ပေါင်ကြားထဲ ဘောလုံးအထည့်ခံရပြီး ကက်စ်မီရို အရှက်ကွဲခဲ့တဲ့ ဗွီဒီယိုကလစ်ကို ပရိသတ် သန်းနဲ့ချီပြီး အားပေးနေကြ

မန်ယူအတွက် ရီးရဲလ်ကနေပြီး အားကိုးတကြီးခေါ်ယူထားတဲ့ ကက်စ်မီရိုဟာ ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူတစ်ယောက်ရဲ့ လှပတဲ့ ယိမ်းနွဲ့မှုတွေအောက်မှာ အလူးအလဲခံလိုက်ရတာကြောင့် ပရိသတ်တွေ ကတော့ ဝေဖန်နေကြပြီဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ယူရိုပါ လိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ မန်ယူက ဆိုစီဒက်ကို ပင်နယ်တီသွင်းဂိုးတစ်ဂိုး တည်းနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ နောက်ခံလူ မာတီနက်ဇ်ရဲ့လက်ကို ဘော လုံးထိသွားခဲ့လို့ ဒိုင်က ပင်နယ်တီပေးခဲ့ပေမယ့် ဒါဟာ အငြင်းပွားစရာ

ပင် နယ်တီဖြစ်ခဲ့တယ်လို့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ် တချို့အမြင်တူတဲ့ အကြောင်းအရာတစ်ခုလည်း အဲဒီပွဲစဉ်မှာ ရှိခဲ့ပါတယ်။ အဲဒါကတော့ ကွင်းလယ်လူ ကက်စ်မီရိုကို ပြိုင်ဘက်နောက်ခံကစားသမားဖြစ် တဲ့ မူနော့ဇ်က

မထီမဲ့မြင် လုပ်ပြသွားခဲ့တာပါ။ ချန်ပီယံလိဂ်မှာ အတွေ့အကြုံ ရင့်ကျက်လှပါချည်ရဲ့ ဆိုတဲ့ ကက်စ်မီရိုကို မူနော့ဇ်က နောက်ပြန်လှည့်ကွက် နဲ့အတူ ပေါင်ကြားထဲ ဘောလုံးပစ်ထည့်ပြီး လှည့်ထွက်သွားခဲ့တဲ့ အကွက်ပါပဲ။ အဲဒီဗီဒီယိုဟာ တွစ်တာစာမျက်နှာပေါ်မှာ

ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေကလည်း လှောင်ပြောင်ခဲ့ကြပါတယ်။ ‘’မိုဒရစ်ပြောခဲ့တယ်လေ။ လူမှန်နေရာမှန်ဖြစ်နေခဲ့တဲ့ ရီးရဲလ်ကနေ ပြောင်းသွားခဲ့ပြီးတဲ့နောက် အရာ အားလုံး ကျဆုံးခန်း ဖြစ်မယ်ဆိုတာလေ’’ လို့ ပရိသတ်တစ်ယောက်က

တွစ် တာမှာ ရေးသားလှောင်ပြောင်ခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ‘’ယူရိုပါလိဂ်မှာ သူတို့ရဲ့ အကောင်းဆုံးဆိုတဲ့ ကွင်းလယ်ခံစစ် ကစားသမားကြီး ဟာ မထီမဲ့မြင်လုပ်တာကို ခံနေရပါပြီ’’ လို့ ရေးသားခဲ့ပါတယ်။

တတိယ တစ် ယောက်ကတော့ ‘’ကျွန်တော်ကတော့ ဒီအကွက်ကို မမြင်ချင်ယောင် ဆောင်လိုက်ပါမယ်လေ’’ လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ် တခြားတစ်ယောက်ကတော့ ‘’ကက်စ်မီရိုရဲ့ မန်ယူကစားသမားဘဝက စတောင်မစရ သေးဘူး

ကျဆုံးခန်းရောက်နေပြီလား’’ ဆိုပြီး ရေးသားသွားခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်ကွင်းလယ်လူဟောင်း ကက်စ်မီရိုရဲ့ အဖြစ်ကတော့ မန်ယူကို ပြောင်းလာလိုက်တာဟာ နိဒါန်းအစမှာတင် နိဂုံးချုပ်တော့မှာလားလို့ ပြောရမလို ဖြစ်နေပါပြီ။

(zawgyi)

