ပိုလန်ကို ထိုက်ထိုက်တန်တန်အနိုင်ယူပြီး ရှုံးထွက်(၁၆)သင်းအဆင့် တက်သွားတဲ့ အာဂျင်တီးနား

အခုပွဲမှာ အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ခြေစွမ်းအစစ်အမှန်ကို ပြသနိုင်ခဲ့ပြီး

ပိုလန်ကို ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာဖြစ်ပါတယ်။ အုပ်စုက တက်ဖို့သာမကပဲ
နောက်တစ်ဆင့်မှာ ပြင်သစ်နဲ့ မတွေ့အောင် အာဂျင်တီးနားတို့ မဖြစ်မနေ နိုင်ပွဲရဖို့
လိုအပ်တာကြောင့် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့တယ်။

ဘင်ဖီကာလူငယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ် ပွဲထွက်လာတဲ့ အာဂျင်တီးနားကွင်းလယ်က
ပြီးခဲ့တဲ့(၂)ပွဲကထက် ကစားအား ပိုကောင်းလာပြီး အန်ဇိုဖာနန်ဒက်ဇ်ဟာ ခံစစ်၊ တိုက်စစ်
နှစ်ခုစလုံးကို တာဝန်ကျေအောင်ကစားနိုင်သလို မက်အယ်လစ္စတာကလည်း
ဒီပေါလ်နဲ့တွဲဖက်ပြီးတော့ အကောင်းဆုံးကစားနိုင်ခဲ့တယ်။

ပွဲချိန်(၃၅)မိနစ်လောက်မှာ အာဂျင်တီးနားဘယ်ခြမ်းက တင်ပေးလိုက်တဲ့ဘောလုံးကို
ဆဇက်စနီ ထွက်ပြီး ပုတ်ထုတ်ဖို့ ကြိုးစားတာကနေ မက်ဆီရဲ့ မျက်နှာကို မတော်တဆ

လက်နဲ့ထိခဲ့ပါတယ်။ ဒါက ဘယ်လိုရည်ရွယ်ချက်မှ မရှိသလို ဘောလုံးပွဲတိုင်းမှာ ဖြစ်လေ့ဖြစ်ထ
ရှိပေမယ့် ဒိုင်လူကြီးက VAR ကြည့်ပြီးတော့ မယုံနိုင်လောက်အောင် ပယ်နယ်တီပေးခဲ့တာပါ။

ဒီပယ်နယ်တီကို မက်ဆီ ကန်သွင်းပေမယ့် ဆဇက်စနီ လက်စွမ်းပြကာကွယ်နိုင်ခဲ့တယ်။
ဆဇက်စနီဟာ အဲဒီပယ်နယ်တီအပါအဝင် ပထမပိုင်းမှာပဲ ဂိုးပေါက်ကာကွယ်မှု (၉)ကြိမ်အထိ
ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်းမှာ အာဂျင်တီးတိးနားတို့ အဖွင့်ဂိုးရခဲ့ပြီး မိုလီနာ အနိမ့်ဘော
ခင်းပေးလိုက်တာကို မက်အယ်လစ္စတာက အလိုက်သင့်ပိတ်သွင်းခဲ့သလို ဒီတစ်ခါတော့
ဆဇက်စနီလည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ (၆၇)မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ် ပေးတာကနေ
မန်စီးတီးလူငယ်တိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်က အပိုင်ကန်သွင်းပြီး ဒုတိယဂိုး

သွင်းယူခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ အာဂျင်တီးနားတို့ အခွင့်အရေးတချို့ ထပ်ရပေမယ့် ဆဇက်စနီ

ကာကွယ်နိုင်ခဲ့သလို ပိုလန်အသင်းကလည်း ချေပဂိုး မသွင်းနိုင်တာကြောင့် (၂-ဝ)ဂိုးရလဒ်နဲ့
ပွဲပြီးဆုံးပြီး နှစ်သင်းစလုံး အုပ်စုကနေ တက်ခဲ့ကြပါတယ်။ အာဂျင်တီးနားအသင်းဟာ
ရှုံးထွက်(၁၆)သင်းအဆင့်မှာ သြစတြေးလျနဲ့ ဆုံတွေ့မှာဖြစ်ပြီး ပိုလန်ကတော့
လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ပွဲကျပ်ကစားရမှာဖြစ်ပါတယ်။

[Zawgyi]

အခုပြဲမွာ အာဂ်င္တီးနားအသင္းဟာ သူတို႔ရဲ႕ေျခစြမ္းအစစ္အမွန္ကို ျပသႏိုင္ခဲ့ၿပီး
ပိုလန္ကို ထိုက္ထိုက္တန္တန္အႏိုင္ရခဲ့တာျဖစ္ပါတယ္။ အုပ္စုက တက္ဖို႔သာမကပဲ
ေနာက္တစ္ဆင့္မွာ ျပင္သစ္နဲ႔ မေတြ႕ေအာင္ အာဂ်င္တီးနားတို႔ မျဖစ္မေန ႏိုင္ပြဲရဖို႔

