ပေါ့ဘာက မှော်အတတ်နဲ့ပြုစားထားတယ်ဆိုလို့ ကျီးလန့်စာစားဖြစ်နေရတဲ့ အမ်ဘာပီ

ပြင်သစ်အသင်းဖော် ပေါ့ဘာက သူ့ကိုမှော်အတတ်နဲ့ပြုစားထားတယ်ဆိုလို့ အမ်ဘာပီတစ်ယောက် အရာရာကိုစေ့စေ့စပ်စပ်နဲ့ သတိထားနေရကြောင်း သိရပါတယ်။ ဂျူဗင်တပ်ကွင်းလယ်လူရဲ့အကိုဖြစ်သူ မားသီးယက်စ်ပေါ့ဘာက

တွစ်တာမှာ ၃ မိနစ်စာ ဗွီဒီယိုဖိုင်တစ်ခုတင်ခဲ့ရာက ဇာတ်လမ်းစခဲ့တာပါ။ ပေါ့ဘာဟာ ကြောင်သူတော်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့လျှို့ဝှက်ချက်တွေကိုသာသိကြရင် အားလုံးပေါက်ကွဲကုန်မှာဖြစ်ကြောင်း မားသီးယက်စ်က ပြောသွားခဲ့ပါတယ်။

ဒီအကြောင်းတွေကိုလည်း မကြာခင်မှာ ဖွင့်ချမှာဖြစ်ပြီး သူ့မှာ သက်သေတွေအများကြီးရှိတယ်လို့ ခြိမ်းခြောက်သွားတာပါ။ ဒါ့အပြင် တစ်စွန်းတစ်စအဖြစ် ပေါ့ဘာဟာ ပယောဂဆရာတစ်ယောက်ကို အသုံးပြုပြီး

အမ်ဘာပီကိုပြုစားထားတယ်လို့ စွပ်စွဲသွားခဲ့ပါသေးတယ်။ အဲဒီနောက် သူရဲ့စကားတွေကို ပီအက်စ်ဂျီတိုက်စစ်မှူး စိတ်ဝင်စားတယ်လို့ ယူဆထားတဲ့ မားသီးယက်စ်ဟာ တွစ်တာကနေ တိုက်ရိုက်ဆက်သွယ်လာခဲ့ပြန်ပါတယ်။

“ ကီလီယန် .. အခု မင်းနားလည်ပြီလား။ ငါ မင်းကို မကောင်းမြင်စိတ် ဘာမှမရှိဘူး။ ငါ့စကားတွေက မင်းကောင်းဖို့ပါပဲ။ အားလုံးက အမှန်တွေပါ။ သက်သေလည်းရှိတယ်။ မာရာဘူဆိုတာ သိလား။

ဒီလိုညီမျိုးအတွက် စိတ်မကောင်းပါဘူး။ မင်းနားမှာ သစ္စာဖောက်ကြောင်သူတော်တစ်ယောက်ရှိနေတာ ဘယ်တော့မှမကောင်းဘူး ” လို့ မားသီးယက်စ်က ရေးသားထားပါတယ်။ အမ်ဘာပီကတော့ သူတို့ညီအကိုနှစ်ယောက်ကြားမှာ

မဆီမဆိုင် ခေါင်းစားနေရတာပါ။ ဒါကြောင့် အခြေအနေကိုလေ့လာအကဲခတ်နေပြီး လိုအပ်ရင် တိုင်ကြားမှုတွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြင်သစ်အခြေစိုက် L’Equipe သတင်းစာက ဖေါ်ပြပါတယ်။

(zawgyi)

ျပင္သစ္အသင္းေဖာ္ ေပါ့ဘာက သူ႔ကိုေမွာ္အတတ္နဲ႔ျပဳစားထားတယ္ဆိုလို႔ အမ္ဘာပီတစ္ေယာက္ အရာရာကိုေစ့ေစ့စပ္စပ္နဲ႔ သတိထားေနရေၾကာင္း သိရပါတယ္။ ဂ်ဴဗင္တပ္ကြင္းလယ္လူရဲ႕အကိုျဖစ္သူ မားသီးယက္စ္ေပါ့ဘာက

တြစ္တာမွာ ၃ မိနစ္စာ ဗြီဒီယိုဖိုင္တစ္ခုတင္ခဲ့ရာက ဇာတ္လမ္းစခဲ့တာပါ။ ေပါ့ဘာဟာ ေၾကာင္သူေတာ္တစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကိုသာသိၾကရင္ အားလုံးေပါက္ကြဲကုန္မွာျဖစ္ေၾကာင္း မားသီးယက္စ္က ေျပာသြားခဲ့ပါတယ္။

ဒီအေၾကာင္းေတြကိုလည္း မၾကာခင္မွာ ဖြင့္ခ်မွာျဖစ္ၿပီး သူ႔မွာ သက္ေသေတြအမ်ားႀကီးရွိတယ္လို႔ ၿခိမ္းေျခာက္သြားတာပါ။ ဒါ့အျပင္ တစ္စြန္းတစ္စအျဖစ္ ေပါ့ဘာဟာ ပေယာဂဆရာတစ္ေယာက္ကို အသုံးျပဳၿပီး

အမ္ဘာပီကိုျပဳစားထားတယ္လို႔ စြပ္စြဲသြားခဲ့ပါေသးတယ္။ အဲဒီေနာက္ သူရဲ႕စကားေတြကို ပီအက္စ္ဂ်ီတိုက္စစ္မႉး စိတ္ဝင္စားတယ္လို႔ ယူဆထားတဲ့ မားသီးယက္စ္ဟာ တြစ္တာကေန တိုက္႐ိုက္ဆက္သြယ္လာခဲ့ျပန္ပါတယ္။

“ ကီလီယန္ .. အခု မင္းနားလည္ၿပီလား။ ငါ မင္းကို မေကာင္းျမင္စိတ္ ဘာမွမရွိဘူး။ ငါ့စကားေတြက မင္းေကာင္းဖို႔ပါပဲ။ အားလုံးက အမွန္ေတြပါ။ သက္ေသလည္းရွိတယ္။ မာရာဘူဆိုတာ သိလား။

ဒီလိုညီမ်ိဳးအတြက္ စိတ္မေကာင္းပါဘူး။ မင္းနားမွာ သစၥာေဖာက္ေၾကာင္သူေတာ္တစ္ေယာက္ရွိေနတာ ဘယ္ေတာ့မွမေကာင္းဘူး ” လို႔ မားသီးယက္စ္က ေရးသားထားပါတယ္။ အမ္ဘာပီကေတာ့ သူတို႔ညီအကိုႏွစ္ေယာက္ၾကားမွာ

မဆီမဆိုင္ ေခါင္းစားေနရတာပါ။ ဒါေၾကာင့္ အေျခအေနကိုေလ့လာအကဲခတ္ေနၿပီး လိုအပ္ရင္ တိုင္ၾကားမႈေတြလုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ျပင္သစ္အေျခစိုက္ L’Equipe သတင္းစာက ေဖၚျပပါတယ္။