ပိုချက်တီနိုရောက်နိုင်တဲ့ အသင်းတွေထဲမှာ ရီးရဲလ် ရေပန်းအစားဆုံးဖြစ်နေ

ပီအက်စ်ဂျီကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြပိုချက်တီနို ဘယ်အသင်းရောက်မလဲဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။ အံ့အားသင့်စရာကောင်းတာက ဘွတ်ကီတွေရဲ့အလေးပေးမှုမှာ

စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်ဟာ စောစီးစွာပဲ ထိပ်ဆုံးကရေပန်းစားနေတာပါပဲ။ အသက် ၅၀ အရွယ် အာဂျင်တီးနားသားကို နည်းပြအဖြစ်ခန့်အပ်မယ့်အသင်းတွေထဲမှာ

မက်ဒရစ်အခြေစိုက်ကလပ်က ၆/၄ လေးနဲ့ ထိပ်ဆုံးက ရေပန်းစားနေတာဖြစ်ပါတယ်။ ဒုတိယနေရာမှာလည်း ၆/၁ လေးနဲ့ အသင်းဟောင်းစပါးရပ်တည်နေတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။

ပိုချက်တီနိုဟာ ၂၀၁၉ နိုဝင်ဘာမှာ စပါးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ လီဗာပူးလ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာရှုံးနိမ့်ပြီး လအနည်းငယ်အကြာမှာဖြစ်ပါတယ်။

လက်ရှိနည်းပြကွန်တီဟာ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးထားပေမယ့် စပါး ခြေလှမ်းတွေကိုတော့စောင့်ကြည့်ရမှာပါ။

ဒီနှစ်သင်းနောက်မှာ နယူးကာဆယ်နဲ့ မန်ယူက ၇/၁ လေး၊ ဒေါ့တ်မန်က ၁၂/၁ လေး၊ ချဲလ်ဆီးက ၁၆/၁ လေး၊ မန်စီးတီးက ၂၀/၁ လေး၊ အာဆင်နယ်က ၂၅/၁ လေး၊ လီဗာပူးလ်က ၃၃/၁ လေးနဲ့ အစဉ်လိုက်ရပ်တည်နေကြပါတယ်။

ရီးရဲလ်ကတော့ ဇီဒန်းနေရာမှာ အန်ဆယ်လော့တီနဲ့အစားမထိုးခင်ကတည်းက ပိုချက်တီနိုကို စောင့်ကြည့်ခဲ့တာပါ။ ဒါပေမဲ့ အန်ဆယ်လော့တီကလည်း လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရယူပေးပြီး သူ့ရဲ့အရည်အချင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဘွတ်ကီတွေရဲ့အလေးပေးမှုမှာ မက်ဒရစ်ကလပ် ရေပန်းအစားဆုံးဖြစ်နေတာဟာ နောက်ကွယ်မှာ အကြောင်းတစ်ရပ်တော့ရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီကေန ထုတ္ပယ္ခံလိုက္ရတဲ့ နည္းျပပိုခ်က္တီႏို ဘယ္အသင္းေရာက္မလဲဆိုတဲ့ ခန႔္မွန္းမႈေတြ ထြက္ေပၚေနပါတယ္။ အံ့အားသင့္စရာေကာင္းတာက ဘြတ္ကီေတြရဲ႕အေလးေပးမႈမွာ

စပိန္ထိပ္သီးရီးရဲလ္မက္ဒရစ္ဟာ ေစာစီးစြာပဲ ထိပ္ဆုံးကေရပန္းစားေနတာပါပဲ။ အသက္ ၅၀ အ႐ြယ္ အာဂ်င္တီးနားသားကို နည္းျပအျဖစ္ခန႔္အပ္မယ့္အသင္းေတြထဲမွာ မက္ဒရစ္အေျခစိုက္ကလပ္က ၆/၄ ေလးနဲ႔ ထိပ္ဆုံးက ေရပန္းစားေနတာျဖစ္ပါတယ္။

ဒုတိယေနရာမွာလည္း ၆/၁ ေလးနဲ႔ အသင္းေဟာင္းစပါးရပ္တည္ေနတာက စိတ္ဝင္စားစရာေကာင္းေနပါတယ္။ ပိုခ်က္တီႏိုဟာ ၂၀၁၉ ႏိုဝင္ဘာမွာ စပါးနည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတာပါ။

လီဗာပူးလ္ကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာရႈံးနိမ့္ၿပီး လအနည္းငယ္အၾကာမွာျဖစ္ပါတယ္။ လက္ရွိနည္းျပကြန္တီဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ျပန္လည္ရရွိေအာင္ စြမ္းေဆာင္ေပးထားေပမယ့္ စပါး ေျခလွမ္းေတြကိုေတာ့ေစာင့္ၾကည့္ရမွာပါ။

ဒီႏွစ္သင္းေနာက္မွာ နယူးကာဆယ္နဲ႔ မန္ယူက ၇/၁ ေလး၊ ေဒါ့တ္မန္က ၁၂/၁ ေလး၊ ခ်ဲလ္ဆီးက ၁၆/၁ ေလး၊ မန္စီးတီးက ၂၀/၁ ေလး၊ အာဆင္နယ္က ၂၅/၁ ေလး၊ လီဗာပူးလ္က ၃၃/၁ ေလးနဲ႔ အစဥ္လိုက္ရပ္တည္ေနၾကပါတယ္။

ရီးရဲလ္ကေတာ့ ဇီဒန္းေနရာမွာ အန္ဆယ္ေလာ့တီနဲ႔အစားမထိုးခင္ကတည္းက ပိုခ်က္တီႏိုကို ေစာင့္ၾကည့္ခဲ့တာပါ။ ဒါေပမဲ့ အန္ဆယ္ေလာ့တီကလည္း လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလားရယူေပးၿပီး

သူ႔ရဲ႕အရည္အခ်င္းကို သက္ေသျပႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဘြတ္ကီေတြရဲ႕အေလးေပးမႈမွာ မက္ဒရစ္ကလပ္ ေရပန္းအစားဆုံးျဖစ္ေနတာဟာ ေနာက္ကြယ္မွာ အေၾကာင္းတစ္ရပ္ေတာ့ရွိႏိုင္တယ္လို႔ သုံးသပ္မႈေတြလည္း ထြက္ေပၚေနပါတယ္။