ပီအက်စ်ဂျီမှာ အသင်းဖော်တိုင်းကို ကွိုင်ရှာနေတော့မှာလား အမ်ဘာပီ

ပီအစ်ဂျီအသင်းပိုင်ရှင်လေးလို့ လှောင်ပြောင်ခေါ်ဝေါ်ခြင်းခံနေရတဲ့ အမ်ဘာပီဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကို တစ်နေ့တစ်မျိုး မရိုးအောင် ရောက် ရောက်လာနေသူပါ။ များသောအားဖြင့် သူဟာ အသင်းဖော်တွေနဲ့ သဟဇာတ မတည့်ရာကနေပြီး

အကြောင်းဖန်လေ့ရှိပါတယ်။ ပင်နယ်တီ ဦးစားပေး ကန်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အသင်းဖော်နေမာနဲ့ သဘောထားကွဲလွဲတဲ့ ကိစ္စဟာ သတင်းစာခေါင်းကြီးပိုင်းတွေအထိပါ ရောက်ခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ပြီး မောင့်ပယ်လီယာနဲ့ပွဲစဉ်မှာလည်း တန်ပြန်တိုက်စစ်ဆင်လာရာကနေ

သူ့ကို ဘောလုံးမပေးဘဲ မက်ဆီကို ဘောလုံးပေးခဲ့လို့ ဆက်မပြေးတော့ ဘဲကွင်းထဲမှာ တစ်ယောက်တည်း ရပ်ကျန်ခဲ့တာတွေဟာ လူမြင်မကောင်း တဲ့ကိစ္စမျိုးတွေ ဖြစ်ခဲ့ပါတယ်။ သူ့ချည်းသလောဆိုပြန်တော့လည်း မဟုတ် သေးပါဘူး။ ဂျူဗင်တပ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း

သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ကွက်ကွက်ကွင်းကွင်း မြင်သာစေတဲ့ ဗီဒီယိုဖိုင်တစ်ခု က လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တယ်။ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့ ပွဲစဉ် ၅၁ မိနစ်မှာ ပဲရစ်ကလပ်က တန်ပြန်တိုက်စစ်ဆင်လာချိန်မှာ မက်ဆီ ဘောလုံး ထိုးပေးတာကို ညာခြမ်းကနေ အမ်ဘာပီ တစ်ယောက်တည်း

လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးသွားပြီး ဘယ်ခြမ်းမှာရှိနေတဲ့ နေမာကို ချပေးရမယ့်အစား လူမပေးဘဲ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ ကန်သွင်းခဲ့လို့ ဂိုးမရဘူး ဖြစ်သွားခဲ့တယ်။ အဲဒီကန်ချက် လွဲချော်မှုအပြီးမှာလည်း နေမာကိုယ်တိုင်ကပါ သူ့ကို ဘောလုံးပေးရမယ်ဆိုတာကို

အမူအယာနဲ့ တောင်းဆိုပြသသွားခဲ့တာပါ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တွစ်တာပေါ်မှာ အမ်ဘာပီကို ဝေဖန်သူတွေ များပြားလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အမ်ဘာပီဟာ သူ့ကို ဘောလုံးမပေးရင်တော့ စိတ်ဆိုးတတ်သူဆိုတာကို သက်သေပြနေတဲ့ ဗီဒီယို ဖိုင်တစ်ခုကလည်း

ချိန်သားကိုက် ပြန်လည်ထွက်ပေါ်လာပါတယ်။ ဒီဗီဒီယိုက တော့ သူ့ကို ဘောလုံးမပေးလို့ အသင်းဖော် ဟာကီမီကို ကွိုင်ရှာနေတဲ့ အမ် ဘာပီရဲ့ စကားပြောနေပုံပဲဖြစ်ပါတယ်။ ဒီအတွက် ဟာကီမီက တောင်းပန်ခဲ့ပေမယ့် တောင်းပန်ရုံနဲ့ မလုံလောက်ဘူးဆိုတဲ့

သဘောမျိုးကို အမ်ဘာပီက အမူအရာနဲ့ သက်သေပြနေပုံကို အဲဒီဗီဒီယိုဖိုင်မှာ အထင်းသား မြင်တွေ့ခဲ့ရ တာပါ။ ဒါကြောင့် ပီအက်စ်ဂျီမှာ အသင်းဖော်တိုင်းကို ကွိုင်ရှာနေတော့မှာလား အမ်ဘာပီရေလို့ မေးရမလို ဖြစ်နေပါပြီ။

(zawgyi)

ပီအစ္ဂ်ီအသင္းပိုင္ရွင္ေလးလို႔ ေလွာင္ေျပာင္ေခၚေဝၚျခင္းခံေနရတဲ့ အမ္ဘာပီဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚကို တစ္ေန႔တစ္မ်ိဳး မ႐ိုးေအာင္ ေရာက္ ေရာက္လာေနသူပါ။ မ်ားေသာအားျဖင့္ သူဟာ အသင္းေဖာ္ေတြနဲ႔ သဟဇာတ မတည့္ရာကေနၿပီး

