ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ တွမ်မီနေးကို ခေါ်ယူဖို့ နယူးကာဆယ် စိတ်ဝင်စားနေ

နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ

တွမ်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ဆော်ဒီသန်းကြွယ်
သူဌေးတွေ ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းဟာ ဒီရာသီ
ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ရယူနေပြီး (၁၈)ပွဲကစား၊
(၃၅)မှတ်နဲ့ အဆင့်(၃)နေရာရပ်တည်နေတာကြောင့် လာမယ့်ရာသီကျရင်
ချန်ပီယံလိဂ်ဝင်ခွ့င်ရဖို့ အခြေအနေကောင်းနေပါတယ်။

အဲဒီအတွက် နယူးကာဆယ်အသင်းဟာ ကစားသမားအင်အားဖြည့်တင်းချင်နေပြီး
ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ တွမ်မီနေးကို

ခေါ်ချင်နေတာဖြစ်ပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ စကော့တလန် လက်ရွေးစင်ကစားသမား

တွမ်မီနေးဟာ ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး အသင်း
အတွက် ပြိုင်ပွဲစုံ (၁၈၉)ပွဲကစား၊ (၁၈)ဂိုး သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီရာသီမှာ နည်းပြအဲရစ်တန်ဟက်က အဲရစ်ဆင်နဲ့ ကတ်စ်မဲရိုးတို့ကို
ဦးစားပေးအသုံးပြုနေတဲ့အတွက် တွမ်မီနေးဟာ ပုံမှန်ကစားခွင့်ပျောက်နေပြီး
ပရီးမီးယားလိဂ်(၁၂)ပွဲသာ ကစားခဲ့ရပါတယ်။

အဲဒါကြောင့် နယူးကာဆယ်အသင်းဟာ အခု ဇန်နဝါရီအပြောင်းအရွှေ့အတွင်း
တွမ်မီနေးကို ကြိုးပမ်းဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကျော် အားကစားဝက်ဘ်ဆိုက်
ဖြစ်တဲ့ The Athletic က ဖော်ပြခဲ့ပါတယ်။

[Zawgyi]

နယူးကာဆယ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူ
တြမ္မီေနးကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ေဆာ္ဒီသန္းႂကြယ္
သူေဌးေတြ ပိုင္ဆိုင္ထားတဲ့ နယူးကာဆယ္အသင္းဟာ ဒီရာသီ

ပရီးမီးယားလိဂ္မွာ ရလဒ္ေကာင္းေတြ ရယူေနၿပီး (၁၈)ပြဲကစား၊
(၃၅)မွတ္နဲ႔ အဆင့္(၃)ေနရာရပ္တည္ေနတာေၾကာင့္ လာမယ့္ရာသီက်ရင္
ခ်န္ပီယံလိဂ္ဝင္ခြ႕င္ရဖို႔ အေျခအေနေကာင္းေနပါတယ္။

အဲဒီအတြက္ နယူးကာဆယ္အသင္းဟာ ကစားသမားအင္အားျဖည့္တင္းခ်င္ေနၿပီး
ယူႏိုက္တက္မွာ ပုံမွန္ကစားခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ တြမ္မီေနးကို
ေခၚခ်င္ေနတာျဖစ္ပါတယ္။

အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စေကာ့တလန္ လက္ေ႐ြးစင္ကစားသမား
တြမ္မီေနးဟာ ယူႏိုက္တက္အကယ္ဒမီကေန ထြက္ေပၚခဲ့သူျဖစ္ၿပီး အသင္း
အတြက္ ၿပိဳင္ပြဲစုံ (၁၈၉)ပြဲကစား၊ (၁၈)ဂိုး သြင္းယူခဲ့ပါတယ္။

ဒါေပမဲ့လည္း ဒီရာသီမွာ နည္းျပအဲရစ္တန္ဟက္က အဲရစ္ဆင္နဲ႔ ကတ္စ္မဲ႐ိုးတို႔ကို
ဦးစားေပးအသုံးျပဳေနတဲ့အတြက္ တြမ္မီေနးဟာ ပုံမွန္ကစားခြင့္ေပ်ာက္ေနၿပီး

ပရီးမီးယားလိဂ္(၁၂)ပြဲသာ ကစားခဲ့ရပါတယ္။

အဲဒါေၾကာင့္ နယူးကာဆယ္အသင္းဟာ အခု ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း

တြမ္မီေနးကို ႀကိဳးပမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ နာမည္ေက်ာ္ အားကစားဝက္ဘ္ဆိုက္
ျဖစ္တဲ့ The Athletic က ေဖာ္ျပခဲ့ပါတယ္။