လိုအပ္တာေၾကာင့္ ပြဲစကတည္းက တိုက္စစ္ဖြင့္ကစားခဲ့တယ္။

ဘင္ဖီကာလူငယ္ၾကယ္ပြင့္ အန္ဇိုဖာနန္ဒက္ဇ္ ပြဲထြက္လာတဲ့ အာဂ်င္တီးနားကြင္းလယ္က

ၿပီးခဲ့တဲ့(၂)ပြဲကထက္ ကစားအား ပိုေကာင္းလာၿပီး အန္ဇိုဖာနန္ဒက္ဇ္ဟာ ခံစစ္၊ တိုက္စစ္
ႏွစ္ခုစလုံးကို တာဝန္ေက်ေအာင္ကစားႏိုင္သလို မက္အယ္လစၥတာကလည္း
ဒီေပါလ္နဲ႔တြဲဖက္ၿပီးေတာ့ အေကာင္းဆုံးကစားႏိုင္ခဲ့တယ္။

ပြဲခ်ိန္(၃၅)မိနစ္ေလာက္မွာ အာဂ်င္တီးနားဘယ္ျခမ္းက တင္ေပးလိုက္တဲ့ေဘာလုံးကို
ဆဇက္စနီ ထြက္ၿပီး ပုတ္ထုတ္ဖို႔ ႀကိဳးစားတာကေန မက္ဆီရဲ႕ မ်က္ႏွာကို မေတာ္တဆ
လက္နဲ႔ထိခဲ့ပါတယ္။ ဒါက ဘယ္လိုရည္႐ြယ္ခ်က္မွ မရွိသလို ေဘာလုံးပြဲတိုင္းမွာ ျဖစ္ေလ့ျဖစ္ထ
ရွိေပမယ့္ ဒိုင္လူႀကီးက VAR ၾကည့္ၿပီးေတာ့ မယုံႏိုင္ေလာက္ေအာင္ ပယ္နယ္တီေပးခဲ့တာပါ။

ဒီပယ္နယ္တီကို မက္ဆီ ကန္သြင္းေပမယ့္ ဆဇက္စနီ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တယ္။
ဆဇက္စနီဟာ အဲဒီပယ္နယ္တီအပါအဝင္ ပထမပိုင္းမွာပဲ ဂိုးေပါက္ကာကြယ္မႈ (၉)ႀကိမ္အထိ

ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းစစခ်င္းမွာ အာဂ်င္တီးတိးနားတို႔ အဖြင့္ဂိုးရခဲ့ၿပီး မိုလီနာ အနိမ့္ေဘာ

ခင္းေပးလိုက္တာကို မက္အယ္လစၥတာက အလိုက္သင့္ပိတ္သြင္းခဲ့သလို ဒီတစ္ခါေတာ့
ဆဇက္စနီလည္း ဘာမွမတတ္ႏိုင္ခဲ့ဘူး။ (၆၇)မိနစ္မွာ အန္ဇိုဖာနန္ဒက္ဇ္ ေပးတာကေန
မန္စီးတီးလူငယ္တိုက္စစ္ကစားသမား အယ္လ္ဗာရက္ဇ္က အပိုင္ကန္သြင္းၿပီး ဒုတိယဂိုး
သြင္းယူခဲ့ပါတယ္။

လက္က်န္မိနစ္ေတြမွာ အာဂ်င္တီးနားတို႔ အခြင့္အေရးတခ်ိဳ႕ ထပ္ရေပမယ့္ ဆဇက္စနီ
ကာကြယ္ႏိုင္ခဲ့သလို ပိုလန္အသင္းကလည္း ေခ်ပဂိုး မသြင္းႏိုင္တာေၾကာင့္ (၂-ဝ)ဂိုးရလဒ္နဲ႔
ပြဲၿပီးဆုံးၿပီး ႏွစ္သင္းစလုံး အုပ္စုကေန တက္ခဲ့ၾကပါတယ္။ အာဂ်င္တီးနားအသင္းဟာ

ရႈံးထြက္(၁၆)သင္းအဆင့္မွာ ၾသစေၾတးလ်နဲ႔ ဆုံေတြ႕မွာျဖစ္ၿပီး ပိုလန္ကေတာ့
လက္ရွိခ်န္ပီယံ ျပင္သစ္နဲ႔ ပြဲက်ပ္ကစားရမွာျဖစ္ပါတယ္။