ပေါင် သန်း ၁၀၀ ပေးခဲ့ရတဲ့ ဂရီလစ်ရှ်ဟာ မန်စီးတီးနဲ့မတန်ဘူးလို့ ပရိသတ်တွေ ဒေါသတကြီးဝေဖန်နေကြ

ဘောလုံးပရိသတ်ဆိုတာက ကိုယ်အားပေးတဲ့ အသင်းအနိုင်ရတယ်ဆိုရင် ပျော်ကြတာ ဓမ္မတာပဲ။ ဘယ်လိုနည်းနဲ့ပဲ နိုင်နိုင် ကိုယ့်အသင်းအနိုင်ရရင် ဂုဏ်ယူတတ်ကြတာမျိုးပါ။ ဒီလိုဆိုတဲ့အတွက် ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒေါ့တ်မန်အသင်းကို အနိုင်ရခဲ့တဲ့ မန်စီးတီးပရိသတ်တွေ ပျော်နေ တယ်ထင်ရင်တော့

မှားတယ်လို့ပဲ ဆိုရမှာပါ။ နည်းပြဂွါဒီယိုလာရဲ့ အသင်းဟာ ဂျာမန်ထိပ်သီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ပုံစံ ရှိမနေခဲ့ဘဲ ပွဲချိန် ၅၆ မိနစ်မှာ ဘယ်လင်ဂမ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတယ်။ ဒါပေမဲ့ ပွဲချိန် မိနစ် ၈၀ အရောက်မှာ အိမ်ရှင်အသင်းအတွက် ဂျွန်စတုန်းက ချေပဂိုးသွင်နိုင်ခဲ့ပြီး ၈၄ မိနစ်မှာတော့

ဟာလန်းက လှပတဲ့ ကွန်ဖူးကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့လို့ မန်စီးတီးတို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး အနိုင်ရ ခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ တောင်ပံတိုက်စစ်မှူး ဂရီလစ်ရှ်ရဲ့ စွမ်း ဆောင်ရည်နဲ့ပတ်သက်ပြီး အရမ်းကို စိတ်ပျက်နေကြပါပြီ။ ဒဏ်ရာပြဿနာကြောင့် အနားယူ နေခဲ့ရပြီး ဒီရာသီမှာ ဦးစားပေး

ပွဲထွက်ခွင့် သုံးကြိမ်သာ ရထားသေးတဲ့ ဂရီလစ်ရှ်ရဲ့ ခြေစွမ်းဟာ ဒေါ့တ်မန်နဲ့ပွဲစဉ်မှာ အလုပ်မဖြစ်ခဲ့ပါဘူး။ ပြိုင်ဘက် ကစားသမား သောမတ်စ် မူနီယာရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေခဲ့တဲ့ ဂရီလစ်ရှ်ဟာ ဒေါ့မန်နဲ့ပွဲစဉ်မှာ လမ်းပျောက်နေခဲ့တာပါ။ ဒါကြောင့် ပေါင်သန်း ၁၀၀ တန်ကွင်းလယ်လူအတွက် မန်စီးတီး ပရိသတ်တွေ

သည်းခံနိုင်စိတ် ကုန်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ တွစ်တာပေါ်မှာ ဝေဖန်သံတွေ ညံသွားခဲ့တယ်။ ‘’သူက မန်စီးတီးအတွက် သင့်တော်တဲ့ ကစား သမားမဟုတ်ပါဘူး။ ရှင်းပါတယ်’’ လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့

‘’ခပ်တင်းတင်းပြောရ ရင်တော့ ဂရီလစ်ရှ်ဟာ လက်ရှိမှာတော့ ဒီအသင်းအနားတောင် မကပ်သင့်ပါဘူးဗျာ’’ လို့ ရေးခဲ့ပါတယ်။ နောက်ထပ် တခြားတစ်ယောက်ကလည်း ‘’ဂရီလစ်ရှစ်ကစားတာကိုကြည့်ရတာ ပျင်းစရာကောင်းလိုက်တာဗျာ။ သူဘောလုံး ရပြီဆိုရင် ကျွန်တော်

ရင်တမမနဲ့ ကြည့်ရတဲ့စိတ်တွေ တိုးတိုးလာတယ်’’ လို့ ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ မန်စီးတီးဟာ ပွဲစဉ်အပြီးမှာ ဒေါ့တ်မန်ကို အနိုင် ရခဲ့လို့ ဒီရာသီ ချန်ပီယံလိဂ် ၂ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီဖြစ်ပါတယ်။

(zawgyi)

