ပီအက်စ်ဂျီရဲ့အာဂျင်တီးနားနိုင်ငံတော်ကို ဖြိုချဖို့ကြံစည်ခဲ့သလို ခေါင်းဆောင်ဖြစ်ချင်နေတဲ့ အမ်ဘာပီ

အမ်ဘာပီနဲ့ ပီအက်စ်ဂျီကြယ်ပွင့်အချို့ကြားမှာ တင်းမာမှုတွေမြင့်တက်လာနေတယ်လို့ UOL Esporte သတင်းဌာနက ဖေါ်ပြပါတယ်။ အသင်းမှာ ပိုးမွေးသလိုအမွေးခံထားရပြီး လုပ်ပိုင်ခွင့်တွေရနေတဲ့ ပြင်သစ်တိုက်စစ်မှူးရဲ့အနေအထားကို

ကျန်တဲ့ကစားသမားအချို့က သည်းမခံနိုင်အောင်ဖြစ်နေတယ်လို့ ရေးသားထားတာပါ။ ဒါ့အပြင် အမ်ဘာပီဟာ မက်ဆီ၊ ဒီမာရီယာ၊ အိုင်ကာဒီ၊ ပါရီဒက်စ်တို့ရဲ့ အာဂျင်တီးနားအစုအဖွဲ့ကို ဖျက်သိမ်းပစ်ဖို့ အသင်းဥက္ကဌအယ်လ်ခီလိုင်ဖီကို ပြောခဲ့ဖူးသလို

အသင်းကနေ သူထွက်စေချင်သူတွေထဲမှာ စပိန်ကွင်းလယ်လူဟာရဲယားနဲ့ ကော်စတာရီကာဂိုးသမား နာဗက်စ်လည်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီမှာ မက်ဆီရဲ့အဆင့်အတန်းက တို့ထိလို့မရတဲ့အခြေအနေဖြစ်ပေမယ့်

တခြားကစားသမားတွေကတော့ ထွက်ပေါက်ရှာနေရပါပြီ။ ဒီမာရီယာက ဂျူဗင်တပ်ကိုရောက်သွားခဲ့ပြီး အိုင်ကာဒီနဲ့ပါရီဒက်စ်တို့ကလည်း အသင်းသစ်ရှာနေကြရပါတယ်။ ဒါ့အပြင် ဟာရဲယားနဲ့နာဗက်စ်ကိုလည်း ဒီနွေဈေးကွက်မပိတ်ခင်

ရောင်းချလိမ့်မယ်လို့ သိရပါတယ်။ တစ်နည်းအားဖြင့် ပါရီကလပ်ကနေ အာဂျင်တီးနားသားတွေ လွင့်နေရတဲ့နောက်ကွယ်မှာ အမ်ဘာပီရှိနေပြီး နည်းပြပိုချက်တီနို ထုတ်ပယ်ခံရတာကလည်း သူ့စနက်ကြောင့်လို့ ဖေါ်ပြထားတာပါ။

ပိုချက်တီနိုနေရာမှာ နည်းပြသစ်တစ်ယောက် အစားထိုးစေချင်တယ်လို့ အမ်ဘာပီပြောပြီးမကြာခင်မှာ စပါးနည်းပြဟောင်းထုတ်ပယ်ခံခဲ့ရတာဖြစ်သလို ဘောလုံးဒါရိုက်တာလီယိုနာဒို နုတ်ထွက်သွားအောင်လည်း ဖိအားပေးခဲ့သေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ နည်းပြသစ်အဖြစ် ဂယ်လ်တီယာရှိနေပြီဖြစ်သလို နောက်ခံလူမူကီလီနဲ့ တိုက်စစ်မှူးအီကီတီကီတို့ကိုလည်း ခေါ်ယူထားပြီဖြစ်တာကြောင့် အမ်ဘာပီလိုချင်တဲ့ ပြင်သစ်အင်ပါယာ အစပျိုးလာနေပြီလို့ဆိုပါတယ်။

