ပူယိုးလ်လက်သစ်လို့ နာမည်ကြီးနေတဲ့ ကူကူရယ်လာကို ချဲလ်ဆီးရပြီ

ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကို ပြောင်းရွှေ့ကြေး ပေါင် ၅၂.၅ သန်းနဲ့ စာချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖေါ်ပြပါတယ်။

စပိန်နောက်ခံလူကို လိုချင်နေတာ တူချယ်ရဲ့အသင်း တစ်သင်းထဲမဟုတ်ခဲ့ပါဘူး။ မန်စီးတီးကလည်း စိတ်ဝင်စားခဲ့တာပါ။ အခုတော့ အသက် ၂၄ နှစ်သားဟာ

စတမ်းဖို့ဒ်ဘရစ်ချ် ရောက်တော့မှာဖြစ်ကြောင်း ချဲလ်ဆီးအတည်ပြုနိုင်ခဲ့ပါပြီ။ ကူကူရယ်လာကလည်း တူချယ်ရဲ့အသင်းဆီသွားဖို့ အစောပိုင်းကတည်းက သဘောတူခဲ့တာဖြစ်ပြီး

ပြောင်းရွှေ့ကြေးနဲ့လစာ ညှိနှိုင်းမှုကို စောင့်နေခဲ့တာဖြစ်ကြောင်း Daily Mail သတင်းစာက ရေးသားထားပါတယ်။ မန်စီးတီးက သူ့အတွက် ပေါင် သန်း ၄၀ လောက်နဲ့ကမ်းလှမ်းခဲ့တာပါ။

အာဆင်နယ်ကို ဇင်ချန်ကို ရောက်သွားတဲ့နောက် ဘယ်နောက်ခံနေရာအတွက် ကူကူရယ်လာကို ဂွါဒီယိုလာလိုချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အန်းဒါးလက်ချ်ရဲ့ဆာဂျီယိုဂိုမက်ဇ်ဆီ

မန်စီးတီးခြေဦးလှည့်သွားတာကြောင့် ချဲလ်ဆီးအတွက် အခွင့်အရေးပိုရခဲ့တာပါ။ ကူကူရယ်လာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဂီတာဖေးကနေ ပေါင် ၁၅ သန်းနဲ့ရောက်လာခဲ့တာဖြစ်ပေမယ့်

ပထမဆုံးရာသီမှာတင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ စပိန်ဂန္ထဝင်နောက်ခံလူ ပူယိုးလ်လက်သစ်ဖြစ်လာမယ့်သူလို့ တင်စားနေကြတဲ့ ဘာစီလိုနာအကယ်ဒမီထွက်လေးဟာ ဂွါဒီယိုလာဆီမရောက်ဘဲ တူချယ်က ပိုင်ဆိုင်နိုင်ခဲ့တာပါ။

(zawgyi)

ခ်ဲလ္ဆီးအသင္းဟာ ဘ႐ိုက္တန္ေနာက္ခံလူ ကူကူရယ္လာကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၂.၅ သန္းနဲ႔ စာခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။

စပိန္ေနာက္ခံလူကို လိုခ်င္ေနတာ တူခ်ယ္ရဲ႕အသင္း တစ္သင္းထဲမဟုတ္ခဲ့ပါဘူး။ မန္စီးတီးကလည္း စိတ္ဝင္စားခဲ့တာပါ။ အခုေတာ့ အသက္ ၂၄ ႏွစ္သားဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္

ေရာက္ေတာ့မွာျဖစ္ေၾကာင္း ခ်ဲလ္ဆီးအတည္ျပဳႏိုင္ခဲ့ပါၿပီ။ ကူကူရယ္လာကလည္း တူခ်ယ္ရဲ႕အသင္းဆီသြားဖို႔ အေစာပိုင္းကတည္းက သေဘာတူခဲ့တာျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးနဲ႔လစာ

ညႇိႏႈိင္းမႈကို ေစာင့္ေနခဲ့တာျဖစ္ေၾကာင္း Daily Mail သတင္းစာက ေရးသားထားပါတယ္။ မန္စီးတီးက သူ႔အတြက္ ေပါင္ သန္း ၄၀ ေလာက္နဲ႔ကမ္းလွမ္းခဲ့တာပါ။ အာဆင္နယ္ကို ဇင္ခ်န္ကို ေရာက္သြားတဲ့ေနာက္

ဘယ္ေနာက္ခံေနရာအတြက္ ကူကူရယ္လာကို ဂြါဒီယိုလာလိုခ်င္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အန္းဒါးလက္ခ်္ရဲ႕ဆာဂ်ီယိုဂိုမက္ဇ္ဆီ မန္စီးတီးေျခဦးလွည့္သြားတာေၾကာင့္

ခ်ဲလ္ဆီးအတြက္ အခြင့္အေရးပိုရခဲ့တာပါ။ ကူကူရယ္လာဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ဂီတာေဖးကေန ေပါင္ ၁၅ သန္းနဲ႔ေရာက္လာခဲ့တာျဖစ္ေပမယ့္ ပထမဆုံးရာသီမွာတင္

ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ စပိန္ဂႏၴဝင္ေနာက္ခံလူ ပူယိုးလ္လက္သစ္ျဖစ္လာမယ့္သူလို႔ တင္စားေနၾကတဲ့ ဘာစီလိုနာအကယ္ဒမီထြက္ေလးဟာ ဂြါဒီယိုလာဆီမေရာက္ဘဲ တူခ်ယ္က ပိုင္ဆိုင္ႏိုင္ခဲ့တာပါ။