
ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းက
Follower 71.5 သန်းရှိတဲ့ သူ့ရဲ့ Instagram အကောင့် ကို ယူကရိန်းနိုင်ငံ
Kharkiv မြို့က မီးယပ် သားဖွား စောင့်ရှောက်ရေးဌာနရဲ့ အကြီးအကဲ
ဒေါက်တာ အိုင်ရင်နာ ဆီလွှဲပြောင်း လှူဒါန်းခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးလောကကနေ အနားယူသွားပေမယ့်
အောင်မြင်ကျော်ကြားနေဆဲဖြစ်ပြီး Fashion Icon တစ်ဦးလည်းဖြစ်နေသူပါ။
အခုလို လှူဒါန်းလိုက်တဲ့ရည်ရွယ်ချက်ကတော့ ယူကရိန်းနိုင်ငံအပေါ်ရုရှားရဲ့
ကျူးကျော်မှုကို တစ်ကမ္ဘာလုံးက ဖြစ်စဉ်အမှန် သိရှိစေဖို့ ဖြစ်ပြီး
ထူးခြားထိရောက်တဲ့လှူဒါန်းမှုတစ်ခုအဖြစ်လည်း ဘက်ခမ်းတစ်ယောက်
ချီးကျူးခံနေရပါတယ်။ “ဒီနေ့မှာတော့ ကျွန်တော့်အကောင့်ကို
ကလေးမိခင်တွေကိုမွေးဖွားနိုင်အောင် ကူညီပေးနေတဲ့ ယူကရိန်းနိုင်ငံ
ကာကိဗ်မြို့က ဆရာဝန်အိုင်ရင်နာကို ပေးအပ်လိုက်ပါပြီ။
အိုင်ရင်နာနဲ့ သူ့ဆေးအဖွဲ့သားတွေကို ယူကရိန်းမှာ ဘယ်လောက်အံ့ဩဖို့ကောင်းတဲ့
အလုပ်တွေလုပ်နေလည်းသိရဖို့ ကျွန်တော့်စတိုရီတွေကို ဝင်ကြည့်လှည့်ပါ”လို့
အင်စတာဂရမ်မှာ ဘက်ခမ်းက ရေးသားခဲ့တာဖြစ်ပါတယ်။
ဒေါက်တာ အိုင်ရင်နာဟာ စစ်ပွဲကြောင့်စုတ်ပြတ်နေတဲ့ ကာကိဗ်မြို့ပေါ်က
မွေးကင်းစ ကလေးတွေကို စောင့်ရှောက်နေရတာဖြစ်ပြီး
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ကလေးအမေတွေကို ကျူးကျော်စစ်
ပထမနေ့တည်းက ရွှေ့ပြောင်းပေးနေရတာဖြစ်ပါတယ်။
“ကျွန်မတို့ကုန်ဆုံးခဲ့ရတဲ့ အချိန် ၃ နာရီဟာ တော်တော်ဆိုးရွားခဲ့တာပါ။
ကံဆိုးချင်တော့ အရမ်းဂရုစိုက်ဖို့လိုအပ်နေတဲ့ ကလေးတွေကိုတော့
မြေအောက်ခန်းကို မခေါ်နိုင်ခဲ့ပါဘူး”လို့ ဘက်ခမ်းရဲ့အကောင့်မှာ
အိုင်ရင်နာက တင်ထားခဲ့ပါတယ်။ “ပထမဆုံးနေ့တွေက အခက်ခဲဆုံးပါပဲ။
ဗုံးကြဲတာတွေ ဒုံးထုတာတွေနဲ့ ကျွန်မတို့တွေ အသားကျအောင်
လုပ်ရပါတယ်” လို့လည်း အိုင်ရင်နာကပြောပါတယ်။
အိုင်ရင်နာဟာ မြေပြင်အခြေအနေတွေကို ဓာတ်ပုံတွေ ဗီဒီယိုတွေ
ပြပြီးတော့လည်း “ကျွန်မတို့အသက်တွေကို ကျွန်မတို့ ရင်းနေရတာပါ။
ဒါပေမဲ့ ကျွန်မတို့ အဲအကြောင်းကို လုံးဝမတွေးပါဘူး။
ကျွန်မတို့အလုပ်ကို ကျွန်မတို့ သဘောကျပါတယ်။
ဆရာဝန်တွေ သူနာပြုတွေလည်းရှိပါတယ်။ ကျွန်မတို့တွေ စိုးရိမ်မယ်၊
ငိုကြွေးမယ် ဒါပေမဲ့ လုံးဝလက်မလျှော့နိုင်ပါဘူး”လို့လည်း ပြောပါတယ်။
zawgyi
