ပေါင် သန်း ၅၀ ကျော်ရှာနိုင်ခဲ့တဲ့ တစ်ချိန်က ကမ္ဘာ့တတိယလစာအများဆုံးကစားသမား

အာဂျင်တိုင်းသား ဒါရီယိုကွန်ကာဟာ ရော်နယ်ဒိုနဲ့မက်ဆီနောက်မှာ ကမ္ဘာ့တတိယမြောက် လစာအများဆုံးဘောလုံးသမားဖြစ်နေတယ်ဆိုတာ သိသူအတော်လေးနည်းပါတယ်။ သူဟာ ၂၀၀၉ နဲ့ ၂၀၁၀ မှာ

ဘရာဇီးလ်စီးရီးအေရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူပါ။ ၂၀၁၁ မှာတော့ ဘရာဇီးလ်ကလပ်ဖလူမီနန်စီကို ၁၉၈၄ နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားရအောင် အဓိကကူညီပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ကွန်ကာရဲ့သတင်းတွေမွှေးပျံ့လာခဲ့ပြီး လိုချင်တဲ့အသင်းတွေလည်း ဝိုင်းနေခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းလယ်ကစားသမားဟာ ဥရောပထိပ်သီးအသင်းတစ်သင်းထက် တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးကိုပြောင်းရွှေ့ဖို့သာ

ဆုံးဖြတ်ခဲ့ပါတယ်။ တရုတ်ကလပ်ဟာ အဲဒီတုန်းက သူ့အတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ ၁၀ သန်း သုံးခဲ့တာပါ။ အဲဒီနောက် ကွန်ကာကို တစ်ပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ နဲ့ ၂ နှစ်စာချုပ်ခဲ့ပါတယ်။

တနည်းအားဖြင့် အာဂျင်တီးနားကွင်းလယ်လူဟာ ကမ္ဘာ့တတိယမြောက် လစာအများဆုံးဘောလုံးသမား ဖြစ်လာခဲ့တာပါ။ သူ့ထက်လစာများတာဆိုလို့ အဲဒီတုန်းက ရီးရဲလ်နဲ့ဘာစီလိုနာမှာကစားနေတဲ့ ရော်နယ်ဒိုနဲ့မက်ဆီသာ ရှိခဲ့ပါတယ်။

Goat နှစ်ပါးက ချန်ပီယံလိဂ်နဲ့ရွှေဘောလုံးဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေကြချိန်မှာ ကွန်ကာကတော့ ကွမ်ကျိုးအတွက် ၃ ရာသီအတွင်း ၉၉ ပွဲမှာ ၅၄ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဖလူမီနန်စီကို ပြန်ရောက်သွားသလို လစာလည်း တစ်ပတ် ပေါင် ၈၀၀၀ သာရခဲ့ပါတယ်။ အင်္ဂလန်နည်းပြဟောင်းအဲရစ်ဆင်က မက်ဆီလိုကစားသမားမျိုးလို့

ချီးကျူးခံခဲ့ရဖူးတဲ့ ကွန်ကာဟာ အသက် ၃၆ နှစ်အရွယ် ၂၀၁၉ မှာတော့ ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးဟာ သူ့အတွက် အကျိုးမယုတ်စေခဲ့ပါဘူး။

အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် တစ်ပွဲမှ မကစားခဲ့ရပေမယ့် သူ့ရဲ့ဘောလုံးသမားဘဝတစ်လျှောက်မှာ ပေါင် သန်း ၅၀ ကျော် ဝင်ငွေရခဲ့လို့ပါပဲ။

(zawgyi)

အာဂ်င္တိုင္းသား ဒါရီယိုကြန္ကာဟာ ေရာ္နယ္ဒိုနဲ႔မက္ဆီေနာက္မွာ ကမာၻ႔တတိယေျမာက္ လစာအမ်ားဆုံးေဘာလုံးသမားျဖစ္ေနတယ္ဆိုတာ သိသူအေတာ္ေလးနည္းပါတယ္။ သူဟာ ၂၀၀၉ နဲ႔ ၂၀၁၀ မွာ