ေဘာလုံးပရိသတ္ဆိုတာက ကိုယ္အားေပးတဲ့ အသင္းအႏိုင္ရတယ္ဆိုရင္ ေပ်ာ္ၾကတာ ဓမၼတာပဲ။ ဘယ္လိုနည္းနဲ႔ပဲ ႏိုင္ႏိုင္ ကိုယ့္အသင္းအႏိုင္ရရင္ ဂုဏ္ယူတတ္ၾကတာမ်ိဳးပါ။ ဒီလိုဆိုတဲ့အတြက္ ဗုဒၶဟူးညက ကစားခဲ့တဲ့ ပြဲစဥ္မွာ ေဒါ့တ္မန္အသင္းကို အႏိုင္ရခဲ့တဲ့ မန္စီးတီးပရိသတ္ေတြ ေပ်ာ္ေန တယ္ထင္ရင္ေတာ့

မွားတယ္လို႔ပဲ ဆိုရမွာပါ။ နည္းျပဂြါဒီယိုလာရဲ႕ အသင္းဟာ ဂ်ာမန္ထိပ္သီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ အေကာင္းဆုံး ပုံစံ ရွိမေနခဲ့ဘဲ ပြဲခ်ိန္ ၅၆ မိနစ္မွာ ဘယ္လင္ဂမ္ရဲ႕ ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရတယ္။ ဒါေပမဲ့ ပြဲခ်ိန္ မိနစ္ ၈၀ အေရာက္မွာ အိမ္ရွင္အသင္းအတြက္ ဂြၽန္စတုန္းက ေခ်ပဂိုးသြင္ႏိုင္ခဲ့ၿပီး ၈၄ မိနစ္မွာေတာ့

ဟာလန္းက လွပတဲ့ ကြန္ဖူးကန္ခ်က္နဲ႔ ဂိုးသြင္းယူႏိုင္ခဲ့လို႔ မန္စီးတီးတို႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ အခုလိုမ်ိဳး အႏိုင္ရ ခဲ့ေပမယ့္လည္း ပရိသတ္ေတြကေတာ့ ေတာင္ပံတိုက္စစ္မႉး ဂရီလစ္ရွ္ရဲ႕ စြမ္း ေဆာင္ရည္နဲ႔ပတ္သက္ၿပီး အရမ္းကို စိတ္ပ်က္ေနၾကပါၿပီ။

ဒဏ္ရာျပႆနာေၾကာင့္ အနားယူ ေနခဲ့ရၿပီး ဒီရာသီမွာ ဦးစားေပး ပြဲထြက္ခြင့္ သုံးႀကိမ္သာ ရထားေသးတဲ့ ဂရီလစ္ရွ္ရဲ႕ ေျခစြမ္းဟာ ေဒါ့တ္မန္နဲ႔ပြဲစဥ္မွာ အလုပ္မျဖစ္ခဲ့ပါဘူး။ ၿပိဳင္ဘက္ ကစားသမား ေသာမတ္စ္ မူနီယာရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကို ေရာက္ေနခဲ့တဲ့ ဂရီလစ္ရွ္ဟာ

ေဒါ့မန္နဲ႔ပြဲစဥ္မွာ လမ္းေပ်ာက္ေနခဲ့တာပါ။ ဒါေၾကာင့္ ေပါင္သန္း ၁၀၀ တန္ကြင္းလယ္လူအတြက္ မန္စီးတီး ပရိသတ္ေတြ သည္းခံႏိုင္စိတ္ ကုန္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ပြဲအၿပီးမွာေတာ့ တြစ္တာေပၚမွာ ေဝဖန္သံေတြ ညံသြားခဲ့တယ္။

‘’သူက မန္စီးတီးအတြက္ သင့္ေတာ္တဲ့ ကစား သမားမဟုတ္ပါဘူး။ ရွင္းပါတယ္’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ ပို႔စ္တင္ခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့ ‘’ခပ္တင္းတင္းေျပာရ ရင္ေတာ့ ဂရီလစ္ရွ္ဟာ လက္ရွိမွာေတာ့ ဒီအသင္းအနားေတာင္ မကပ္သင့္ပါဘူးဗ်ာ’’ လို႔ ေရးခဲ့ပါတယ္။

ေနာက္ထပ္ တျခားတစ္ေယာက္ကလည္း ‘’ဂရီလစ္ရွစ္ကစားတာကိုၾကည့္ရတာ ပ်င္းစရာေကာင္းလိုက္တာဗ်ာ။ သူေဘာလုံး ရၿပီဆိုရင္ ကြၽန္ေတာ္ ရင္တမမနဲ႔ ၾကည့္ရတဲ့စိတ္ေတြ တိုးတိုးလာတယ္’’ လို႔ ေရးသားခဲ့ၾကပါတယ္။ ဒါေပမဲ့ မန္စီးတီးဟာ ပြဲစဥ္အၿပီးမွာ ေဒါ့တ္မန္ကို အႏိုင္ ရခဲ့လို႔ ဒီရာသီ ခ်န္ပီယံလိဂ္ ၂ ပြဲဆက္တိုက္ အႏိုင္ရခဲ့ၿပီျဖစ္ပါတယ္။