ပေါင် သန်း ၂၀၀ ကျော်နဲ့ ဂုဏ်သိက္ခာ .. ဘာကိုရွေးမလဲ ရော်နယ်ဒို

ဘောလုံးသမားတစ်ယောက်အတွက် အရေးကြီးတဲ့အချိန်မျိုးမှာ ဒီလိုကာလလည်း ပါနေပါတယ်။ လက်ရှိအသင်းမှာ မနေချင်တော့ဘူး။ အသင်းသစ်ရှာရမယ်။

“ သေချင်တဲ့ကျား တောပြောင်း ” မဖြစ်ရေးဆိုတဲ့ သတိကဲရမယ့်အခြေအနေမှာ အသက် ၃၇ နှစ်နဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဆိုတဲ့ အချက်အလက်တွေပေါင်းလိုက်တော့

တကယ့်မလွယ်ကြောပါပဲ။ ဒါကြောင့်လည်း ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့က လိပ်ခဲတည်းလည်းဖြစ်နေရတာနေပါလိမ့်မယ်။ ဒါပေမဲ့ CNN သတင်းဌာနကတော့

ထူးခြားတဲ့အခွင့်အရေးတစ်ရပ်အကြောင်း လမ်းကြောင်းပေးလာပါတယ်။ ဆော်ဒီကလပ်တစ်သင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ နဲ့ကမ်းလှမ်းလိုက်တယ်ဆိုတာပါ။

ရုတ်တရက်ကြည့်ရင် ရွှေဘောလုံး ၅ ဆုရှင်အတွက် အတော်ပဲ့တဲ့ကမ်းလှမ်းမှုမျိုးဖြစ်ပေမယ့် နေဝင်ချိန်ရောက်တော့မယ့်အနေအထားအရ သိပ်တော့လည်း

စောဒကတက်စရာမရှိပါဘူး။ နောက်ပြီး ဂျူဗင်တပ်ကို ပေးခဲ့ရတုန်းက ပေါင် ၁၃ သန်းလောက်ဆိုတော့ မန်ယူအတွက်လည်း အဆင်ပြေပါတယ်။ ရော်နယ်ဒိုလိုကစားသမားမျိုးအတွက်

ဒီအချိန်မှာ ပြောင်းရွှေ့ကြေးထက် လစာက ပိုအရေးပါနေပါတယ်။ ဒီတော့ ဆော်ဒီကလပ်က တစ်နှစ် ပေါင် ၁၀၅ သန်းကျော်နဲ့ မက်လောက်စရာကမ်းလှမ်းထားပါသတဲ့။

ဆိုလိုတာက ၂ နှစ်စာချုပ်ရင် ပေါင် သန်း ၂၀၀( BBC ကဆိုရင် ပေါင် ၂၅၄ သန်း )ကျော်ရနိုင်မယ့် အခွင့်အရေးပါ။ အေးဂျင့်ဂျော့မန်ဒက်စ်အတွက်လည်း ပေါင် သန်း ၂၀ ဆိုပြီး ချုပ်ထားပါသေးတယ်။

ဒါပေမဲ့ ရော်နယ်ဒိုဟာ ဂုဏ်သိက္ခာနဲ့တော့ အလဲအထပ် လုပ်ရပါလိမ့်မယ်။ ပြင်သစ်ရောက်သွားတဲ့ မက်ဆီတောင် ဥရောပထိပ်တန်းလိဂ်တွေရဲ့အစွန်းနားမှာ ပရိသတ်တွေရဲ့ ရေဒါထဲက ပျောက်ပျောက်နေရတာ မဟုတ်လား ..

(zawgyi)

ေဘာလုံးသမားတစ္ေယာက္အတြက္ အေရးႀကီးတဲ့အခ်ိန္မ်ိဳးမွာ ဒီလိုကာလလည္း ပါေနပါတယ္။ လက္ရွိအသင္းမွာ မေနခ်င္ေတာ့ဘူး။ အသင္းသစ္ရွာရမယ္။ “ ေသခ်င္တဲ့က်ား ေတာေျပာင္း ” မျဖစ္ေရးဆိုတဲ့

သတိကဲရမယ့္အေျခအေနမွာ အသက္ ၃၇ ႏွစ္နဲ႔ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားတစ္ေယာက္ဆိုတဲ့ အခ်က္အလက္ေတြေပါင္းလိုက္ေတာ့ တကယ့္မလြယ္ေၾကာပါပဲ။

ဒါေၾကာင့္လည္း ေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕က လိပ္ခဲတည္းလည္းျဖစ္ေနရတာေနပါလိမ့္မယ္။ ဒါေပမဲ့ CNN သတင္းဌာနကေတာ့ ထူးျခားတဲ့အခြင့္အေရးတစ္ရပ္အေၾကာင္း လမ္းေၾကာင္းေပးလာပါတယ္။

ေဆာ္ဒီကလပ္တစ္သင္းက ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို သန္း ၃၀ နဲ႔ကမ္းလွမ္းလိုက္တယ္ဆိုတာပါ။ ႐ုတ္တရက္ၾကည့္ရင္ ေ႐ႊေဘာလုံး ၅ ဆုရွင္အတြက္ အေတာ္ပဲ့တဲ့ကမ္းလွမ္းမႈမ်ိဳးျဖစ္ေပမယ့္

ေနဝင္ခ်ိန္ေရာက္ေတာ့မယ့္အေနအထားအရ သိပ္ေတာ့လည္း ေစာဒကတက္စရာမရွိပါဘူး။ ေနာက္ၿပီး ဂ်ဴဗင္တပ္ကို ေပးခဲ့ရတုန္းက ေပါင္ ၁၃ သန္းေလာက္ဆိုေတာ့ မန္ယူအတြက္လည္း အဆင္ေျပပါတယ္။

ေရာ္နယ္ဒိုလိုကစားသမားမ်ိဳးအတြက္ ဒီအခ်ိန္မွာ ေျပာင္းေ႐ႊ႕ေၾကးထက္ လစာက ပိုအေရးပါေနပါတယ္။ ဒီေတာ့ ေဆာ္ဒီကလပ္က တစ္ႏွစ္ ေပါင္ ၁၀၅ သန္းေက်ာ္နဲ႔ မက္ေလာက္စရာကမ္းလွမ္းထားပါသတဲ့။

ဆိုလိုတာက ၂ ႏွစ္စာခ်ဳပ္ရင္ ေပါင္ သန္း ၂၀၀( BBC ကဆိုရင္ ေပါင္ ၂၅၄ သန္း )ေက်ာ္ရႏိုင္မယ့္ အခြင့္အေရးပါ။ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္အတြက္လည္း ေပါင္ သန္း ၂၀ ဆိုၿပီး ခ်ဳပ္ထားပါေသးတယ္။

ဒါေပမဲ့ ေရာ္နယ္ဒိုဟာ ဂုဏ္သိကၡာနဲ႔ေတာ့ အလဲအထပ္ လုပ္ရပါလိမ့္မယ္။ ျပင္သစ္ေရာက္သြားတဲ့ မက္ဆီေတာင္ ဥေရာပထိပ္တန္းလိဂ္ေတြရဲ႕အစြန္းနားမွာ ပရိသတ္ေတြရဲ႕ ေရဒါထဲက ေပ်ာက္ေပ်ာက္ေနရတာ မဟုတ္လား ..