ဘရာဇီးလ္စီးရီးေအရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသူပါ။ ၂၀၁၁ မွာေတာ့ ဘရာဇီးလ္ကလပ္ဖလူမီနန္စီကို ၁၉၈၄ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အမွတ္ေပးဖလားရေအာင္ အဓိကကူညီေပးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ကြန္ကာရဲ႕သတင္းေတြေမႊးပ်ံ႕လာခဲ့ၿပီး လိုခ်င္တဲ့အသင္းေတြလည္း ဝိုင္းေနခဲ့ပါတယ္။ ဒါေပမဲ့ ကြင္းလယ္ကစားသမားဟာ ဥေရာပထိပ္သီးအသင္းတစ္သင္းထက္ တ႐ုတ္စူပါလိဂ္ကလပ္ ကြမ္က်ိဳးကိုေျပာင္းေ႐ႊ႕ဖို႔သာ ဆုံးျဖတ္ခဲ့ပါတယ္။

တ႐ုတ္ကလပ္ဟာ အဲဒီတုန္းက သူ႔အတြက္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေဒၚလာ ၁၀ သန္း သုံးခဲ့တာပါ။ အဲဒီေနာက္ ကြန္ကာကို တစ္ပတ္လုပ္ခ ေပါင္ ၁၇၀၀၀၀ နဲ႔ ၂ ႏွစ္စာခ်ဳပ္ခဲ့ပါတယ္။ တနည္းအားျဖင့္ အာဂ်င္တီးနားကြင္းလယ္လူဟာ

ကမာၻ႔တတိယေျမာက္ လစာအမ်ားဆုံးေဘာလုံးသမား ျဖစ္လာခဲ့တာပါ။ သူ႔ထက္လစာမ်ားတာဆိုလို႔ အဲဒီတုန္းက ရီးရဲလ္နဲ႔ဘာစီလိုနာမွာကစားေနတဲ့ ေရာ္နယ္ဒိုနဲ႔မက္ဆီသာ ရွိခဲ့ပါတယ္။ Goat ႏွစ္ပါးက ခ်န္ပီယံလိဂ္နဲ႔ေ႐ႊေဘာလုံးဆုအတြက္

ၿပိဳင္ဆိုင္မႈျပင္းထန္ေနၾကခ်ိန္မွာ ကြန္ကာကေတာ့ ကြမ္က်ိဳးအတြက္ ၃ ရာသီအတြင္း ၉၉ ပြဲမွာ ၅၄ ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ဖလူမီနန္စီကို ျပန္ေရာက္သြားသလို လစာလည္း တစ္ပတ္ ေပါင္ ၈၀၀၀ သာရခဲ့ပါတယ္။

အဂၤလန္နည္းျပေဟာင္းအဲရစ္ဆင္က မက္ဆီလိုကစားသမားမ်ိဳးလို႔ ခ်ီးက်ဴးခံခဲ့ရဖူးတဲ့ ကြန္ကာဟာ အသက္ ၃၆ ႏွစ္အ႐ြယ္ ၂၀၁၉ မွာေတာ့ ေဘာလုံးသမားဘဝကေန အနားယူသြားခဲ့ပါတယ္။

ဒါေပမဲ့ ေဘာလုံးဟာ သူ႔အတြက္ အက်ိဳးမယုတ္ေစခဲ့ပါဘူး။ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းအတြက္ တစ္ပြဲမွ မကစားခဲ့ရေပမယ့္ သူ႔ရဲ႕ေဘာလုံးသမားဘဝတစ္ေလွ်ာက္မွာ ေပါင္ သန္း ၅၀ ေက်ာ္ ဝင္ေငြရခဲ့လို႔ပါပဲ။