ပီအက်စ်ဗွီနည်းပြသစ်ဖြစ်လာတဲ့ နစ္စတယ်ရွိုင်း

ပီအက်စ်ဗွီအသင်းဟာ အသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို

လာမယ့်ရာသီအတွက်နည်းပြသစ်အဖြစ် တရားဝင်ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ ပီအက်စ်ဗွီရဲ့

ယူ-၁၉ အသင်းကို နည်းပြခဲ့တာဖြစ်ပြီး ဒီနှစ်ရာသီအစမှာတော့

အရန်အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ အသက်(၄၅)နှစ်

အရွယ်ရှိပြီဖြစ်သူ နစ္စတယ်ရွိုင်းဟာ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲဝင် နယ်သာလန်အသင်းလက်ထောက်

နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိလည်း

ယင်းရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။

နစ္စတယ်ရွိုင်းဟာ ပီအက်စ်ဗွီအသင်းအတွက် ကစားသမားဘဝမှာ

၃ ရာသီကစားပြီး ၇၇ ဂိုးသွင်းပေးခဲ့သလို ယူနိုက်တက်အတွက်

ဂိုးပေါင်း ၁၅၀၊ ရီးရဲလ်မက်ဒရစ်အတွက် ၆၄ ဂိုးနဲ့ နယ်သာလန်

လက်ရွေးစင်အတွက် ပွဲပေါင်း ၇၀ မှာ ၃၅ ဂိုးသွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။

zawgyi

ပီအက္စ္ဗြီနည္းျပသစ္ျဖစ္လာတဲ့ နစၥတယ္႐ြိဳင္း

ပီအက္စ္ဗြီအသင္းဟာ အသင္းတိုက္စစ္မႉးေဟာင္း နစၥတယ္႐ြိဳင္းကို

လာမယ့္ရာသီအတြက္နည္းျပသစ္အျဖစ္ တရားဝင္ေၾကညာသြားခဲ့ၿပီျဖစ္ပါတယ္။

နစၥတယ္႐ြိဳင္းဟာ ၂၀၁၈ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္အတြင္းမွာ ပီအက္စ္ဗြီရဲ႕

ယူ-၁၉ အသင္းကို နည္းျပခဲ့တာျဖစ္ၿပီး ဒီႏွစ္ရာသီအစမွာေတာ့

အရန္အသင္းကို ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။ အသက္(၄၅)ႏွစ္

အ႐ြယ္ရွိၿပီျဖစ္သူ နစၥတယ္႐ြိဳင္းဟာ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

နစၥတယ္႐ြိဳင္းဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဝင္ နယ္သာလန္အသင္းလက္ေထာက္

နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၄ မွ ၂၀၁၆ ခုႏွစ္အထိလည္း

ယင္းရာထူးတာဝန္ကို ထမ္းေဆာင္ခဲ့ဖူးေၾကာင္း သိရပါတယ္။

နစၥတယ္႐ြိဳင္းဟာ ပီအက္စ္ဗြီအသင္းအတြက္ ကစားသမားဘဝမွာ

၃ ရာသီကစားၿပီး ၇၇ ဂိုးသြင္းေပးခဲ့သလို ယူႏိုက္တက္အတြက္

ဂိုးေပါင္း ၁၅၀၊ ရီးရဲလ္မက္ဒရစ္အတြက္ ၆၄ ဂိုးနဲ႔ နယ္သာလန္

လက္ေ႐ြးစင္အတြက္ ပြဲေပါင္း ၇၀ မွာ ၃၅ ဂိုးသြင္းေပးႏိုင္ခဲ့သူျဖစ္ပါတယ္။