ခေါ်ယူခွင့် ရှိခဲ့ပေမယ့်

သူတို့ရဲ့ပထမဦးစားပေးအစီအစဉ်တွေကို ချိုးဖျက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ တစ်ချိန်က အက်သလက်တီကိုအတွက် ခြေစွမ်းပြခဲ့ဖူးတဲ့ စပိန်လက်ရွေးစင်ကို ဂျူင်တပ်စိတ်ဝင်စားမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

(zawgyi)

ဒဏ္ရာရသြားတဲ့ေပါ့ဘာေနရာမွာ သူတို႔ကစားသမားနဲ႔အစားထိုးမလားလို႔ အက္သလက္တီကိုက ဂ်ဴဗင္တပ္ကို ကမ္းလွမ္းမွာျဖစ္တဲ့အေၾကာင္း သတင္းထြက္လာပါတယ္။ ျပင္သစ္ကြင္းလယ္လူဟာ

ဂ်ဴဗင္တပ္ရဲ႕ရာသီႀကိဳခရီးစဥ္မွာ ဒူးဒဏ္ရာရခဲ့တာေၾကာင့္ ၂ ပတ္ေလာက္ အနားယူရေတာ့မွာပါ။ ေပါ့ဘာဟာ မန္ယူကေနထြက္ခြာလာတဲ့ေနာက္ အသင္းေဖာ္သစ္ေတြနဲ႔ လက္တြဲၿပီး

၁၄ ရက္အၾကာမွာတင္ ဒဏ္ရာရသြားခဲ့တာျဖစ္သလို ဂ်ဴဗင္တပ္အတြက္ ထိုးႏွက္ခ်က္တစ္ခုလည္း ျဖစ္ခဲ့ရပါတယ္။ သူတို႔အေနနဲ႔ ၾသဂုတ္လ ၁၅ ရက္ေန႔ ဆာဆူအိုလိုနဲ႔ စီးရီးေအဖြင့္ပြဲမတိုင္ခင္

အစားထိုးဖို႔ ကစားသမားေခၚယူမလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ စပိန္သတင္းစာ Cadena Ser ကေတာ့ အက္သလက္တီကိုဟာ သူတို႔ကစားသမား ေဆာလ္နီဂြက္ဇ္ကို

ေခၚယူဖို႔ ဂ်ဴဗင္တပ္ကိုကမ္လွမ္းလိမ့္မယ္လို႔ ေဖၚျပပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ခ်ဲလ္ဆီးမွာ တစ္ရာသီအငွားနဲ႔ကစားခဲ့သူပါ။

ဒါေပမဲ့ တူခ်ယ္လက္ေအာက္မွာ ပရီးမီးယားလိဂ္ ၁၀ ပြဲသာ ကစားခြင့္ရခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ေဆာလ္နီဂြက္ဇ္ကို အၿမဲတမ္းစာခ်ဳပ္နဲ႔ေခၚယူခြင့္ ရွိခဲ့ေပမယ့္ သူတို႔ရဲ႕ပထမဦးစားေပးအစီအစဥ္ေတြကို

ခ်ိဳးဖ်က္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ တစ္ခ်ိန္က အက္သလက္တီကိုအတြက္ ေျခစြမ္းျပခဲ့ဖူးတဲ့ စပိန္လက္ေ႐ြးစင္ကို ဂ်ဴင္တပ္စိတ္ဝင္စားမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။