ပီလီရဲ့ ခြေစွမ်းအကောင်းဆုံးအချိန်မှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရာဇီးလ်ဂန္ထဝင်ကစားသမားပီလီကို

ဘောလုံးစင်မြင့်ထက်မှာ အထင်ရှားဆုံးဖြစ်နေတဲ့ ၁၉၆၀ ကျော်ကာလတွေတုန်းက
ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်
ခံခဲ့ရတဲ့ ပီလီဟာ အူမကင်ဆာရောဂါကြောင့် မနေ့က ကွယ်လွန်သွားပြီဖြစ်ပြီး
သူ ကွယ်လွန်ချိန်မှာ အသက်(၈၂)အရွယ်ရှိနေပြီဖြစ်ပါတယ်။

ဘောလုံးသမားဘ၀ (၂၁)နှစ်တာကာလအတွင်း ပီလီဟာ ပွဲပေါင်း (၁,၃၆၃)ပွဲ
ကစားခဲ့ပြီး ကမ္ဘာ့စံချိန်တင်ဂိုးအဖြစ် (၁,၂၈၁)ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဒါ့အပြင်
ဘရာဇီးလ်အသင်းနဲ့အတူ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံ
ဆုရခဲ့ပြီး ကမ္ဘာ့ဖလား(၃)ကြိမ်အထိဆွတ်ခူးခဲ့တဲ့ တစ်ဦးတည်းသောကစားသမား

အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ပီလီဟာ ကလပ်အသင်းကစားသမားဘဝမှာ ဘရာဇီးလ်ထိပ်သီးကလပ် ဆန်းတို့စ်

အသင်းအတွက် ၁၉၅၆ ကနေ ၁၉၇၄ ခုနှစ်အထိကစားခဲ့သလို အမှတ်ပေးဖလား၊
ကိုပါလီဘာတာဒိုးစ်၊ Intercontinental Cup အပါအဝင် ဆုဖလားပေါင်း (၂၆)ခု
အထိ ဆွတ်ခူးခဲ့ပြီး ကစားသမားဘဝအဆုံးသတ်ခါနီးမှာ အမေရိကန်အခြေစိုက်
နယူးယော့ခ်ကော့စ်မို့စ်အသင်းမှာ ၁၉၇၅ ကနေ ၁၉၇၇ ခုနှစ်အထိ (၂)နှစ်ကြာ
ကစားခဲ့ပါတယ်။

ဘရာဇီးလ်၊ ဆန်းတို့စ်အသင်းတွေအတွက် ပီလီ ခြေစွမ်းပြကစားနေချိန်မှာ ယူနိုက်တက်
အပါအဝင် ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ အေစီမီလန်တို့လို ဥရောပထိပ်သီးကလပ်တွေက

သူ့ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး
ဆာမတ်ဘတ်စ်ဘီလက်ထက် ၁၉၆၈ ခုနှစ်တုန်းက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးတယ်လို့
ပီလီက တစ်ချိန်တုန်းက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

၂၀၀၆ ခုနှစ်က နာမည်ကျော် Guardian သတင်းစာနဲ့အင်တာဗျူးမှာ ပီလီက
“မန်ချက်စတာယူနိုက်တက်အသင်းဟာ ကျွန်တော့်ကို တရားဝင်ကမ်းလှမ်းခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးကလပ်ဖြစ်တဲ့ ရီးယဲလ်အသင်းကလည်း ကျွန်တော့်ကို ခေါ်ယူဖို့
စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီအသင်းတွေဟာ အဲဒီအချိန်က အကောင်းဆုံးကလပ်တွေ

ဖြစ်နေပေမယ့် ကျွန်တော်က ဆန်းတို့စ်အသင်းနဲ့လမ်းခွဲဖို့ ဆန္ဒမရှိခဲ့ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘရာဇီးလ္ဂႏၴဝင္ကစားသမားပီလီကို

ေဘာလုံးစင္ျမင့္ထက္မွာ အထင္ရွားဆုံးျဖစ္ေနတဲ့ ၁၉၆၀ ေက်ာ္ကာလေတြတုန္းက
ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ဖူးပါတယ္။

