ပီအက်စ်ဂျီနဲ့ အစေးမကပ်ဖြစ်နေတဲ့ နေမာကို ခေါ်ဖို့ စဉ်းစားနေတဲ့ နယူးကာဆယ်

နယူးကာဆယ်က ပီအက်စ်ဂျီအသင်းမှာ အဆင်မပြေဖြစ်လာတဲ့ နေမာအား

နွေရာသီတွင် ခေါ်ယူရန် စဉ်းစားလာခဲ့ပါတယ်။ နေမာရဲ့ ပီအက်စ်ဂျီအသင်းဟာ

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့

ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပဲရစ်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ဘာပေရဲ့

တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့သလို မက်ဒရစ်မှာ ကစားခဲ့တဲ့

ဒုတိယအကျော့မှာလည်း ဘာပေရဲ့ ဂိုးနဲ့ပဲ ပွဲကိုဦးဆောင်ထားခဲ့ပေမယ့်

ဘန်ဇီမာရဲ့ ဟက်ထရစ်ကို ပြန်လည်ခွင့်ပြုခဲ့ရင်း ပြိုင်ပွဲကနေပါ ထွက်ခွာခဲ့ရတာ

ဖြစ်ပါတယ်။ ဒါ့အပြင် နေမာဟာ မက်ဆီနှင့်အတူ ပြီးခဲ့တဲ့ ဘော်ဒိုးအသင်းအား

၃ဂိုးပြတ် အနိုင်ကစားတဲ့ လီဂူးဝမ်းပွဲတွင် ပီအက်စ်ဂျီပရိသတ်တွေရဲ့

လှောင်ပြောင်မှု ခံခဲ့ရတာ ဖြစ်ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လက

ဘာစီလိုနာကနေ ပေါင်၁၉၈သန်းဖြင့် ပြင်သစ်ကို ရောက်လာခဲ့ပါတယ်။

ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၁၃၆ပွဲကစားရာမှာ ၉၂ဂိုးသွင်းယူပေးထားပါတယ်။

ဒါပေမဲ့ နှစ်တိုင်းဂိုးသွင်းစံချိန်ကတော့ ကျလာခဲ့ပြီး ၂၈ဂိုး၊ ၂၃ဂိုး၊ ၁၉ဂိုး၊၁၇ဂိုးနှင့်

လက်ရှိနှစ်တွင် ၅ဂိုးသာ ရထားပါသေးတယ်။ နေမာဟာ ပီအက်စ်ဂျီတွင်

တစ်ပတ်လုပ်ခ ပေါင်၅သိန်းနီးပါး ရနေပြီး နယူးကာဆယ်ဘက်ကလည်း

အဲဒါကို အပြည့်အ၀ ပေးချေနိုင်စွမ်း ရှိနေပါတယ်။တစ်ဖက်မှာ နေမာကို

မန်စီးတီးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့မေလကမှ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ၄နှစ်

ချုပ်ဆိုထားတာဖြစ်လို့ပြင်သစ်ကလပ်အနေနဲ့ ရောင်းချမယ်ဆို

တန်ဖိုးကြီးစွာနဲ့ ထုတ်ရောင်းနိုင်စွမ်း ရှိနေပါတယ်။

zawgyi

ပီအက္စ္ဂ်ီနဲ႔ အေစးမကပ္ျဖစ္ေနတဲ့ ေနမာကို ေခၚဖို႔ စဥ္းစားေနတဲ့ နယူးကာဆယ္

နယူးကာဆယ္က ပီအက္စ္ဂ်ီအသင္းမွာ အဆင္မေျပျဖစ္လာတဲ့ ေနမာအား

ေႏြရာသီတြင္ ေခၚယူရန္ စဥ္းစားလာခဲ့ပါတယ္။ ေနမာရဲ႕ ပီအက္စ္ဂ်ီအသင္းဟာ

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ရႈံးထြက္ (၁၆)သင္းအဆင့္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔

ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ပဲရစ္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့မွာ ဘာေပရဲ႕

တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ရခဲ့သလို မက္ဒရစ္မွာ ကစားခဲ့တဲ့

ဒုတိယအေက်ာ့မွာလည္း ဘာေပရဲ႕ ဂိုးနဲ႔ပဲ ပြဲကိုဦးေဆာင္ထားခဲ့ေပမယ့္

ဘန္ဇီမာရဲ႕ ဟက္ထရစ္ကို ျပန္လည္ခြင့္ျပဳခဲ့ရင္း ၿပိဳင္ပြဲကေနပါ ထြက္ခြာခဲ့ရတာ

ျဖစ္ပါတယ္။ ဒါ့အျပင္ ေနမာဟာ မက္ဆီႏွင့္အတူ ၿပီးခဲ့တဲ့ ေဘာ္ဒိုးအသင္းအား

၃ဂိုးျပတ္ အႏိုင္ကစားတဲ့ လီဂူးဝမ္းပြဲတြင္ ပီအက္စ္ဂ်ီပရိသတ္ေတြရဲ႕

ေလွာင္ေျပာင္မႈ ခံခဲ့ရတာ ျဖစ္ပါတယ္။ ေနမာဟာ ၿပီးခဲ့တဲ့ ၂၀၁၇ ၾသဂုတ္လက

ဘာစီလိုနာကေန ေပါင္၁၉၈သန္းျဖင့္ ျပင္သစ္ကို ေရာက္လာခဲ့ပါတယ္။

ပီအက္စ္ဂ်ီ အတြက္ ၿပိဳင္ပြဲစုံ ၁၃၆ပြဲကစားရာမွာ ၉၂ဂိုးသြင္းယူေပးထားပါတယ္။

ဒါေပမဲ့ ႏွစ္တိုင္းဂိုးသြင္းစံခ်ိန္ကေတာ့ က်လာခဲ့ၿပီး ၂၈ဂိုး၊ ၂၃ဂိုး၊ ၁၉ဂိုး၊၁၇ဂိုးႏွင့္

လက္ရွိႏွစ္တြင္ ၅ဂိုးသာ ရထားပါေသးတယ္။ ေနမာဟာ ပီအက္စ္ဂ်ီတြင္

တစ္ပတ္လုပ္ခ ေပါင္၅သိန္းနီးပါး ရေနၿပီး နယူးကာဆယ္ဘက္ကလည္း

အဲဒါကို အျပည့္အ၀ ေပးေခ်ႏိုင္စြမ္း ရွိေနပါတယ္။တစ္ဖက္မွာ ေနမာကို

မန္စီးတီးအသင္းကလည္း စိတ္ဝင္စားေနပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ေမလကမွ ေနမာဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္ ၄ႏွစ္

ခ်ဳပ္ဆိုထားတာျဖစ္လို႔ျပင္သစ္ကလပ္အေနနဲ႔ ေရာင္းခ်မယ္ဆို

တန္ဖိုးႀကီးစြာနဲ႔ ထုတ္ေရာင္းႏိုင္စြမ္း ရွိေနပါတယ္။