အေၾကာင္းဖန္ေလ့ရွိပါတယ္။ ပင္နယ္တီ ဦးစားေပး ကန္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး အသင္းေဖာ္ေနမာနဲ႔ သေဘာထားကြဲလြဲတဲ့ ကိစၥဟာ သတင္းစာေခါင္းႀကီးပိုင္းေတြအထိပါ ေရာက္ခဲ့တဲ့အထိ ျဖစ္ခဲ့ရတယ္။ ေနာက္ၿပီး ေမာင့္ပယ္လီယာနဲ႔ပြဲစဥ္မွာလည္း တန္ျပန္တိုက္စစ္ဆင္လာရာကေန

သူ႔ကို ေဘာလုံးမေပးဘဲ မက္ဆီကို ေဘာလုံးေပးခဲ့လို႔ ဆက္မေျပးေတာ့ ဘဲကြင္းထဲမွာ တစ္ေယာက္တည္း ရပ္က်န္ခဲ့တာေတြဟာ လူျမင္မေကာင္း တဲ့ကိစၥမ်ိဳးေတြ ျဖစ္ခဲ့ပါတယ္။ သူ႔ခ်ည္းသေလာဆိုျပန္ေတာ့လည္း မဟုတ္ ေသးပါဘူး။ ဂ်ဴဗင္တပ္ကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာလည္း

သူ႔ရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈကို ကြက္ကြက္ကြင္းကြင္း ျမင္သာေစတဲ့ ဗီဒီယိုဖိုင္တစ္ခု က လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာခဲ့တယ္။ ပီအက္စ္ဂ်ီနဲ႔ ဂ်ဴဗင္တပ္တို႔ ပြဲစဥ္ ၅၁ မိနစ္မွာ ပဲရစ္ကလပ္က တန္ျပန္တိုက္စစ္ဆင္လာခ်ိန္မွာ မက္ဆီ ေဘာလုံး ထိုးေပးတာကို ညာျခမ္းကေန အမ္ဘာပီ တစ္ေယာက္တည္း

လြတ္လြတ္ကြၽတ္ကြၽတ္ ဆြဲေျပးသြားၿပီး ဘယ္ျခမ္းမွာရွိေနတဲ့ ေနမာကို ခ်ေပးရမယ့္အစား လူမေပးဘဲ တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္နဲ႔ ကန္သြင္းခဲ့လို႔ ဂိုးမရဘူး ျဖစ္သြားခဲ့တယ္။ အဲဒီကန္ခ်က္ လြဲေခ်ာ္မႈအၿပီးမွာလည္း ေနမာကိုယ္တိုင္ကပါ သူ႔ကို ေဘာလုံးေပးရမယ္ဆိုတာကို

အမူအယာနဲ႔ ေတာင္းဆိုျပသသြားခဲ့တာပါ။ ဒါေၾကာင့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး တြစ္တာေပၚမွာ အမ္ဘာပီကို ေဝဖန္သူေတြ မ်ားျပားလာခဲ့ၿပီျဖစ္ပါတယ္။ ဒါေပမဲ့ အမ္ဘာပီဟာ သူ႔ကို ေဘာလုံးမေပးရင္ေတာ့ စိတ္ဆိုးတတ္သူဆိုတာကို သက္ေသျပေနတဲ့

ဗီဒီယို ဖိုင္တစ္ခုကလည္း ခ်ိန္သားကိုက္ ျပန္လည္ထြက္ေပၚလာပါတယ္။ ဒီဗီဒီယိုက ေတာ့ သူ႔ကို ေဘာလုံးမေပးလို႔ အသင္းေဖာ္ ဟာကီမီကို ကြိဳင္ရွာေနတဲ့ အမ္ ဘာပီရဲ႕ စကားေျပာေနပုံပဲျဖစ္ပါတယ္။ ဒီအတြက္ ဟာကီမီက ေတာင္းပန္ခဲ့ေပမယ့္ ေတာင္းပန္႐ုံနဲ႔

မလုံေလာက္ဘူးဆိုတဲ့ သေဘာမ်ိဳးကို အမ္ဘာပီက အမူအရာနဲ႔ သက္ေသျပေနပုံကို အဲဒီဗီဒီယိုဖိုင္မွာ အထင္းသား ျမင္ေတြ႕ခဲ့ရ တာပါ။ ဒါေၾကာင့္ ပီအက္စ္ဂ်ီမွာ အသင္းေဖာ္တိုင္းကို ကြိဳင္ရွာေနေတာ့မွာလား အမ္ဘာပီေရလို႔ ေမးရမလို ျဖစ္ေနပါၿပီ။