ပူယိုးလ်ကြီးတောင် ချီးကျူးလိုက်ရတဲ့ ဒိုင်ယက်ဇ်ရဲ့သွင်းဂိုး ဒီရာသီ အကောင်းဆုံးဂိုးစာရင်း ဝင်လာနိုင်

လီဗာပူးလ်ဟာ အိမ်ကွင်းအန်ဖီးလ်မှာ ပဲလေ့စ်နဲ့သရေကျတာကြောင့် ပရီးမီးယားလိဂ် ရာသီသစ်နိုင်ပွဲမရသေးဘဲ အမှတ်ပေးဇယား အဆင့် ၁၂ နေရာ ရောက်သွားခဲ့ပါတယ်။ ရာသီအဖွင့်ပွဲစဉ်မှာလည်း

ကြိုးကြာနီတွေဟာ တန်းတက်ဖူလ်ဟမ်ကို နောက်ကလိုက်ကစားပြီး တစ်မှတ်ယူခဲ့ရတာပါ။ အဲဒီတုန်းက ကိုယ်တိုင်တစ်ဂိုးသွင်းပြီး ဆာလက်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တဲ့ တိုက်စစ်မှူးသစ်နူနက်ဇ်ကလည်း

ပဲလေ့စ်နဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ အန်ဒါဆင်ကို ခေါင်းနဲ့ဆောင့်တိုက်တာကြောင့် အနီကတ်အပြခံခဲ့ရပါတယ်။ ချေပဂိုးရဖို့ကြိုးစားနေတဲ့ လီဗာပူးလ်အတွက် အားလျော့စရာဖြစ်ခဲ့ရပေမယ့်

ကယ်တင်ရှင် လူးဝစ္စဒိုင်ယက်ဇ်ကြောင့် အမှတ်ခွဲယူနိုင်ခဲ့တာပါ။ ကိုလံဘီယာတိုက်စစ်မှူးဟာ ဘယ်တောင်ပံကနေဘောလုံးဆွဲပြေးလာပြီး ပဲလေ့စ်ကစားသမား ၅ ယောက်ကို လိမ်ခေါက်ကျော်ဖြတ်ကာ

ပင်နယ်တီဧရိယာအစပ်နားကနေ အပြင်းကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဘောလုံးသယ်လာပုံ ပြိုင်ဘက်ကိုကျော်ဖြတ်ပုံ အတွင်းထဲဝင်လာပြီး အဆုံးသတ်သွားပုံတွေအားလုံးက သေသပ်ကောင်းမွန်ခဲ့တာပါ။

ဒိုင်ယက်ဇ်ဂိုးသွင်းတဲ့ ဗွီဒီယိုကလစ်ကို ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေ အကြိုက်တွေ့နေကြသလို ဒီရာသီပရီးမီးယားလိဂ် အကောင်းဆုံးသွင်းဂိုးစာရင်းဝင်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဘာစီလိုနာဂန္ထဝင်နောက်ခံလူ ကားလက်စ်ပူယိုးလ်ကလည်း “ အံ့အားသင့်စရာကောင်းတဲ့ လူးဝစ္စဒိုင်ယက်ဇ် ” လို့ ချီးကျူးခဲ့ပါတယ်။ ဒိုင်ယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ ဆောင်းဈေးကွက်မှာ ပေါ်တိုကနေရောက်လာခဲ့သူပါ။

(zawgyi)

လီဗာပူးလ္ဟာ အိမ္ကြင္းအန္ဖီးလ္မွာ ပဲေလ့စ္နဲ႔သေရက်တာေၾကာင့္ ပရီးမီးယားလိဂ္ ရာသီသစ္ႏိုင္ပြဲမရေသးဘဲ အမွတ္ေပးဇယား အဆင့္ ၁၂ ေနရာ ေရာက္သြားခဲ့ပါတယ္။

ရာသီအဖြင့္ပြဲစဥ္မွာလည္း ႀကိဳးၾကာနီေတြဟာ တန္းတက္ဖူလ္ဟမ္ကို ေနာက္ကလိုက္ကစားၿပီး တစ္မွတ္ယူခဲ့ရတာပါ။ အဲဒီတုန္းက ကိုယ္တိုင္တစ္ဂိုးသြင္းၿပီး ဆာလက္ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးခဲ့တဲ့

တိုက္စစ္မႉးသစ္ႏူနက္ဇ္ကလည္း ပဲေလ့စ္နဲ႔ပြဲမွာ ၿပိဳင္ဘက္ေနာက္ခံလူ အန္ဒါဆင္ကို ေခါင္းနဲ႔ေဆာင့္တိုက္တာေၾကာင့္ အနီကတ္အျပခံခဲ့ရပါတယ္။ ေခ်ပဂိုးရဖို႔ႀကိဳးစားေနတဲ့ လီဗာပူးလ္အတြက္

အားေလ်ာ့စရာျဖစ္ခဲ့ရေပမယ့္ ကယ္တင္ရွင္ လူးဝစၥဒိုင္ယက္ဇ္ေၾကာင့္ အမွတ္ခြဲယူႏိုင္ခဲ့တာပါ။ ကိုလံဘီယာတိုက္စစ္မႉးဟာ ဘယ္ေတာင္ပံကေနေဘာလုံးဆြဲေျပးလာၿပီး ပဲေလ့စ္ကစားသမား ၅ ေယာက္ကို

လိမ္ေခါက္ေက်ာ္ျဖတ္ကာ ပင္နယ္တီဧရိယာအစပ္နားကေန အျပင္းကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ေဘာလုံးသယ္လာပုံ ၿပိဳင္ဘက္ကိုေက်ာ္ျဖတ္ပုံ အတြင္းထဲဝင္လာၿပီး အဆုံးသတ္သြားပုံေတြအားလုံးက

ေသသပ္ေကာင္းမြန္ခဲ့တာပါ။ ဒိုင္ယက္ဇ္ဂိုးသြင္းတဲ့ ဗြီဒီယိုကလစ္ကို ဆိုရွယ္မီဒီယာေပၚမွာ ပရိသတ္ေတြ အႀကိဳက္ေတြ႕ေနၾကသလို ဒီရာသီပရီးမီးယားလိဂ္ အေကာင္းဆုံးသြင္းဂိုးစာရင္းဝင္ႏိုင္တယ္လို႔

သုံးသပ္ေနၾကပါတယ္။ ဘာစီလိုနာဂႏၴဝင္ေနာက္ခံလူ ကားလက္စ္ပူယိုးလ္ကလည္း “ အံ့အားသင့္စရာေကာင္းတဲ့ လူးဝစၥဒိုင္ယက္ဇ္ ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ဒိုင္ယက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီ ေဆာင္းေဈးကြက္မွာ ေပၚတိုကေနေရာက္လာခဲ့သူပါ။