ပီအက်စ်ဂျီရဲ့Super PSG 2.0 ပရောဂျက်ကြောင့် ကမ္ဘာ့ဖလားကိုတောင် မက်ဆီ မေ့ထားတယ်

မက်ဆီဟာ သူ့ရဲ့ပီအက်စ်ဂျီကစားသမားဘ၀ ဒုတိယရာသီကို စတင်တော့မှာပါ။ လက်ရှိအချိန်မှာ ပါရီအခြေစိုက်အသင်းအကြောင်းကလွဲပြီး တခြားဘာကိုမှ သူ စိတ်မဝင်စားဘူးလို့

ပီအက်စ်ဂျီနဲ့နီးစပ်တဲ့အသိုင်းအဝန်းက သတင်းတွေအပေါ်အခြေခံပြီး Marca သတင်းစာက ဖေါ်ပြလာပါတယ်။ အထူးသဖြင့် လီဂူးချန်ပီယံရဲ့ Super PSG 2.0 ပရောဂျက်ကြောင့်လို့လည်း

ရေးသားထားပါတယ်။ ပီအက်စ်ဂျီဟာ သူတို့ရဲ့ပရောဂျက်ကို အစ္စရေးမှာ နန့်တက်စ်နဲ့ Trophee des Champions ပွဲကစားပြီး အရှိန်မြှင့်မှာဖြစ်ပါတယ်။ တဲလ်အဗစ်မှာကစားမယ့်ဒီပွဲကို

တိုက်စစ်မှူးအမ်ဘာပီ လွဲချော်မှာဖြစ်ပြီး မက်ဆီကတော့ အာရုံအရမ်းစိုက်နေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီရဲ့ရာသီသစ်ကို ကောင်းမွန်ခြင်းတွေနဲ့ပြည့်စုံစေဖို့ အာဂျင်တီးနားသား

ဆန္ဒရှိနေတာကြောင့် နိုဝင်ဘာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲသာမက သူနဲ့ပတ်သက်တဲ့ကောလာဟလတွေကိုလည်း မေ့ထားတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် လက်ရှိအစီအစဉ်သစ်ကလည်း

သူ့အတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်။ နည်းပြသစ်ဂယ်လ်တီယာ၊ အားကစားအကြံပေး လူးဝစ္စကမ်းပို့စ်တို့နဲ့ ရာသီသစ်စမယ့် ပီအက်စ်ဂျီမှာ Super PSG 2.0 ပရောဂျက်အရ မက်ဆီက

ကွင်းတွင်းဦးဆောင်သူ ဖြစ်လာမှာကြောင့်ပါပဲ။ အသင်းရဲ့ကစားကွက်သစ် ၃-၄-၁-၂ မှာ မက်ဆီက နံပါတ် ၁၀ နေရာကစားခွင့်ရထားပြီး နေမာနဲ့ဆာရာဘီယာတို့က တိုက်စစ်မြားဦးမှာ

ကစားမှာဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနားတိုက်စစ်မှူးဟာ အသင်းရဲ့ကွင်းလယ်ဖန်တီးရှင်အဖြစ် တိုက်စစ်ကိုဦးဆောင်မှာပါ။ ဝါရင့်ခံစစ်မှူးရာမို့စ်ကလည်း နောက်တန်း ၃ ယောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရမယ်လို့ သိရပါတယ်။

(zawgyi)

မက္ဆီဟာ သူ႔ရဲ႕ပီအက္စ္ဂ်ီကစားသမားဘ၀ ဒုတိယရာသီကို စတင္ေတာ့မွာပါ။ လက္ရွိအခ်ိန္မွာ ပါရီအေျခစိုက္အသင္းအေၾကာင္းကလြဲၿပီး တျခားဘာကိုမွ သူ စိတ္မဝင္စားဘူးလို႔

ပီအက္စ္ဂ်ီနဲ႔နီးစပ္တဲ့အသိုင္းအဝန္းက သတင္းေတြအေပၚအေျခခံၿပီး Marca သတင္းစာက ေဖၚျပလာပါတယ္။ အထူးသျဖင့္ လီဂူးခ်န္ပီယံရဲ႕ Super PSG 2.0 ပေရာဂ်က္ေၾကာင့္လို႔လည္း

ေရးသားထားပါတယ္။ ပီအက္စ္ဂ်ီဟာ သူတို႔ရဲ႕ပေရာဂ်က္ကို အစၥေရးမွာ နန႔္တက္စ္နဲ႔ Trophee des Champions ပြဲကစားၿပီး အရွိန္ျမႇင့္မွာျဖစ္ပါတယ္။ တဲလ္အဗစ္မွာကစားမယ့္ဒီပြဲကို တိုက္စစ္မႉးအမ္ဘာပီ

လြဲေခ်ာ္မွာျဖစ္ၿပီး မက္ဆီကေတာ့ အာ႐ုံအရမ္းစိုက္ေနတယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီရဲ႕ရာသီသစ္ကို ေကာင္းမြန္ျခင္းေတြနဲ႔ျပည့္စုံေစဖို႔ အာဂ်င္တီးနားသား ဆႏၵရွိေနတာေၾကာင့္ ႏိုဝင္ဘာမွာက်င္းပမယ့္

ကမာၻ႔ဖလားၿပိဳင္ပြဲသာမက သူနဲ႔ပတ္သက္တဲ့ေကာလာဟလေတြကိုလည္း ေမ့ထားတယ္လို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ လက္ရွိအစီအစဥ္သစ္ကလည္း သူ႔အတြက္ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

နည္းျပသစ္ဂယ္လ္တီယာ၊ အားကစားအႀကံေပး လူးဝစၥကမ္းပို႔စ္တို႔နဲ႔ ရာသီသစ္စမယ့္ ပီအက္စ္ဂ်ီမွာ Super PSG 2.0 ပေရာဂ်က္အရ မက္ဆီက ကြင္းတြင္းဦးေဆာင္သူ ျဖစ္လာမွာေၾကာင့္ပါပဲ။

အသင္းရဲ႕ကစားကြက္သစ္ ၃-၄-၁-၂ မွာ မက္ဆီက နံပါတ္ ၁၀ ေနရာကစားခြင့္ရထားၿပီး ေနမာနဲ႔ဆာရာဘီယာတို႔က တိုက္စစ္ျမားဦးမွာ ကစားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အာဂ်င္တီးနားတိုက္စစ္မႉးဟာ

အသင္းရဲ႕ကြင္းလယ္ဖန္တီးရွင္အျဖစ္ တိုက္စစ္ကိုဦးေဆာင္မွာပါ။ ဝါရင့္ခံစစ္မႉးရာမို႔စ္ကလည္း ေနာက္တန္း ၃ ေယာက္မွာ ပုံမွန္ပြဲထြက္ခြင့္ရမယ္လို႔ သိရပါတယ္။