မန္ယူအတြက္ ရီးရဲလ္ကေနၿပီး အားကိုးတႀကီးေခၚယူထားတဲ့ ကက္စ္မီ႐ိုဟာ ဆိုစီဒက္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ၿပိဳင္ဘက္ေနာက္ခံလူတစ္ေယာက္ရဲ႕ လွပတဲ့ ယိမ္းႏြဲ႕မႈေတြေအာက္မွာ အလူးအလဲခံလိုက္ရတာေၾကာင့္ ပရိသတ္ေတြ ကေတာ့ ေဝဖန္ေနၾကၿပီျဖစ္ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ယူ႐ိုပါ လိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာ မန္ယူက ဆိုစီဒက္ကို ပင္နယ္တီသြင္းဂိုးတစ္ဂိုး တည္းနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ ဒီပြဲစဥ္မွာ ေနာက္ခံလူ မာတီနက္ဇ္ရဲ႕လက္ကို ေဘာ လုံးထိသြားခဲ့လို႔ ဒိုင္က ပင္နယ္တီေပးခဲ့ေပမယ့္ ဒါဟာ အျငင္းပြားစရာ ပင္ နယ္တီျဖစ္ခဲ့တယ္လို႔

သေဘာထားကြဲလြဲမႈေတြ ရွိခဲ့ပါတယ္။ ဒါေပမဲ့ ပရိသတ္ တခ်ိဳ႕အျမင္တူတဲ့ အေၾကာင္းအရာတစ္ခုလည္း အဲဒီပြဲစဥ္မွာ ရွိခဲ့ပါတယ္။ အဲဒါကေတာ့ ကြင္းလယ္လူ ကက္စ္မီ႐ိုကို ၿပိဳင္ဘက္ေနာက္ခံကစားသမားျဖစ္ တဲ့ မူေနာ့ဇ္က မထီမဲ့ျမင္ လုပ္ျပသြားခဲ့တာပါ။

ခ်န္ပီယံလိဂ္မွာ အေတြ႕အႀကဳံ ရင့္က်က္လွပါခ်ည္ရဲ႕ ဆိုတဲ့ ကက္စ္မီ႐ိုကို မူေနာ့ဇ္က ေနာက္ျပန္လွည့္ကြက္ နဲ႔အတူ ေပါင္ၾကားထဲ ေဘာလုံးပစ္ထည့္ၿပီး လွည့္ထြက္သြားခဲ့တဲ့ အကြက္ပါပဲ။ အဲဒီဗီဒီယိုဟာ တြစ္တာစာမ်က္ႏွာေပၚမွာ ခ်က္ခ်င္းဆိုသလို ပ်ံ႕ႏွံ႔သြားခဲ့ၿပီး

ပရိသတ္ေတြကလည္း ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ‘’မိုဒရစ္ေျပာခဲ့တယ္ေလ။ လူမွန္ေနရာမွန္ျဖစ္ေနခဲ့တဲ့ ရီးရဲလ္ကေန ေျပာင္းသြားခဲ့ၿပီးတဲ့ေနာက္ အရာ အားလုံး က်ဆုံးခန္း ျဖစ္မယ္ဆိုတာေလ’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္ တာမွာ

ေရးသားေလွာင္ေျပာင္ခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့ ‘’ယူ႐ိုပါလိဂ္မွာ သူတို႔ရဲ႕ အေကာင္းဆုံးဆိုတဲ့ ကြင္းလယ္ခံစစ္ ကစားသမားႀကီး ဟာ မထီမဲ့ျမင္လုပ္တာကို ခံေနရပါၿပီ’’ လို႔ ေရးသားခဲ့ပါတယ္။ တတိယ တစ္ ေယာက္ကေတာ့

‘’ကြၽန္ေတာ္ကေတာ့ ဒီအကြက္ကို မျမင္ခ်င္ေယာင္ ေဆာင္လိုက္ပါမယ္ေလ’’ လို႔ ေရးသားခဲ့ပါတယ္။ ေနာက္ထပ္ တျခားတစ္ေယာက္ကေတာ့ ‘’ကက္စ္မီ႐ိုရဲ႕ မန္ယူကစားသမားဘဝက စေတာင္မစရ ေသးဘူး က်ဆုံးခန္းေရာက္ေနၿပီလား’’ ဆိုၿပီး

ေရးသားသြားခဲ့ပါတယ္။ ဒါေၾကာင့္ ရီးရဲလ္ကြင္းလယ္လူေဟာင္း ကက္စ္မီ႐ိုရဲ႕ အျဖစ္ကေတာ့ မန္ယူကို ေျပာင္းလာလိုက္တာဟာ နိဒါန္းအစမွာတင္ နိဂုံးခ်ဳပ္ေတာ့မွာလားလို႔ ေျပာရမလို ျဖစ္ေနပါၿပီ။