ပူတင္ရဲ႕ ရက္စက္ယုတ္မာမႈကို တစ္ကမာၻလုံးသိေစဖို႔ IG အေကာင့္ လႉဒါန္းလိုက္တဲ့ ေဒးဗစ္ဘက္ခမ္း
ကမာၻေက်ာ္ေဘာလုံးသမားေဟာင္း ေဒးဗစ္ဘက္ခမ္းက
Follower 71.5 သန္းရွိတဲ့ သူ႔ရဲ႕ Instagram အေကာင့္ ကို ယူကရိန္းႏိုင္ငံ
Kharkiv ၿမိဳ႕က မီးယပ္ သားဖြား ေစာင့္ေရွာက္ေရးဌာနရဲ႕ အႀကီးအကဲ
ေဒါက္တာ အိုင္ရင္နာ ဆီလႊဲေျပာင္း လႉဒါန္းခဲ့ပါတယ္။
ေဒးဗစ္ဘက္ခမ္းဟာ ေဘာလုံးေလာကကေန အနားယူသြားေပမယ့္
ေအာင္ျမင္ေက်ာ္ၾကားေနဆဲျဖစ္ၿပီး Fashion Icon တစ္ဦးလည္းျဖစ္ေနသူပါ။
အခုလို လႉဒါန္းလိုက္တဲ့ရည္႐ြယ္ခ်က္ကေတာ့ ယူကရိန္းႏိုင္ငံအေပၚ႐ုရွားရဲ႕
က်ဴးေက်ာ္မႈကို တစ္ကမာၻလုံးက ျဖစ္စဥ္အမွန္ သိရွိေစဖို႔ ျဖစ္ၿပီး
ထူးျခားထိေရာက္တဲ့လႉဒါန္းမႈတစ္ခုအျဖစ္လည္း ဘက္ခမ္းတစ္ေယာက္
ခ်ီးက်ဴးခံေနရပါတယ္။ “ဒီေန႔မွာေတာ့ ကြၽန္ေတာ့္အေကာင့္ကို
ကေလးမိခင္ေတြကိုေမြးဖြားႏိုင္ေအာင္ ကူညီေပးေနတဲ့ ယူကရိန္းႏိုင္ငံ
ကာကိဗ္ၿမိဳ႕က ဆရာဝန္အိုင္ရင္နာကို ေပးအပ္လိုက္ပါၿပီ။
အိုင္ရင္နာနဲ႔ သူ႔ေဆးအဖြဲ႕သားေတြကို ယူကရိန္းမွာ ဘယ္ေလာက္အံ့ဩဖို႔ေကာင္းတဲ့
အလုပ္ေတြလုပ္ေနလည္းသိရဖို႔ ကြၽန္ေတာ့္စတိုရီေတြကို ဝင္ၾကည့္လွည့္ပါ”လို႔
အင္စတာဂရမ္မွာ ဘက္ခမ္းက ေရးသားခဲ့တာျဖစ္ပါတယ္။
ေဒါက္တာ အိုင္ရင္နာဟာ စစ္ပြဲေၾကာင့္စုတ္ျပတ္ေနတဲ့ ကာကိဗ္ၿမိဳ႕ေပၚက
ေမြးကင္းစ ကေလးေတြကို ေစာင့္ေရွာက္ေနရတာျဖစ္ၿပီး
ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ကေလးအေမေတြကို က်ဴးေက်ာ္စစ္
ပထမေန႔တည္းက ေ႐ႊ႕ေျပာင္းေပးေနရတာျဖစ္ပါတယ္။
“ကြၽန္မတို႔ကုန္ဆုံးခဲ့ရတဲ့ အခ်ိန္ ၃ နာရီဟာ ေတာ္ေတာ္ဆိုး႐ြားခဲ့တာပါ။
ကံဆိုးခ်င္ေတာ့ အရမ္းဂ႐ုစိုက္ဖို႔လိုအပ္ေနတဲ့ ကေလးေတြကိုေတာ့
ေျမေအာက္ခန္းကို မေခၚႏိုင္ခဲ့ပါဘူး”လို႔ ဘက္ခမ္းရဲ႕အေကာင့္မွာ
အိုင္ရင္နာက တင္ထားခဲ့ပါတယ္။ “ပထမဆုံးေန႔ေတြက အခက္ခဲဆုံးပါပဲ။
ဗုံးႀကဲတာေတြ ဒုံးထုတာေတြနဲ႔ ကြၽန္မတို႔ေတြ အသားက်ေအာင္
လုပ္ရပါတယ္” လို႔လည္း အိုင္ရင္နာကေျပာပါတယ္။
အိုင္ရင္နာဟာ ေျမျပင္အေျခအေနေတြကို ဓာတ္ပုံေတြ ဗီဒီယိုေတြ
ျပၿပီးေတာ့လည္း “ကြၽန္မတို႔အသက္ေတြကို ကြၽန္မတို႔ ရင္းေနရတာပါ။
ဒါေပမဲ့ ကြၽန္မတို႔ အဲအေၾကာင္းကို လုံးဝမေတြးပါဘူး။
ကြၽန္မတို႔အလုပ္ကို ကြၽန္မတို႔ သေဘာက်ပါတယ္။
ဆရာဝန္ေတြ သူနာျပဳေတြလည္းရွိပါတယ္။ ကြၽန္မတို႔ေတြ စိုးရိမ္မယ္၊
ငိုေႂကြးမယ္ ဒါေပမဲ့ လုံးဝလက္မေလွ်ာ့ႏိုင္ပါဘူး”လို႔လည္း ေျပာပါတယ္။
Leave a Reply