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္
ခံခဲ့ရတဲ့ ပီလီဟာ အူမကင္ဆာေရာဂါေၾကာင့္ မေန႔က ကြယ္လြန္သြားၿပီျဖစ္ၿပီး
သူ ကြယ္လြန္ခ်ိန္မွာ အသက္(၈၂)အ႐ြယ္ရွိေနၿပီျဖစ္ပါတယ္။

ေဘာလုံးသမားဘ၀ (၂၁)ႏွစ္တာကာလအတြင္း ပီလီဟာ ပြဲေပါင္း (၁,၃၆၃)ပြဲ
ကစားခဲ့ၿပီး ကမာၻ႔စံခ်ိန္တင္ဂိုးအျဖစ္ (၁,၂၈၁)ဂိုးအထိ သြင္းယူခဲ့ပါတယ္။ ဒါ့အျပင္
ဘရာဇီးလ္အသင္းနဲ႔အတူ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ခ်န္ပီယံ
ဆုရခဲ့ၿပီး ကမာၻ႔ဖလား(၃)ႀကိမ္အထိဆြတ္ခူးခဲ့တဲ့ တစ္ဦးတည္းေသာကစားသမား

အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ပီလီဟာ ကလပ္အသင္းကစားသမားဘဝမွာ ဘရာဇီးလ္ထိပ္သီးကလပ္ ဆန္းတို႔စ္

အသင္းအတြက္ ၁၉၅၆ ကေန ၁၉၇၄ ခုႏွစ္အထိကစားခဲ့သလို အမွတ္ေပးဖလား၊
ကိုပါလီဘာတာဒိုးစ္၊ Intercontinental Cup အပါအဝင္ ဆုဖလားေပါင္း (၂၆)ခု
အထိ ဆြတ္ခူးခဲ့ၿပီး ကစားသမားဘဝအဆုံးသတ္ခါနီးမွာ အေမရိကန္အေျခစိုက္
နယူးေယာ့ခ္ေကာ့စ္မို႔စ္အသင္းမွာ ၁၉၇၅ ကေန ၁၉၇၇ ခုႏွစ္အထိ (၂)ႏွစ္ၾကာ
ကစားခဲ့ပါတယ္။

ဘရာဇီးလ္၊ ဆန္းတို႔စ္အသင္းေတြအတြက္ ပီလီ ေျခစြမ္းျပကစားေနခ်ိန္မွာ ယူႏိုက္တက္
အပါအဝင္ ရီးယဲလ္၊ ဂ်ဴဗင္တပ္စ္၊ ေအစီမီလန္တို႔လို ဥေရာပထိပ္သီးကလပ္ေတြက

သူ႔ကို ေခၚယူဖို႔ အၿပိဳင္စိတ္ဝင္စားခဲ့ၾကပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္နည္းျပႀကီး
ဆာမတ္ဘတ္စ္ဘီလက္ထက္ ၁၉၆၈ ခုႏွစ္တုန္းက သူ႔ကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့ဖူးတယ္လို႔
ပီလီက တစ္ခ်ိန္တုန္းက ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

၂၀၀၆ ခုႏွစ္က နာမည္ေက်ာ္ Guardian သတင္းစာနဲ႔အင္တာဗ်ဴးမွာ ပီလီက
“မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကြၽန္ေတာ့္ကို တရားဝင္ကမ္းလွမ္းခဲ့ပါတယ္။
ကမာၻ႔အေကာင္းဆုံးကလပ္ျဖစ္တဲ့ ရီးယဲလ္အသင္းကလည္း ကြၽန္ေတာ့္ကို ေခၚယူဖို႔
စိတ္ဝင္စားခဲ့ပါတယ္။ အဲဒီအသင္းေတြဟာ အဲဒီအခ်ိန္က အေကာင္းဆုံးကလပ္ေတြ

ျဖစ္ေနေပမယ့္ ကြၽန္ေတာ္က ဆန္းတို႔စ္အသင္းနဲ႔လမ္းခြဲဖို႔ ဆႏၵမရွိခဲ့ပါဘူး”လို႔ ေျဖၾကားခဲ့ပါတယ္။