(zawgyi)

အမ္ဘာပီနဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္အခ်ိဳ႕ၾကားမွာ တင္းမာမႈေတြျမင့္တက္လာေနတယ္လို႔ UOL Esporte သတင္းဌာနက ေဖၚျပပါတယ္။ အသင္းမွာ ပိုးေမြးသလိုအေမြးခံထားရၿပီး လုပ္ပိုင္ခြင့္ေတြရေနတဲ့ ျပင္သစ္တိုက္စစ္မႉးရဲ႕အေနအထားကို

က်န္တဲ့ကစားသမားအခ်ိဳ႕က သည္းမခံႏိုင္ေအာင္ျဖစ္ေနတယ္လို႔ ေရးသားထားတာပါ။ ဒါ့အျပင္ အမ္ဘာပီဟာ မက္ဆီ၊ ဒီမာရီယာ၊ အိုင္ကာဒီ၊ ပါရီဒက္စ္တို႔ရဲ႕ အာဂ်င္တီးနားအစုအဖြဲ႕ကို ဖ်က္သိမ္းပစ္ဖို႔ အသင္းဥကၠဌအယ္လ္ခီလိုင္ဖီကို ေျပာခဲ့ဖူးသလို အသင္းကေန

သူထြက္ေစခ်င္သူေတြထဲမွာ စပိန္ကြင္းလယ္လူဟာရဲယားနဲ႔ ေကာ္စတာရီကာဂိုးသမား နာဗက္စ္လည္းပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီမွာ မက္ဆီရဲ႕အဆင့္အတန္းက တို႔ထိလို႔မရတဲ့အေျခအေနျဖစ္ေပမယ့္ တျခားကစားသမားေတြကေတာ့

ထြက္ေပါက္ရွာေနရပါၿပီ။ ဒီမာရီယာက ဂ်ဴဗင္တပ္ကိုေရာက္သြားခဲ့ၿပီး အိုင္ကာဒီနဲ႔ပါရီဒက္စ္တို႔ကလည္း အသင္းသစ္ရွာေနၾကရပါတယ္။ ဒါ့အျပင္ ဟာရဲယားနဲ႔နာဗက္စ္ကိုလည္း ဒီေႏြေဈးကြက္မပိတ္ခင္ ေရာင္းခ်လိမ့္မယ္လို႔ သိရပါတယ္။

တစ္နည္းအားျဖင့္ ပါရီကလပ္ကေန အာဂ်င္တီးနားသားေတြ လြင့္ေနရတဲ့ေနာက္ကြယ္မွာ အမ္ဘာပီရွိေနၿပီး နည္းျပပိုခ်က္တီႏို ထုတ္ပယ္ခံရတာကလည္း သူ႔စနက္ေၾကာင့္လို႔ ေဖၚျပထားတာပါ။ ပိုခ်က္တီႏိုေနရာမွာ နည္းျပသစ္တစ္ေယာက္

အစားထိုးေစခ်င္တယ္လို႔ အမ္ဘာပီေျပာၿပီးမၾကာခင္မွာ စပါးနည္းျပေဟာင္းထုတ္ပယ္ခံခဲ့ရတာျဖစ္သလို ေဘာလုံးဒါ႐ိုက္တာလီယိုနာဒို ႏုတ္ထြက္သြားေအာင္လည္း ဖိအားေပးခဲ့ေသးတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ နည္းျပသစ္အျဖစ္

ဂယ္လ္တီယာရွိေနၿပီျဖစ္သလို ေနာက္ခံလူမူကီလီနဲ႔ တိုက္စစ္မႉးအီကီတီကီတို႔ကိုလည္း ေခၚယူထားၿပီျဖစ္တာေၾကာင့္ အမ္ဘာပီလိုခ်င္တဲ့ ျပင္သစ္အင္ပါယာ အစပ်ိဳးလာေနၿပီလို႔ဆိုပါတယ္။