
တချို့ ခေါင်းကြီးတွေက လူမှုကွန်ရက်ဆို သိပ်ကြောက်ပါတယ်။
အမှန်တရားတွေ နယ်စည်းမခြားဘဲ မိနစ်မကြာဘဲ ချက်ချင်းပြန့်နှံ့တတ်လို့ပါ။
ရုရှားမှာလည်း ကျူးကျော်စစ်စတင်ပြီးနောက် စည်းကမ်းအသစ်တွေ ထုတ်ပြန်ကာ၊
အားလုံးကို ဘောင်သွတ်နေပါတယ်။ ရုရှားနိုင်ငံတွင်းမှာ အင်စတာဂရမ်
ပိတ်ပင်ဖို့အတွက် သမ္မတ ပူတင်ရဲ့ဆုံးဖြတ်ချက်အပေါ်
ရုရှား ဆယ်လီတစ်ဦးက ဒေါသတကြီးနဲ့ ငိုကြွေးတုံ့ပြန်နေတဲ့
ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ရုရှားနိုင်ငံသား သန်း ၈၀ခန့်က
ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ အင်စတာဂရမ်ကို မတ်လ ၁၄ကစပြီး
သုံးစွဲနိုင်တော့မှာမဟုတ်ပါဘူး။ ရုရှားဘလော့ဂါတစ်ဦးက အွန်လိုင်းမှာ
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်မျှဝေခဲ့ပြီး ပြစ်တင်ရှုတ်ချတဲ့
ဗီဒီယိုတစ်ခုကို ငိုကြွေးပြီး ရိုက်ကူးခဲ့ပါတယ်။
အင်စတာဂရမ်ပိတ်ပင်မှုရဲ့သက်ရောက်မှုအနေနဲ့ ငွေကြေးဆိုင်ရာ
သက်ရောက်မှုများထက် ပိုမိုကျယ်ပြန့်ကြောင်း အဆိုပါ ဆယ်လီကစောဒကတက်ခဲ့ပါတယ်။
အဆိုပါဆယ်လီ အမျိုးသမီးက “အင်စတာဂရမ်ဘလော့ဂါတစ်ယောက်အနေနဲ့
ဒါက ငါ့အတွက်တော့ ဝင်ငွေရင်းမြစ်တစ်ခုလို့ နင်ထင်နေတာလား။
ဒါက ငါ့အတွက်တော့ ဘဝတစ်ခုလုံးပါပဲ။
ဒါက ဝိညာဉ်ပဲ။ အဲဒါနဲ့နိုးထပြီး အဲဒါနဲ့ပဲအိပ်ယာဝင်ခဲ့တာ နှစ်တွေ ကြာနေပြီ”လို့
မျက်ရည်တွေနဲ့ ပြောခဲ့တာပါ။ ပူတင်ရဲ့ ဆုံးဖြတ်ချက်နောက်မှာ
အသက်ပေါင်းများစွာ ပျက်စီးရသလို၊ ငွေကြေးပိုင်း စီးပွားရေးပိုင်း
ထိခိုက်သူများစွာရှိနေပါတယ်။
zawgyi
ပူတင္ေမႊလိုက္တဲ့ ဂယက္ေၾကာင့္ ဘဝပ်က္လုနီးပါးျဖစ္ေနတဲ့ ႐ုရွားဘေလာ့ဂါ
တခ်ိဳ႕ ေခါင္းႀကီးေတြက လူမႈကြန္ရက္ဆို သိပ္ေၾကာက္ပါတယ္။
အမွန္တရားေတြ နယ္စည္းမျခားဘဲ မိနစ္မၾကာဘဲ ခ်က္ခ်င္းျပန႔္ႏွံ႔တတ္လို႔ပါ။
႐ုရွားမွာလည္း က်ဴးေက်ာ္စစ္စတင္ၿပီးေနာက္ စည္းကမ္းအသစ္ေတြ ထုတ္ျပန္ကာ၊
အားလုံးကို ေဘာင္သြတ္ေနပါတယ္။ ႐ုရွားႏိုင္ငံတြင္းမွာ အင္စတာဂရမ္
ပိတ္ပင္ဖို႔အတြက္ သမၼတ ပူတင္ရဲ႕ဆုံးျဖတ္ခ်က္အေပၚ
႐ုရွား ဆယ္လီတစ္ဦးက ေဒါသတႀကီးနဲ႔ ငိုေႂကြးတုံ႔ျပန္ေနတဲ့
ဗီဒီယိုဖိုင္တစ္ခုထြက္ေပၚလာခဲ့ပါတယ္။ ႐ုရွားႏိုင္ငံသား သန္း ၈၀ခန႔္က
ဆိုရွယ္မီဒီယာပလက္ေဖာင္းတစ္ခုျဖစ္တဲ့ အင္စတာဂရမ္ကို မတ္လ ၁၄ကစၿပီး
သုံးစြဲႏိုင္ေတာ့မွာမဟုတ္ပါဘူး။ ႐ုရွားဘေလာ့ဂါတစ္ဦးက အြန္လိုင္းမွာ
ဒီကိစၥနဲ႔ပတ္သက္ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္မွ်ေဝခဲ့ၿပီး ျပစ္တင္ရႈတ္ခ်တဲ့
ဗီဒီယိုတစ္ခုကို ငိုေႂကြးၿပီး ႐ိုက္ကူးခဲ့ပါတယ္။
အင္စတာဂရမ္ပိတ္ပင္မႈရဲ႕သက္ေရာက္မႈအေနနဲ႔ ေငြေၾကးဆိုင္ရာ
သက္ေရာက္မႈမ်ားထက္ ပိုမိုက်ယ္ျပန႔္ေၾကာင္း အဆိုပါ ဆယ္လီကေစာဒကတက္ခဲ့ပါတယ္။
အဆိုပါဆယ္လီ အမ်ိဳးသမီးက “အင္စတာဂရမ္ဘေလာ့ဂါတစ္ေယာက္အေနနဲ႔
ဒါက ငါ့အတြက္ေတာ့ ဝင္ေငြရင္းျမစ္တစ္ခုလို႔ နင္ထင္ေနတာလား။
ဒါက ငါ့အတြက္ေတာ့ ဘဝတစ္ခုလုံးပါပဲ။
ဒါက ဝိညာဥ္ပဲ။ အဲဒါနဲ႔ႏိုးထၿပီး အဲဒါနဲ႔ပဲအိပ္ယာဝင္ခဲ့တာ ႏွစ္ေတြ ၾကာေနၿပီ”လို႔
မ်က္ရည္ေတြနဲ႔ ေျပာခဲ့တာပါ။ ပူတင္ရဲ႕ ဆုံးျဖတ္ခ်က္ေနာက္မွာ
အသက္ေပါင္းမ်ားစြာ ပ်က္စီးရသလို၊ ေငြေၾကးပိုင္း စီးပြားေရးပိုင္း
ထိခိုက္သူမ်ားစြာရွိေနပါတယ္။
Leave a Reply