ပီအက်စ်ဂျီမှာ မက်ဆီ ပြန်လည်နုပျိုလာအောင် ကူညီပေးခဲ့ပုံကို နေမာ ဖွင့်ဟ

အသင်းဖော်တစ်ယောက်အဖြစ်သာမက ရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းလည်းဖြစ်သူ မက်ဆီတစ်ယောက် ပီအက်စ်ဂျီမှာ အခြေတကျဖြစ်ဖို့ သူ ကူညီပေးခဲ့ပုံကို နေမာက ဖွင့်ဟလာခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ ပီအက်စ်ဂျီကစားသမားဘ၀

ပထမရာသီဟာ အခက်အခဲတွေနဲ့ရုန်းကန်ခဲ့ရတာပါ။ ဘာစီလိုနာဂန္ထဝင်နဲ့ သူ့မိသားစုကို ဘယ်လိုစိတ်ဓာတ်ခွန်အားပေးပြီး ကူညီခဲ့ရတယ်ဆိုတာ DAZN မီဒီယာနဲ့အင်တာဗျူးမှာ “ သူ့ကို ကျွန်တော်သိခဲ့တာ ကြာပြီပဲလေ။

ပွဲအတွင်းမှာသာမက လေ့ကျင့်ကွင်းမှာပါ သူ့ကို ကူညီပေးခဲ့တယ်။ ဒီလို အပြောင်းအလဲလုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘာစီလိုနာမှာ အကြာကြီးနေခဲ့သူဖြစ်နေလို့ပါ။ အခုတော့ သူရော မိသားစုအတွက်ပါ

အရာအားလုံးပြောင်းလဲသွားခဲ့ပါပြီ။ သူ ပိုကောင်းလာတယ်။ အိမ်လိုပဲ ခံစားနေရပြီ။ သူ့ကို ကျွန်တော် ပျော်စေချင်ပါတယ်။ ကျွန်တော်တို့အတူ ပျော်ချင်ပါတယ်။ ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေအများကြီး ရှိနေတယ်ဆိုတာလည်း

ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာပါတယ် ” လို့ ဘရာဇီးလ်တိုက်စစ်မှူးက ပြောသွားခဲ့ပါတယ်။ နေမာနဲ့ မက်ဆီဟာ ဘာစီလိုနာကနေ လက်ရှိအချိန်ထိ ၁၉၁ ပွဲ တွဲကစားထားပြီး

အာဂျင်တီးနားတိုက်စစ်မှူးနဲ့ ပွဲပိုတွဲကစားတာဆိုလို့ ဒန်နီရယ်အဲလ်ဗက်စ်( ၁၉၉ ပွဲ )သာရှိတော့တာပါ။ အခုတော့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပီ တိုက်စစ်အတွဲဟာ ၂၂ ဂိုးသွင်းပြီး ၁၃ ဂိုး ဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။

(zawgyi)

အသင္းေဖာ္တစ္ေယာက္အျဖစ္သာမက ရင္းႏွီးခ်စ္ခင္တဲ့သူငယ္ခ်င္းလည္းျဖစ္သူ မက္ဆီတစ္ေယာက္ ပီအက္စ္ဂ်ီမွာ အေျခတက်ျဖစ္ဖို႔ သူ ကူညီေပးခဲ့ပုံကို ေနမာက ဖြင့္ဟလာခဲ့ပါတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ ပီအက္စ္ဂ်ီကစားသမားဘ၀

ပထမရာသီဟာ အခက္အခဲေတြနဲ႔႐ုန္းကန္ခဲ့ရတာပါ။ ဘာစီလိုနာဂႏၴဝင္နဲ႔ သူ႔မိသားစုကို ဘယ္လိုစိတ္ဓာတ္ခြန္အားေပးၿပီး ကူညီခဲ့ရတယ္ဆိုတာ DAZN မီဒီယာနဲ႔အင္တာဗ်ဴးမွာ “ သူ႔ကို ကြၽန္ေတာ္သိခဲ့တာ ၾကာၿပီပဲေလ။

ပြဲအတြင္းမွာသာမက ေလ့က်င့္ကြင္းမွာပါ သူ႔ကို ကူညီေပးခဲ့တယ္။ ဒီလို အေျပာင္းအလဲလုပ္ဖို႔ဆိုတာ ခက္ခဲပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက ဘာစီလိုနာမွာ အၾကာႀကီးေနခဲ့သူျဖစ္ေနလို႔ပါ။ အခုေတာ့

သူေရာ မိသားစုအတြက္ပါ အရာအားလုံးေျပာင္းလဲသြားခဲ့ပါၿပီ။ သူ ပိုေကာင္းလာတယ္။ အိမ္လိုပဲ ခံစားေနရၿပီ။ သူ႔ကို ကြၽန္ေတာ္ ေပ်ာ္ေစခ်င္ပါတယ္။ ကြၽန္ေတာ္တို႔အတူ ေပ်ာ္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔မွာ

စိန္ေခၚမႈေတြအမ်ားႀကီး ရွိေနတယ္ဆိုတာလည္း ကြၽန္ေတာ္တို႔ သိထားပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ေက်ာ္ျဖတ္ႏိုင္မယ္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ဘရာဇီးလ္တိုက္စစ္မႉးက ေျပာသြားခဲ့ပါတယ္။ ေနမာနဲ႔ မက္ဆီဟာ

ဘာစီလိုနာကေန လက္ရွိအခ်ိန္ထိ ၁၉၁ ပြဲ တြဲကစားထားၿပီး အာဂ်င္တီးနားတိုက္စစ္မႉးနဲ႔ ပြဲပိုတြဲကစားတာဆိုလို႔ ဒန္နီရယ္အဲလ္ဗက္စ္( ၁၉၉ ပြဲ )သာရွိေတာ့တာပါ။ အခုေတာ့ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာပီ တိုက္စစ္အတြဲဟာ ၂၂ ဂိုးသြင္းၿပီး ၁၃ ဂိုး ဖန္တီးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။