မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ
ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရမယ့် အသင်းတာဝန်ရှိသူတွေက သူ့ကို
ရောင်းချသွားမှာမဟုတ်ဘဲ အရင်ခြေစွမ်းမျိုးပြန်လည်ရရှိအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ယာယီနည်းပြရန်နစ်ခ်လက်ထက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပြီး,
ပြီးခဲ့တဲ့တစ်ပတ်က လက်စတာအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာလည်း ပွဲထွက်လူစာရင်းကနေ
ချန်လှပ်ခံခဲ့ရပါတယ်။ လက်စတာနဲ့ပွဲမှာ အဖျားရောဂါကြောင့် စီရော်နယ်လ်ဒိုမပါဝင်နိုင်ခဲ့ဘဲ
ကာဗာနီကလည်း ဒဏ်ရာကြောင့်အနားယူနေရချိန်မှာ ရပ်ရှ်ဖို့ဒ်ကို
ပွဲထွက်ကစားသမားအဖြစ်အသုံးပြုသင့်ပေမယ့် ရန်နစ်ခ်က အရန်အဖြစ်သာအသုံးပြုခဲ့တာဖြစ်ပြီး
ရပ်ရှ်ဖို့ဒ်ဟာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့အတွက် အသင်းကထွက်ဖို့
ဆန္ဒရှိနေသလို PSG ၊ အက်သလက်တီကို၊ ဘာစီလိုနာအသင်းတို့က
သူ့ကိုခေါ်ယူဖို့စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ ရာသီကုန်ကျရင် နည်းပြသစ်အဖြစ်အဲရစ်တန်ဟက်ကို
ခန့်အပ်သွားဖို့နီးစပ်နေသလို အဲရစ်တန်ဟက်အနေနဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းမှာပဲ
ဆက်ထားမယ့်အနေအထားရှိပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက
လူတစ်ဦးက “ဒီရာသီဟာ ရပ်ရှ်ဖို့ဒ်အတွက် ခက်ခဲတဲ့ရာသီဖြစ်ပြီး တချို့ပွဲတွေမှာ
တိုက်စစ်မှူးတွေ ဒဏ်ရာကြောင့်မပါဝင်နိုင်တာတောင် ရပ်ရှ်ဖို့ဒ်တစ်ယောက်
ပွဲထွက်ခွင့်မရခဲ့ပါဘူး။ အဲဒါက မကြာခဏဆိုသလိုဖြစ်ခဲ့တဲ့အတွက် ရန်နစ်ခ်ဟာ
သူ့အပေါ် ယုံကြည်မှုမရှိဘူးလို့ ရပ်ရှ်ဖို့ဒ်က ထင်နေပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်း
တာဝန်ရှိသူတွေက နည်းပြရာထူးအတွက်ဆွေးနွေးခဲ့သူတိုင်းဟာ ရပ်ရှ်ဖို့ဒ်ကို
အသင်းမှာဆက်ထားချင်ပြီး ယူနိုက်တက်အသင်းကို ပြန်လည်တည်ဆောက်ဖို့
စီမံကိန်းတွေထဲမှာ ရပ်ရှ်ဖို့ဒ်လည်းပါဝင်နေတယ်ဆိုပြီး အသိပေးခဲ့ပါတယ်။
အဲဒါကြောင့် ရပ်ရှ်ဖို့ဒ်ရဲ့ယူနိုက်တက်ကစားသမားဘဝက တည်ငြိမ်မှုရှိနေဆဲဖြစ်ပါတယ်”လို့
ပြောကြားခဲ့ပါတယ်။ ဒီရာသီအစက ပခုံးဒဏ်ရာခွဲစိတ်မှုကြောင့် လအတော်ကြ
ာအနားယူခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီပြိုင်ပွဲစုံမှာ (၂၇)ပွဲကစား၊ (၅)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
zawgyi
ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရပေမယ့် ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်ရောင်းချဖို့အစီအစဉ်မရှိ
Leave a Reply